ပြည်ပဖုန်းခေါ်ဆိုခများကို အူရီးဒူးမြန်မာက လျှော့ချကောက်ခံ

ပြည်ပဖုန်းခေါ်ဆိုခများကို အူရီးဒူးမြန်မာက လျှော့ချကောက်ခံ

ပြည်ပဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော အူရီးဒူးမြန်မာသည် အောက်တိုဘာလ ၂၃
ရက်နေ့မှ စတင်ကာ နိုင်ငံအသီသီးသို့ ခေါ်ဆိုခများကို ပြောင်းလဲ လျှော့ချကောက်ခံခဲ့ကြောင်း နို၀င်
ဘာလ ၁၄ ရက်နေ့တွင် အူရီးဒူးမြန်မာမှ ထုတ်ပြန်လိုက်သည်။ယခု ပြောင်းလဲကောက်ခံလျက်ရှိ
သည့် ခေါ်ဆိုခများသည် နိုင်ငံပေါင်း ၄၆ နိုင်ငံအတွက် အကျံုးဝင်မည်ဖြစ်ပြီး အဆိုပါနိုင်ငံများသို့
ခေါ်ဆိုမှုများကို ယခင်က ဖုန်းပြောခ တစ်မိနစ်လျှင် ရ၅၀ ကျပ်နှုန်းဖြင့် သတ်မှတ် ကောက်ခံခဲ့သော်
လည်း ယခုတွင် နိုင်ငံပေါ်မူတည်ပြီး အနိမ့်ဆုံး ဖုန်းပြောခ တစ်မိနစ် ၁၀၀ ကျပ်နှုန်းမှ စတင်ကောက်
ခံလျက်ရှိကြောင်း အူရီးဒူးမြန်မာမှ သိရသည်။

"ကျွန်မတို့အနေနဲ့ ဒီလိုဆောင်ရွက်လိုက်တာဟာ မြန်မာပြည်က မိဘပြည်သူတွေရဲ့ လိုအပ်ချက်
တွေကို လေ့လာပြီး အကြံပြုတာတွေအပေါ်မှာ သက်သေထူလိုက်တာပဲဖြစ်ပါတယ်။ အရင် ဈေးနှုန်း
တွေ မတည်မငြိမ် ဖြစ်ကတည်းက သည်းခံအားပေးကြသော သုံးစွဲသူ မိဘပြည်သူအားလုံးကိုလည်း အနူးအညွတ်တောင်းပန်ရင်း ကျေးဇူးတင်ပါကြောင်း ပြောလိုပါတယ်"ဟု အူရီးဒူးမြန်မာမှ လူမှု
ဆက်ဆံရေးနှင့် ပြန်ကြားရေး အကြီးတန်း မန်နေဂျာ မသီရိကြာညိုက ပြောသည်။

ပြောင်းလဲလျော့ကောက်ခံသည့် ဈေးနှုန်းများတွင် အမေရိကန်နှင့် ကနေဒါနိုင်ငံသို့ ခေါ်ဆိုရာတွင်
ဖုန်းပြောခ တစ်မိနစ်လျှင် ၁၀၀ ကျပ်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယ အစရှိသော နိုင်ငံများ
အတွက် ခေါ်ဆိုခ ၂၀၀ ကျပ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ် စသော နိုင်ငံများသို့ ခေါ်ဆိုမည်
ဆိုပါက ခေါ်ဆိုခ တစ်မိနစ်လျှင် ၄၀၀ ကျပ်နှင့် အိုင်ယာလန် ပေါ်တူဂီ၊ ရိုမေးနီးယား၊ ဂျာမနီ အစ
ရှိသော နိုင်ငံများသို့ ဖုန်းဖြင့် ခေါ်ဆိုပါက ခေါ်ဆိုခ တစ်မိနစ်လျှင် ၆၀၀ ကျပ်ဖြင့် အသီးသီး ပေး
ဆောင်ရမည်ဖြစ်သည်။

ထိုသို့ ပြည်ပ ခေါ်ဆိုရာတွင် သုံးစွဲသူများအနေဖြင့် (+) သို့မဟုတ် ယင်းအစား (၀၀) သုည နှစ်လုံး
ခံပြီးနောက် နိုင်ငံ၏ကုဒ် (Country Code: eg Myanmar = +95 or 0095) ဖြင့် ခံပြီး မိမိဖုန်း
နံပါတ်၏ ရှေ့ဆုံးက သုညကို ဖြုတ်ကာ ကျန်နံပါတ်များ ရိုက်ထည့် ခေါ်ဆိုနိုင်မည်ဖြစ်သည်။

ထိုသို့ ပြည်ပ ခေါ်ဆိုရာတွင် သုံးစွဲသူများအနေဖြင့် (+) သို့မဟုတ် ယင်းအစား (၀၀) သုည နှစ်လုံး
ခံပြီးနောက် နိုင်ငံ၏ကုဒ် (Country Code: eg Myanmar = +95 or 0095) ဖြင့် ခံပြီး မိမိဖုန်း
နံပါတ်၏ ရှေ့ဆုံးက သုညကို ဖြုတ်ကာ ကျန်နံပါတ်များ ရိုက်ထည့် ခေါ်ဆိုနိုင်မည်ဖြစ်သည်။

အူရီးဒူးမြန်မာသည် ပြည်ပဖုန်းခေါ်ဆိုမှုများကို ပြောင်းလဲကောက်ခံခဲ့သည့်နောက်ပိုင်းတွင် အင်
တာနက် သုံးစွဲ ခများကိုလည်း အများပြည်သူ အဆင်ပြေစေရန်အတွက် နို၀င်ဘာလ ၁ ရက်နေ့မှ
စတင်ပြီး ယခင် ၁ မက်ဘ် ကို ၁၀ ကျပ် ကျသင့်ရာမှ ၁၀၀ ကေဘီကို ၁ ကျပ်နှုန်းဖြင့် (1 MB =
1024 KB) ပြောင်းလဲပြင်ဆင်ကောက်ခံ လျက်ရှိ ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်