လမ်းတွေပေါ်မှာ ကသောင်းကနင်းဖြစ်စေတဲ့ စမတ်ဖုန်းသရဲတွေ

လမ်းတွေပေါ်မှာ ကသောင်းကနင်းဖြစ်စေတဲ့ စမတ်ဖုန်းသရဲတွေ

ဂျပန်နိုင်ငံရဲ့ မြို့တော်တိုကျိုက ကမ္ဘာ့လမ်းဖြတ်ကူးသူအများဆုံးလမ်းဖြစ်တဲ့ (ရှီဘူယ) လမ်းဆုံမှာ
မီးနီပြောင်းသွားတဲ့အခါ လူရာပေါင်းများစွာဟာ မျက်လုံးကို စမတ်ဖုန်းက နေ မခွာဘဲ သူတို့သွား
လိုရာလမ်းဘက်ကို ဖြတ်ကူးသွားနေကြပါတယ်။

နောက်ဆုံးထွက်လာတဲ့ Candy Crash ဂိမ်းမှာ ဈာန်ဝင်နေပေမယ့် ဒါမှမဟုတ် မိတ်ဆွေ
တွေဆီ မက်ဆေ့ချ်အဆက်မပြတ်ပို့နေရလို့ မအားမလပ်ဖြစ်နေပေမယ့် လမ်းလျှောက်သွား
နေသူတော်တော်များများဟာ စက်ဘီးသမား တွေ၊ စကိတ်စီးပြီးသွားနေတဲ့သူတွေနဲ့ တိုကျို သားလမ်းသွားလမ်းလာတွေကို ကွေ့ပတ် ရှောင်ကွင်းသွားနိုင်ကြပါတယ်။

ဒါပေမဲ့ ဆဲလ်ဖုန်းကို နေရာမရွေးအချိန် မရွေးမနားတမ်း စိုက်ကြည့်အသုံးပြုတဲ့သူမျိုးတွေ
များပြားလာတဲ့အတွက် တိုကျို၊ လန်ဒန်၊ နယူးယောက်နဲ့ ဟောင်ကောင်လို မြို့ကြီးတွေ ကို
အန္တရာယ်များတဲ့နေရာတွေ ဖြစ်လာနေပါတယ်။ ဒီမြို့တွေက လမ်းသွားလမ်းလာတွေကို
ကြည့်ရတာ လမ်းလျှောက်တဲ့ဆီမှာ အာရုံမရှိကြတာကြောင့် လူသား Pinball ဂိမ်း ကြီး
ကစားနေကြသလိုပါပဲ။

"ဟေ့ လမ်းကိုကြည့်ပြီးသွားမှပေါ့" လို့ လူလတ်ပိုင်း ရုံးဝန်ထမ်းတစ်ဦးက လူရှုပ်လှတဲ့
သောကြာနေ့ညနေခင်းတစ်ခုမှာ လမ်းလျှောက် သွားနေတုန်း သူ့ကို ၀င်တိုးလာတဲ့ စမတ်ဖုန်း မှာ စာရိုက်ရင်းလမ်းလျှောက်နေသူ နောက်ဆုံး ပေါ်ဖက်ရှင်နဲ့ ကောင်လေးတစ်ယောက်ကို
ပိတ်ဟောက်လိုက်ပါတယ်။

"ခြေကျင်သမား ဒါမှမဟုတ် စက်ဘီးသမား တွေနဲ့ဆိုင်တဲ့ မတော်တဆမှုတွေရဲ့ ၄၁ ရာခိုင်
နှုန်းဟာ ဖုန်းနဲ့ဆက်စပ်တဲ့ မတော်တဆမှုတွေ ပါပဲ" လို့ တိုကျိုမီးသတ်ဦးစီးဌာနရဲ့ ဘေးအန္တ
ရာယ်တားဆီးကာကွယ်ရေးနှင့် ဘေးကင်းရေး ဌာနစိတ်က ထိပ်တန်းတာဝန်ရှိသူတစ်ဦးဖြစ်
တဲ့ တက်ဆုယာယာမာမိုတိုက အေအက်ဖ်ပီ ကို ပြောပြပါတယ်။

