ဆင်းကတ်ဝယ်မည်ဆိုပါက လတ်တလောတွင် မှောင်ခိုဈေးကွက်ကိုသာ အားကိုးနေရ

ဆင်းကတ်ဝယ်မည်ဆိုပါက လတ်တလောတွင် မှောင်ခိုဈေးကွက်ကိုသာ အားကိုးနေရ

ဆက်သွယ်ရေးဝန်ဆောင်မှုများ ရယူနိုင်ရန်် ပြည်သူများအနေဖြင့် ဆင်းကတ်ဝယ်ယူ အသုံးပြုမည်
ဆိုပါက လက်တလောတွင် မှောင်ခိုဈေးကွက်များကိုသာ အဓိကအားကိုးပြီး ၀ယ်ယူနေရကြောင်း
ဈေးကွက် အတွင်း စုံစမ်းသိရှိရသည်။

လမ်းဘေးတွင် ဗန်းများဖြင့် ဆင်းကတ်သုံးမျိုးကို တရားဝင်ပေါက်ဈေးထက် သုံးလေးဆပိုမြင့်သည့်
ဈေးဖြင့် ရောင်းချပေးလျက်ရှိသော မှောင်ခိုဈေးကွက်သည် အမှန်တကယ် ၀ယ်ယူ အသုံးပြုလိုသူ
ပြည်သူများအတွက် အားကိုးအားထားပြုရာ ဈေးကွက်အဖြစ် လက်တလောတွင် နေရာယူလျက်
ရှိပြီး အမ်ပီတီနှင့် တယ်လီနော ဆင်းကတ်များကို ဈေးအမှန်ဖြင့် ၀ယ်ယူချင်ပါက တရားဝင် ဖြန့်ဖြူး
ပေးထားသော တရားဝင်ဆိုင်များ၊ လက်တွဲ ဖော်ဆိုင်များတွင်ပင် ၀ယ်ယူနိုင်ခြင်းမှာ မရှိသလောက်
ရှားပါးနေ၍ ယခုကဲ့သို့ တရားမဝင်ဈေးကွက်များ အတွက် အခွင့်သာနေရခြင်းလည်းဖြစ်သည်။

ဆင်းကတ်သုံးမျိုးတွင် အူရီးဒူးတစ်မျိုးတည်းသာ ဈေးနှုန်းအမှန်ဖြင့် လိုသလောက် ၀ယ်ယူရရှိနိုင်ပြီး
တယ်လီ နော ဆင်းကတ်နှင့် လူသုံးများသော အမ်ပီတီဆင်းကတ်တို့၏ ဈေးနှုန်းများသည် သတ်
မှတ်ထားသောဈေးဖြင့် ၂ ဆမှ ၃ ဆအထိ ဈေးခေါ်ကာ ရောင်းချလျက်ရှိနေကြသည်။

"စပေါ်တုန်းက တယ်လီနောဆင်းကတ်ကို တစ်ကတ်လောက် ၀ယ်ထားသေးတယ်။ ဒါပေမယ့်
ခု နောက်တစ် ကတ်ထပ်လိုချင်လို့ ဆိုင်တွေလိုက်မေးတော့ ဘယ်ဆိုင်မှ မရဘူးဖြစ်နေတယ်။
အဲ့ဒါနဲ့ပဲ ဈေးပိုပေးပြီး ဗန်း သမားတွေဆီမှာပဲ ၀ယ်လိုက်တယ်"ဟု ဘဏ်ဝန်ထမ်း အမျိုးသမီး
တစ်ဦးဖြစ်သူ မကေသီဝင်းက ပြောသည်။

တယ်လီနောဆင်းမ် တစ်ကတ်ကို မှောင်ခိုတွင် ၃၅၀၀ ရှိပြီး၊ အမ်ပီတီဆင်းမ်ကတ်သည် ကျပ်
၅၀၀၀ ရှိသော်လည်း တရားဝင်ရောင်းသော ဆိုင်များ သို့မဟုတ် အမ်ပီတီ ဆင်းမ်ကတ် သီးသန့်
အရောင်းဆိုင်တွင် တကူးတက ၀ယ်ယူနေရခြင်း၊ တန်းစီကြရခြင်းတို့ကြောင့် မှောင်ခိုတွင်သာ
ဈေးလေ့လာပြီး ၀ယ်ယူကြသည်။ "ကျွန်မတို့ဆိုင်ကို အရင်က တယ်လီနောဆင်းကတ်တွေ
လာလာပို့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ထပ်မချ ပေးတော့ဘူး။ အပြင်မှာတော့ တစ်ကတ်ကို
၃၅၀၀ နဲ့ ရောင်းနေကြတာတွေ့တယ်။ အကယ်၍ ဆင်းကတ် လာချပေးရင်လည်း ကျွန်မတို့က
တော့ ဈေးနှုန်းအမှန်နဲ့ပဲ ရောင်းတာပါ။ ခုတော့ ကတ်လုံးဝ မရှိပါဘူး"ဟု မိုဘိုင်းဖုန်းအရောင်းဆိုင်မှ
အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်းရှိ လမ်း ၃၀ နှင့် ဆူးလေ အနီးတစ်ဝိုက်၊ ပန်းဆိုတန်းမှတ်တိုင်၊ သိမ်ကြီးဈေး၊
၂၈ လမ်း၊ လသာ တို့တွင် ဆင်းကတ်ရောင်းချလျက်ရှိသော လမ်းဘေးဈေးသည်များကို အများဆုံး
တွေ့ရမည်ဖြစ်ပြီး၊ ဆင်းကတ် များ၏ ဈေးနှုန်းများသည်လည်း တစ်ဆိုင်နှင့်တစ်ဆိုင် တူညီနေပြီး
နှုန်းတူညှိထားမှုများလည်း ရှိသည်။ ဆက်သွယ်ရေးဆိုင်ရာတာဝါတိုင်များအနေဖြင့်လည်း ပြည်ပ
ကုမ္ပဏီတစ်ခုဖြစ်သော အူရီးဒူးသည် ရာနှုန်းပြည့် နီးပါး မြို့ကြီးများတွင် ဖြန့်ကျက်ထားမှု ရှိနှင့်နေပြီး
တယ်လီနောအနေဖြင့်လည်း ဆက်သွယ်ရေးကွန်ယက်များ ကို မြန်မြန်ဆန်ဆန် ချဲ့ထွင်လျက်ရှိ
ကြောင်း၊ တစ်နိုင်ငံလုံး အဓိက အားကိုးလျက်ရှိသော မြန်မာ့ဆက်သွယ်ရေး အမ်ပီတီသည်လည်း
၎င်းတို့၏ မူရင်း တာဝါတိုင်များ တွင် 3G station များ လိုက်လံ တပ်ဆင်ခြင်းများကို အကောင်
အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၅ အလွန်တွင် မြန်မာနိုင်ငံရှိ အရင် 3G station ထက်
နှစ်ဆခန့် တိုးတက်ကောင်းမွန်လာမည်ဟုလည်း အော်ပရေတာ အသီးသီးက ကွန်ယက်ဖြန့်ကျက်
မှု အခြေ အနေအရပ်ရပ်ကို ထုတ်ပြန်ထားပြီးဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်