အူရီးဒူးမှ အင်တာနက် ပက်ကေ့ချ်ဈေးနှုန်းများ ပြန်လည်ပြင်ဆင်သတ်မှတ်

အူရီးဒူးမှ အင်တာနက် ပက်ကေ့ချ်ဈေးနှုန်းများ ပြန်လည်ပြင်ဆင်သတ်မှတ်

အူရီးဒူးမြန်မာမှ သုံးသလောက်ပေး အင်တာနက်အခကြေးကို ပြောင်းလဲပြင်ဆင်သတ်မှတ်ပြီး
များမကြာမီ အင်တာနက် ပက်ကေ့ချ် (Package) ဈေးများကို တဖန် လျော့ချသတ်မှတ်လိုက်
ကြောင်း အူရီးဒူးမြန်မာမှ သိရသည်။

အဆိုပါ ပက်ကေ့ချ်ဈေးနှုန်းများတွင် တစ်နေ့တာအတွက် ၅၀ မက်ဘ်ကို ၃၉၀ ကျပ်၊ တစ်လတာ
၁ ဂျီဘီကို ၆၉၀၀ ကျပ်၊ ၂ ဂျီဘီကို ၁၂၉၀၀ ကျပ်၊ ၅ ဂျီဘီကို ၂၉၉၀၀ ကျပ်နှင့် ၁၀ ဂျီဘီကို ၅၅၉၀၀
ကျပ် သဖြင့် အသီးသီးသတ်မှတ်လိုက်ပြီး ထိုဈေးနှုန်းများဖြင့် နို၀င်ဘာလ ၁၄ ရက်နေ့တွင် စတင်
ကောက်ခံလျက်ရှိနေပြီဖြစ်ကြောင်း နို၀င်ဘာလ ၁၈ ရက်နေ့တွင် ထပ်မံ ထုတ်ပြန်ကြေညာလိုက်
သည်။

မကြာသေးခင်ကပင် အူရီးဒူးမြန်မာမှ အင်တာနက် ကောက်ခံမှုနှင့်ပတ်သက်ပြီး ၁ မက်ဘ် ကို
၁၀ ကျပ်နှုန်းကောက်ခံရာမှ ၁၀၀ ကေဘီကို ၁ ကျပ်နှုန်းဖြင့် အသွင်းပြောင်းကောက်ခံခဲ့ပြီးနောက်
ပိုင်းတွင် ယခုကဲ့သို့ ပက်ကေ့ချ်ဈေးနှုန်းအသစ်ကို ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဈေးကွက်အတွင်း လက်ရှိတွင် အပြိုင်အဆိုင်ဖြစ်နေသော အော်ပရေတာ သုံးခုသည့်ထဲမှ အမ်ပီတီ
သည် အင်တာနက်ခကို နာရီအလိုက်ပုံစံဖြင့် တစ်မိနစ်ကို ၂ ကျပ်မှ ၄ ကျပ် အထိ ကောက်ခံလျက်
ရှိသော်လည်း နော်ဝေအခြေစိုက် တယ်လီနောနှင့် ကာတာအခြေစိုက် အူရီးဒူးတို့သည် ဒေတာ
ပမာဏဖြင့် တွက်ချက်ကာ ကောက်ခံနေပြီး တယ်လီနောသည် ၁ မက်ဘ်ကို ၆ ကျပ်သာ ကောက်
ခံပြီး အူရီးဒူးသည် ၁ မက်ဘ်ကို ၁၀ ကျပ်ဖြင့် ကောက်ခံလျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်