"လမ်းသွားလမ်းလာတွေဟာ သူတို့ဖုန်းကို အာရုံစိုက်ကြည့်ရင်း လမ်းသွားနေတာကို
ဆက်ပြီးလုပ်နေမယ်ဆိုရင် မတော်တဆမှု တွေ ပိုများလာတာတွေ့ရမယ်လို့ ကျွန်တော်ထင်
တယ်" လို့ သူက ပြောပါတယ်။

ဒီလိုဖြစ်ရပ်တွေဟာ လူနှစ်ဦး သူတို့လမ်း ကို ဆက်မသွားခင် တောင်းပန်ကြတဲ့ သာမာန်
မတော်တဆမှုမျိုး မဟုတ်တော့ပါဘူး။ ၂၀၁၃ ခုနှစ်အထိ လေးနှစ်အတွင်းမှာ ဆဲလ်ဖုန်းအသုံးပြုသူ
ခြေကျင်သမားတွေကြောင့်ဖြစ်တဲ့ မတော်တဆဖြစ်ရပ်တွေမှာ လူပေါင်း ၁၂၂ ဦးကို ဆေးရုံဆီ
အပူတပြင်း ပို့ဆောင်ပေးခဲ့ရတယ်လို့ လူဦးရေထူထပ်လှ တဲ့မြို့ကြီးမှာ လူနာတင်ကားဝန်ဆောင်
မှုပေး နေတဲ့ တိုကျိုမီးသတ်ဦးစီးဌာနက ပြောပါ တယ်။ ဖုန်းကိုကြည့်ရင်း ရထားလမ်းကူးကို သတိ
မထားမိဘဲ ဖြတ်သွားမိတဲ့ သက်လတ်ပိုင်း အမျိုးသားတစ်ဦးကွယ်လွန်သွားတဲ့ အဖြစ်အပျက်အပါ
အဝင် ဖုန်းနဲ့မျက်လုံးမခွာဘဲလမ်းလျှေက်သွားတဲ့အတွက် လမ်းမီးတိုင်ကို ၀င်တိုက်မိတာတို့ ၊ ခွေး
ကို ခလုတ်တိုက်မိတာတို့ စတဲ့ ရယ်စရာမတော်တဆမှုတွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်။


ဖုန်းကိုသာ သဲကြီးမဲကြီးအာရုံစိုက်ပြီး လမ်းလျှောက်တဲ့အကျင့်
ဂျပန်လူမျိုးထက်ဝက်ကျော်လောက်ဟာ အခုအချိန်မှာ စမတ်ဖုန်းပိုင်ဆိုင်ထားကြပြီး စမတ်ဖုန်း
သုံးစွဲသူအရေအတွက်ဟာလည်း အလျင်အမြန် တိုးပွားလာနေပါတယ်။ ပြီးတော့ ကျောင်းသူ
ကျောင်းသားတွေ ကျောင်းသွားကျောင်းပြန် လမ်းမှာ လမ်းလျှောက်ရင်း ဖုန်း အသုံးပြုတာကလည်း
ဓလေ့တစ်ခုလို ဖြစ်နေ ပါပြီ။

စမတ်ဖုန်းကို စိုက်ကြည့်ပြီးသွားနေတဲ့ ခြေကျင်လျှောက်သူလမ်းသွားလမ်းလာတွေ ရဲ့ ပတ်ဝန်း
ကျင်ကိုမြင်တဲ့အတိုင်းအတာနယ်ပယ်ဟာ သာမန်လမ်းသွားလမ်းလာတစ်ဦး ပတ်ဝန်းကျင်ကိုမြင်
တဲ့နယ်ပယ်ရဲ့ ငါးရာခိုင်နှုန်း ပဲ ရှိတယ်လို့ ဂျပန်မိုဘိုင်းကုမ္ပဏီကြီး NTT Docomo ပြုလုပ်တဲ့
သုတေသနတစ်ခုမှာ ခန့်မှန်းထားပါတယ်။

