အလင်းအိမ်စင်တာပေါင်း ၂၀၀ စီမံကိန်းကို တယ်လီနောနှင့် အမ်အိုင်ဒီအို ပူးပေါင်းဖွင့်လှစ်မည်

အလင်းအိမ်စင်တာပေါင်း ၂၀၀ စီမံကိန်းကို တယ်လီနောနှင့် အမ်အိုင်ဒီအို ပူးပေါင်းဖွင့်လှစ်မည်

တယ်လီနောမြန်မာနှင့် မြန်မာအိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MIDO) တို့ ပူးပေါင်းပြီ
မြန်မာနိုင်ငံတွင် အလင်းအိမ် ဟု နာမည်ပေးထားသည့် ရပ်ရွာအခြေပြု သတင်းအချက်
အလက် စင်တာ ၂၀၀ စီမံကိန်းကို အကောင်ထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း
တယ်လီနောမှ သိရသည်။

အဆိုပါ အလင်းအိမ်များသည် ကျေးလက်ဒေသတွင် နေထိုင်သည့် ပြည်သူလူထုများကို
အင်တာနက်နှင့် မိုဘိုင်းဆက်သွယ် အသုံးပြုခြင်းများနှင့် ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်
ထားပြီး တစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ် ကျောင်းသားများလည်း အင်တာနက် နည်းပညာ
များနှင့် ပိုမို ထိတွေ့လာနိုင်စေရန် ယခုကဲ့သို့ိ ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊
ထို့ပြင် အဆိုပါ စင်တာများကို ဒေသအလိုက် စွန့်ဦးတီထွင်လုပ်ငန်းရှင်များကလည်း တဖန်
ကြီးကြပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"တယ်လီနောရဲ့ ရည်ရွယ်ချက်က တယ်လီနော လုပ်ငန်းဆောင်ရွက်မှုရှိတဲ့နေရာတွေက
လူထုအဖွဲ့အစည်းတွေကို ထိရောက်တဲ့ ကူညီမှုတွေပေးပြီး အဲ့ဒီလူထုအဖွဲ့အစည်းတွေရဲ့
စွမ်းရည်ကို မြှင့်တင်ပေးဖို့ဖြစ်ပါတယ်။ အလင်းအိမ်တွေကို ဖွင့်လှစ်ပေးတာ ဟာ တယ်လီ
နောမြန်မာရဲ့ အရေးကြီးတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတစ်
၀ှမ်းလုံးမှာရှိတဲ့ ပြည်သူ လူထုတွေကို ဒစ်ဂျစ်တယ်လ် နည်းပညာနဲ့ ပိုမိုရင်းနှီးမှု ရှိလာစေ
ဖို့နဲ့ မိုဘိုင်းဝန်ဆောင်မှုတွေကို ပိုပြီးရင်းနှီးမှု မြန်မြန်ဆန်ဆန် ရစေမယ့် ခြေလှမ်းတစ်ရပ်
လည်ဖြစ်ပါတယ်။ စင်တာတွေ အနားမှာရှိတဲ့ လူထုအားလုံးက ဒီစင်တာကို အသုံးပြုဖို့
မျှော်လင့်ပါ တယ်"ဟု တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် မစ္စတာပီတာဖာ
ဘက်က နို၀င်ဘာလ ၂၀ ရက်နေ့တွင် ပြောသည်။

လတ်တလောတွင် အလင်းအိမ်စင်တာကို နေပြည်တော် လယ်ဝေးမြို့တွင် နို၀င်ဘာလ
၂၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မကြာမီ အချိန်အတိုင်းအတာအတွင်း ရန်ကုန်တိုင်း
ဒေသရှိ ဒလမြို့နယ်၌ ဒုတိယမြောက် ဒစ်ဂျစ်တယ် အလင်းအိမ်စင်တာကို ဆက်လက်
ဖွင့်လှစ်သွားရန်ရှိသည်။ "အလင်းအိမ်တွေက ပြည်သူလူထုအတွက် သတင်းအချက်
အလက်နဲ့ ဗဟုသုတတွေကို လွယ်ကူစွာ ရရှိနိုင်စေမယ့် အရင်း အမြစ်တစ်ခုဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အွန်လိုင်းပေါ်က သတင်းအချက်အလက်တွေ ဒါမှမဟုတ် ဆက်သွယ်ဖို့
ချိတ်ဆက်မှု မရရှိခဲ့တဲ့ နေရာတွေက ကျေးလက်နေပြည်သူတွေဖို့ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်
မှုရရှိနိုင်စေဖို့ အလင်းအိမ်တစ်ခုချင်းစီတိုင်းက ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်"ဟု မြန်မာအိုင်စီတီ
ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ကိုနေဘုန်းလတ်က ပြောသည်။

တယ်လီနော အနေဖြင့် စင်တာများအတွင်း ချိတ်ဆက် ဆောင်ရွက်မှုများနှင့် ပစ္စည်းများ၊
နည်းပညာများကို ပံ့ပိုးပေးသွား မည်ဖြစ်ပြီး အမ်အိုင်ဒီအိုမှ စွန့်ဦးတီထွင်သူများကို စင်တာများ
ဖွင့်လှစ်သွားနိုင်ရန်အတွက် ရွေးချယ်ပေးခြင်း၊ သင်တန်းပေး ခြင်းများ၊ စင်တာများ ရေရှည်
တည်တံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တယ်လီနော မြန်မာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
တို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုသဘောတူညီချက်ကို ၂၀၁၄ ဇွန်လ
အတွင်းက လက်မှတ်ရေးထိုးခဲ့ ကြောင်း တယ်လီနောမြန်မာမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်