အူရီးဒူးက ပြည်သူ၂၅ သန်းကို ယခုနှစ်ကုန်ပိုင်းတွင် ၀န်ဆောင်မှုများပေးနိုင်မည်ဟုဆို

အူရီးဒူးက ပြည်သူ၂၅ သန်းကို ယခုနှစ်ကုန်ပိုင်းတွင် ၀န်ဆောင်မှုများပေးနိုင်မည်ဟုဆို

ပြည်ပဆက်သွယ်ရေးအော်ပရေတာ အူရီးဒူးမြန်မာသည် ယခုနှစ် နှစ် ကုန်ပိုင်းတွင် ၂၅ သန်းသော
မြန်မာပြည်သူများကို ဆက်သွယ်ရေး ၀န်ဆောင်မှုများ ပေးအပ်နိုင်မည်ဖြစ်ကြောင်း အူရီးဒူးမြန်မာမှ
အူရီးဒူးမြန်မာ၏ လူမှုဆက်ဆံရေးနဲ့ ပြန်ကြားရေး အကြီးတန်း မန်နေဂျာ မသီရိ ကြာညိုက နို၀င်
ဘာလ ၁၇ ရက်နေ့တွင် ပြောသည်။

"ကျွန်မတို့အနေနဲ့ ခုလို မြန်မြန်ဆန်ဆန် ကွန်ရက်ဖြန့်ကျက်နိုင်တာတွေဟာဆိုရင် မိဘပြည်သူတွေ
က ဘယ် နေရာတွေမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း မမိဘူး မကောင်းဘူး ဆိုတာကို အူရီးဒူးရဲ့
ဆက်သွယ်ရေး ဗဟို ဌာနက ကျွမ်းကျင် ၀န်ထမ်းတွေဆီထံအကြောင်းကြားတာတွေက တဆင့်
ပြောကြားချက်တွေ၊ လူမှုကွန်ရက် တွေကတဆင့် ပြောကြားချက်တွေကြောင့် ယခုလို သေသေ
ချာချာ အချိန်မီဆောင်ရွက်ကြပါတယ်။ ဒီနှုန်း အတိုင်းနဲ့သာဆိုရင် ဒီနှစ်အကုန်မှာ မြန်မာပြည်လူ
ဦးရေရဲ့ ၂၅ သန်းသော မိဘပြည်သူတွေဆီကို ၀န်ဆောင်မှု တွေ ပေးနိုင်တော့မှာပါ"ဟု အူရီးဒူး
မြန်မာ၏ လူမှုဆက်ဆံရေးနဲ့ ပြန်ကြားရေး အကြီးတန်း မန်နေဂျာ မသီရိ ကြာညိုက ပြောသည်။

အူရီးဒူး မြန်မာသည် ၎င်းတို့၏ ဆက်သွယ်ရေးကွန်ယက်များကို ဆက်တိုက် တိုးချဲ့လျက်ရှိရာ
ယခင်က အင်တာနက်ရရှိရန် အလွန်ခက်ခဲနေသော လမ်းမတော်မြို့နယ် တရုတ်တန်း၊ အလုံ၊
ကြည့်မြင်တိုင်နှင့် ရွှေဂုံတိုင်လမ်းမပေါ် အစရှိသဖြင့် ယင်းအနီးတစ်ဝိုက်တွင် တာဝါတိုင်ကွန်ရက်
များ အသစ်တစ်ခုစီ ဖြန့် ကြက်ပြီးဖြစ်ကြောင်း၊ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးထန်းတပင်မြို့နယ်
တွင်လည်း တာဝါတိုင်အသစ် တည် ဆောက်ပြီး၍ ကွန်ရက်ဖြန့်ကြက်မှု အခြေအနေ ကောင်းမွန်
လျက်ရှိကြောင်း နို၀င်ဘာလ ၁၇ ရက်နေ့ ထုတ် ပြန်ချက်အရ သိရသည်။ ၀န်ဆောင်မှုစတင်ပေး
အပ်ခဲ့သည်မှာ သုံးလကျော် သက်တမ်းသို့ ရောက်လာသည့် အူရီးဒူးသည် ၎င်း၏ ဆက် သွယ်ရေး
ကွန်ယက်အခြေအနေများသည် ယခင်ကထက် တိုးတက်ကောင်းမွန်မှုများရှိလာပြီး ရန်ကုန်-
နေပြည် တော် အဝေးပြေးလမ်းမကြီးမှ နေပြည်တော် မန္တလေး အဝေးပြေးလမ်းမကြီးသို့ အဆင့်
ဆင့် ကွန်ယက်တိုးချဲ့ သွားနိုင်ခဲ့ပြီး အချို့မြို့ကြီးများတွင် ကွန်ယက်အခြေအနေ တိုးတက်မှုများ ရှိနှင့်
နေပြီးဖြစ်သည်။

လက်ရှိတွင် အူရီးဒူးမြန်မာသည် ၎င်းတို့ ဆက်သွယ်ရေး ၀န်ဆောင်မှုများအတွက် သုံးစွဲသူများ
အတွက် အင်တာနက်ခ များကို နှုန်းထားသစ်ဖြင့် ပြောင်းလဲကောက်ခံခြင်း၊ ပြည်ပခေါ်ဆိုမှုများ
လျော့ချကောက်ခံခဲ့ ခြင်း၊ ဖုန်းခ လျော့ ချကောက်ခံခြင်းများဖြင့် သုံးစွဲသူများအား ၀န်ဆောင်မှုများ
ပေးအပ်လျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်