"ဒီလိုအခြေအနေမျိုးမှာ ကလေးတွေအတွက် ဘေးမကင်းပါဘူး" လို့ အဲဒီကုမ္ပဏီရဲ့ ဌာနတစ်ခုဖြစ်
တဲ့ လူမှုရေးနဲ့ ပတ်သက်ပြီး တာဝန်ယူဆောင်ရွက်နေတဲ့ဌာနက မန်နေဂျာ ဟီရိုရှီ ဆူဇူကီးက
ပြောပါတယ်။

"ဒါက အန္တရာယ်များ ပါတယ်။ ဒါမျိုးတကယ်ဖြစ် မလာရအောင်လုပ်ရမှာ ကျွန်တော်တို့ တာဝန် ပါ"
လို့ သူက ပြောပါတယ်။ လူတိုင်း စမတ်ဖုန်းထဲမှာပဲ အာရုံနစ်ဝင်နေပြီး လမ်းဖြတ်ကူးကြရင်
ရှီဘူယာမှာ ဘာဖြစ် လာနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး ကွန်ပျူတာ နဲ့ ဖန်တီးလေ့လာကြည့်တာ
ကို ဒီကုမ္ပဏီက ပြုလုပ်ခဲ့ပါတယ်။

လမ်းဖြတ်ကူးသူ ၁,၅၀၀ တစ်ကြိမ်လမ်းဖြတ် ကူးတိုင်း ၄၄၆ ဦးက တိုက်မိကြပြီး ၁၀၃ ဦးက
လဲကျကြသလို ၂၁ ဦးက ဖုန်းလွတ်ကျတာကို စမ်းသပ်မှုအရ တွေ့ရှိခဲ့ရပါတယ်။ သုံးပုံ တစ်ပုံ
လောက်ပဲ ဘေးမသီရန်မခဘဲ လမ်းဖြတ် ကူးနိုင်ကြပါတယ်။ သူတို့လက်ထဲက ဖုန်းဘယ်လောက်
အဖိုးတန်သလဲဆို ပြောစရာမလိုအောင်ပါပဲ။ လမ်းပေါ်လဲကျသူ ၁၀၃ ဦးမှာလည်း ၈၂ ဦး ဟာ
သူတို့လက်ထဲက ဖုန်းလွတ်မကျအောင် ကိုင်ထားနိုင်တယ်ဆိုတာတွေ့ခဲ့ရပါတယ်။

မကြာသေးခင်ကပေါက်ကွဲခဲ့တဲ့ မီးတောင် ထိပ်ဝမှာ တွေ့ရှိခဲ့တဲ့ အလောင်း ၅၆ လောင်း က
ထက်ဝက်လောက်ရဲ့လက်ထဲမှာ သူတို့ကို ဖုံးလွှမ်းထားတဲ့ သေစေနိုင်တဲ့ ချော်ရည်ပူတွေ နဲ့
ပြာမှုန်တွေရဲ့ ပုံတွေကို
ရိုက်ထားတဲ့ မိုဘိုင်း ဖုန်းတွေကို ကျစ်ကျစ်ပါအောင်ကိုင်ထားတာ တွေ့ခဲ့ရတယ်လို့ ဂျပန်သတင်း
တွေမှာ ဖော်ပြ ထားပါတယ်။ ကြည့်ရတာကတော့ ကိုယ့်ကိုယ် ကိုယ်ကာကွယ်ဖို့ထက် ဘာတွေ
ဖြစ်နေတယ် ဆိုတာကို လူမှုမီဒီယာက မိတ်ဆွေတွေကို ပြသနိုင်ဖို့က အရေးကြီးတယ်လို့ ထင်ပုံရ
ပါတယ်။ စမတ်ဖုန်းနဲ့ပတ်သက်ပြီး ဘာတွေဖြစ် တတ်တယ်ဆိုတာ ကလေးတွေကို သင်ကြား
ပေးဖို့အတွက် ဆူဇူကီးဟာ ဂျပန်တစ်လွှားက ကျောင်းတွေလှည့်ပြီး ကာတွန်းတွေနဲ့ ပညာ ပေးခဲ့
ပါတယ်။

