အူရီဒူးမြန်မာက အင်တာနက် အသုံးပြုခကို ကီလိုဘိုက်ဖြင့် ပြောင်းလဲကောက်ခံနေ

အူရီဒူးမြန်မာက အင်တာနက် အသုံးပြုခကို ကီလိုဘိုက်ဖြင့် ပြောင်းလဲကောက်ခံနေ

အူရီဒူးက အင်တာနက်အသုံးပြုခများကို ကီလိုဘိုက်ဖြင့် ပြောင်းလဲကောက်ခံနေသော် လည်း
ယခင်ဈေးနှုန်းထက် ကျသွားခြင်းမဟုတ် ပဲ မိမိသုံးသလောက်သာ ကုန်ကျနိုင်မည့်စနစ် ဖြစ်ကြောင်း
သိရသည်။

"အင်တာနက်ကောက်ခံခက ၁၀၀ ကီလိုဘိုက်ကို တစ်ကျပ်ကောက်ခံတာက ဈေးနှုန်းအနေနဲ့
ပြောင်းလဲသွားခြင်းမရှိပါဘူး။ အရင် တုန်းက တစ်မက်ကို ၁၀ နဲ့ ကောက်ခံခဲ့တယ်။ တွက်ကြည့်
မယ်ဆိုရင် အတူတူပါပဲ။ သုံးသ လောက်ပဲ ကုန်ကျမယ်ဆိုတဲ့သဘောပါ" ဟု မြန်မာနိုင်ငံကွန်ပျု
တာအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောသည်။

၎င်းတို့၏ မိုဘိုင်းဖုန်းဝန်ဆောင်မှု စတင် မိတ်ဆက်ခဲ့သည့် ဩဂုတ်လမှ စတင်ကာ အင်တာနက်
အသုံးပြုခများကို 1MB လျှင် ၂၅ ကျပ်ဖြင့်ကောက်ခံခဲ့ပြီး သုံးစွဲသူများ၏ ဝေဖန်မှုကြောင့် 1MB ကို
၁၀ ကျပ်ဖြင့် ပြောင်း လဲကောက်ခံခဲ့သည်။ ယခုနိုဝင်ဘာလမှ စတင်ကာ ကီလိုဘိုက်ဖြင့် ပြောင်းလဲ
ကောက်ခံ နေခြင်း ဖြစ်သည်။

အချို့သောနိုင်ငံများတွင် ၁,၀၀၀ ဘိုက် လျှင် တစ်ကီလိုဘိုက်ဟု သတ်မှတ်ပြီး အချို့ နိုင်ငံများတွင်
၁,၀၂၄ ဘိုက် သတ်မှတ်ကြရာ အူရီဒူးက တစ်ကီလိုဘိုက်တွင် ၁,၀၂၄ ဘိုက်စနစ်ဖြင့် သတ်မှတ်
ကောက်ခံသည်။

"1MB မှာ ၁၀၂၄ ကီလိုဘိုက်ရှိတယ်။ အခုအဲဒီအင်တာနက်ကောက်ခံခကို ဆယ်လီစိတ်ခွဲလိုက်
တဲ့သဘောပါပဲ။ အခု ကောက်ခံတဲ့ပုံစံက ငါးရာဖိုး ၁၀ လုံး၊ ၁၀ လုံး ၅၀၀ ဆို တဲ့သဘောပါဘဲ။
ဈေးနှုန်းကတော့ လုံးဝ မပြောင်းဘူး။ ကောက်ခံတဲ့ပုံစံကိုပဲ ပြောင်းလိုက်တာပဲရှိတယ်" ဟု
ရွှေပြည်တံခွန်တယ်လီကွန်းကုမ္ပဏီမှ ပရောဂျက်မန်နေဂျာ ဦးနန္ဒစိုးက ပြောသည်။

အူရီဒူးမြန်မာမှ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး အကြီးတန်းမန်နေဂျာမသီရိ ကြာညိုကမူ
ဖုန်းတွင်းရှိ မလိုအပ်သည့် အက်ပ လီကေးရှင်းများကို ပိတ်ထားခြင်း၊ အီးမေးလ် ရှိ မလိုအပ်
သည့် ဖိုင်များကို ဒေါင်းလုပ်လုပ် ခြင်းများကို မပြုလုပ်ခြင်းအားဖြင့် အင်တာနက်အသုံးပြုခသက်
သာနိုင်မည်ဖြစ်သည်ဟုဆိုသည်။

"အခုလို ကောက်ခံတော့မယ်ဆိုတော့ အင်တာနက်အသုံးစရိတ်လျော့ကျသွားတာ ပေါ့။ ဘာပဲ
ပြောပြောအခုအချိန်မှာ အူရီဒူး ရဲ့ အင်တာနက် မြန်နှုန်းကတော့ဘယ် အော်ပ ရေတာမှ မယှဉ်ပြိုင်
နိုင်သေးဘူး" ဟု အူရီဒူး အင်တာနက်ကိုသုံးစွဲနေသူ ဦးဖိုးသာက ပြောသည်။

အူရီဒူးက ဖုန်းခေါ်ဆိုခများကိုလည်း ယခင်က အခြားကွန်ရက်သို့ ဖုန်းခေါ်ဆိုလျှင် တစ်မိနစ် ၃၅
ကျပ်ဖြင့်ကောက်ခံခဲ့ရာမှ နို၀င်ဘာလ ရ ရက်နေ့မှစတင်ကာ မည်သည့်ကွန်ရက်သို့မဆို တစ်မိနစ်
၂၅ ကျပ်သာ ကောက်ခံနေပြီဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်