တယ်လီနောက အခွန်ကောက်မည့် အစီအစဉ်ကို သုံးစွဲသူများ ဝေဖန်

တယ်လီနောက အခွန်ကောက်မည့် အစီအစဉ်ကို သုံးစွဲသူများ ဝေဖန်

တယ်လီနောမြန်မာက ဆက်သွယ်ရေး ၀န်ဆောင်မှုများအတွက် အစိုးရထံပေးဆောင်ရမည့်
အခွန်ငါးရာခိုင်နှုန်းကို သုံးစွဲ သူများ၏ ငွေဖြည့်ကတ်မှနုတ်ကာ ကောက်ခံ သွားမည်ဟု ၎င်း၏
ဖေ့စ်ဘွတ်ခ်စာမျက်နှာ မှတစ်ဆင့် ကြေညာချက်ကို မိုဘိုင်းဖုန်းသုံးစွဲသူများက ဝေဖန်နေကြသည်။

"အရင်တုန်းက အမ်ပီတီဆင်းကတ်တွေ သုံးတုန်းကဆိုရင် ကျွန်တော်တို့ရဲ့ ဖုန်းငွေ ဖြည့်ကတ်က
အခွန်ဆိုပြီးတော့ ဖြတ်သွား တာမျိုးမရှိခဲ့ဘူး။ အခုနောက်မှ ပေါ်လာတဲ့ တယ်လီနောက ဒီလိုအခွန်
ကောက်မယ်ဆို တဲ့ အသံထွက်လာတာ မဖြစ်သင့်ဘူး။ သူတို့ ပြောတော့ မြန်မာနိုင်ငံမှာအကောင်း
ဆုံး ၀န်ဆောင်မှုပေးမယ်လို့ ပြောထားပြီးတော့။ အခုထိ ဘယ်ဆက်သွယ်ရေးကုမ္ပဏီမှ အခွန်
ကောက်မယ်ဆိုတဲ့အသံ မထွက်ခဲ့ဘူး။ တကယ်လို့သာ အခွန်ကောက်ခံသွားမယ် ဆိုရင်
ကျွန်တော်တယ်လီနောကို မသုံး တော့ပါဘူး" ဟု တယ်လီနော်ဖုန်းသုံးစွဲနေ သူ ဦးအောင်ကိုကိုက
ပြောသည်။

"ကျွန်တော်တို့ရဲ့ ဖုန်းဘေလ်ထဲကအခွန် ကောက်ခံခဲ့တယ်ဆိုတာ တစ်ခါမှာ မရှိခဲ့ဘူး။ ကြားလည်း
မကြားမိခဲ့ဘူး။ အခုဖုန်းငွေဖြည့် ကတ် တစ်သောင်းဖိုးဝယ်ရင် တစ်သောင်း ဖိုးအပြည့်မရဘူးဆိုတဲ့
ပုံစံမျိုးဖြစ်နေတယ်။ အဲလို အခွန်ကောက်တာကိုတော့ လက်မခံ နိုင်ဘူး။ တကယ်လို့သာ ဖုန်းဘေ
လ်ထဲက အခွန် ကောက်ခံသွားမယ်ဆိုရင် တယ်လီနောကို သုံးဖြစ်မှာ မဟုတ်ပါဘူး" ဟု ရန်ကုန်
မြို့နေ ဦးမောင်မောင်ဦးက ပြောသည်။

တယ်လီနောအနေဖြင့် တယ်လီဖုန်းဆက်သွယ်ရေး ၀န်ဆောင်မှုအခွန်အတွက် ဈေးနှုန်းများတွင်
အခွန်ကောက်ခံမည့်နှုန်းထားများကိုတွက်ချက်ကာဈေးနှုန်းသတ် မှတ်သင့်ပြီး သုံးစွဲသူများထံမှ
အခွန်ထပ်တိုး မကောက်ခံသင့်ကြောင်း့ညေါသည ံနမေအဖ နြိငေ မှ အလုပ်အမှုဆောင်အရာရှိချုပ်
ဦးဇော်ဇော်မျိုးလွင်က ပြောသည်။

"တယ်လီနောက ဖြစ်သင့်တာက သူတို့ က တစ်ခါတည်းတွက်ရမှာ။ ငါတို့က အခွန်ဆောင်ရတော့
မယ်ဆိုရင် သူတို့အနေနဲ့ တွက်ချက်ထားသင့်တယ်။ သုံးစွဲသူတွေကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေသင့်ဘူး။
စိတ် အနှောင့်အယှက်လည်း မဖြစ်စေသင့်ဘူး" ဟု ၎င်းက ပြောသည်။ သုံးစွဲသူများထံမှ အခွန်ငါး
ရာခိုင်နှုန်းကောက်ခံမည်ဆိုပါက ယခုလက်ရှိထက် သုံးစွဲသူလျော့ကျသွားနိုင်ဖွယ်ရှိကြောင်း ၎င်းက
ပြောသည်။

တယ်လီနောမြန်မာ၏ တရားဝင် အင်တာနက်စာမျက်နှာတွင် မြန်မာနိုင်ငံ အစိုးရက တယ်လီဖုန်း
ဆက်သွယ်ရေးဝန်ဆောင်မှုအများအတွက် အခွန်ကောက်ခံမှု များအတွက် အခွန်ငါးရာခိုင်နှုန်း
ကောက်ခံ ပြီး တယ်လီနောအနေဖြင့် ဥပဒေကိုလိုက်နာ သွားမည်ဖြစ်ကြောင်းဖော်ပြထားသည်။

"ကျွန်တော်ထင်တာက ဒီငါးရာခိုင်နှုန်း လောက်ကတော့ ပေးရမှာပဲဗျ။ အခွန်က စားသောက်ဆိုင်
တွေမှာလည်း ပေးနေရတာ ဘဲ။ အခွန်ကတော့ဆောင်ကို ဆောင်ရမယ်။ မဆောင်လို့တော့ မရ
ဘူး။ အရင်တုန်းက နိုင်ငံပိုင်ဖြစ်နေတော့ အဲလိုပြဿနာတွေမရှိခဲ့ဘူး။ သူများတိုင်းပြည်တွေမှာ ဥပမာ
၁၀၀ ဖိုးဝယ်လိုက်တယ်ဆိုရင် ၁၀၀ ဖိုး အပြည့်သုံး လို့ရမယ်။ ငါးရာခိုင်နှုန်းက အော်ပရေတာ က
ပေးလိုက်တာမျိုးရှိတယ်။ တချို့တွေက လည်း ၁၀၀ လို့ပြောပေမယ့်လည်း တစ်ရာထဲ က နုတ်ပြီး
၉၅ ကျပ်ပဲ ရပြီတော့ ငါးကျပ်ကို တော့ သူဟာသူနှုတ်လိုက်တာပေါ့ဗျာ။ တချို့ တွေကျတော့လည်း
၁၀၀ ဖိုးဝယ်ပေမယ့် ၁၀၅ ကျပ်ပေးလိုက်ရတာမျိုး တွေလည်းရှိ တယ်" ဟု မြန်မာနိုင်ငံကွန်ပျုတာ
အသင်းချုပ် မှ အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦး က မြန်မာတိုင်း(မ်)ကို ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်