"ကျွန်တော်တို့ ယုန်နဲ့လိပ်ပုံပြင်ကို အသုံး ပြုခဲ့ပါတယ်"လို့ သူက ပြောပါတယ်။ "ယုန် ကလေးက
သူ့စမတ်ဖုန်းကို အာရုံစိုက်အသုံး ပြုရင် ပြေးသွားပါတယ်။ နောက်တော့ ကျင်း တစ်ကျင်းထဲ ပြုတ်
ကျသွားပါတယ်။ ကျွန်တော် တို့ ကလေးတွေကိုသိစေချင်တာကတော့ သူတို့ လည်း ဖုန်းနဲ့မျက်လုံး
မခွာဘဲ လမ်းလျှောက် သွားရင် ယုန်လေးလို ဖြစ်သွားမယ်ဆိုတဲ့ အချက်ပါ" လို့ သူက ရှင်းပြပါ
တယ်။


 

လူအချင်းချင်းအဆင်ပြေစေဖို့ ကြိုးပမ်းချက်တွေ
လမ်းလျှောက်ရင်း ဖုန်းကိုပဲ သဲကြီးမဲကြီးအာရုံစိုက်နေတဲ့သူတွေဟာ ပက်ကျိနှုန်းထား နဲ့
သွားနေတဲ့အတွက် စက်ဘီးသမားတွေ နဲ့ ကလေးလက်တွန်းလှည်းကို တွန်းလာတဲ့ မေမေတွေ
ဟာ လမ်းကို ဖြောင့်ဖြောင့်သွားလို့ မရဘဲ သူတို့ ရှေ့က ပက်ကျိခြေလှမ်းပိုင်ရှင် တွေကို ကျော်ဖို့
အတွက် ကွေ့ကောက်ပြီး သွား နေကြရပါတယ်။

ဒီလိုအနေအထားဟာ တိုကျို မှာ စိတ်ကသိကအောက်ဖြစ်စရာတစ်ခုဖြစ် လာနေပါတယ်။ ဒီလိုမျိုး
လမ်းလျှောက်ရင်း ဖုန်းကနေ မျက်လုံးမခွာနိုင်တဲ့သူတွေကို စိတ် ကသိကအောက်ဖြစ်တဲ့သူတွေက
'ခပ်စိန်း စိန်းစိုက်ကြည့်' တာခံရမယ့် သတိပေးချက် တွေ စတင်ဖြစ်ပေါ်လာနေပြီးဆိုကို လူတွေ
သတိထားမိစပြုလာပါပြီ။

အစကတော့ ဖုန်းကို စိုက်ကြည့်နေရာကနေ မော့်ကြည့်လာသူတွေ ကို လက်ခံခဲ့ကြတဲ့ ဂျပန်လူမျိုး
တွေရဲ့ လူအချင်း ချင်း အဆင်ပြေအောင်နေကြတဲ့အသိကို အလျင်အမြန်တောင်းဆိုရတော့မယ့်
အနေအထားမျိုး ဖြစ်လာနေပါပြီ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သတိပေးချက်တွေ ပြပေးတဲ့ ဒါမှ
မဟုတ် ဖုန်းစကရင်မှာ ပလက်ဖောင်းကို ပြပေးတဲ့ စမတ်ဖုန်းအက်ပ်စ် တွေကို ဖန်တီးထုတ်လုပ်
ပေးလာကြပါပြီ။ လူဦးရေ ၃၅ သန်းရှိတဲ့ မြို့ပြဧရိယာကြီးဖြစ် တဲ့ တိုကျိုမြို့မှာ လူနေသိပ်သည်းပြီး
လူဦးရေထူထပ်ပေမယ့် အလုပ်သွားတဲ့သူတွေ ဆိုင်ကယ်စီးဦးထုပ်ဆောင်းပြီး လမ်းလျှောက်ဖို့
တော့ မလိုသေးပါဘူး လို့ NTT Docomo မှ ဆူဇူကီးက ပြောပါတယ်။

"လာမယ့်နှစ်တွေမှာလည်း ဒါမျိုးလုပ်ဖို့ လိုမယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ပြော
ချင်တာကတော့ အဲဒီလိုမျိုး ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့အားလုံး ဘေးတွေ့နိုင်တဲ့ အနေ
အထားမှာ ရှိနေလို့ပါ" လို့ သူက ပြောပါတယ်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်