ဗိုင်ဘာမှ လူမှုဖျော်ဖြေရေးကွန်ရက် အသစ် Public Chat မိတ်ဆက်

ဗိုင်ဘာမှ လူမှုဖျော်ဖြေရေးကွန်ရက် အသစ် Public Chat မိတ်ဆက်

နိုဝင်ဘာလ ၁၇ ရက်နေ ့တွင် ဗိုင်ဘာကုမ္ပဏီမှ အသစ်ထပ်မံ မိတ်ဆက်လိုက်သော Public Chat
ကို အသုံးပြုကာ လူတစ်ယောက်မှ လူ အများဆီသို ့ မည်သူမဆို ၀င်ရောက်ကြည့်ရှု နိုင်သည့်အပြင်
မိမိသဘောကျနှစ်သက်သော နာမည်ကြီးသူများ၊ ကုန်ပစ္စည်းအမှတ်တံဆိပ် များကို Public Chat မှ
တစ်ဆင့် အမြဲမပြတ် ထိတွေ့ခွင့်ရရှိနေပြီ ဖြစ်သည်။

"ဗိုင်ဘာရဲ ့ Public Chat က wifi ဆွေး နွေးနေတဲ့စကားတွေကိုနားထောင်နိုင်သလို၊ မိမိနဲ့ သက်
ဆိုင်တဲ့သူ၊ မိမိစိတ်ဝင်စားသောအရာတွေနဲ့လည်း အမြဲ Up to date ဖြစ်နေ အောင် လုပ်ဆောင်
ပေးတဲ့အတွက် အသစ် သောနည်းလမ်းတွေနဲ့ အပြန်အလှန် အကျိုး သက်ရောက်မှုရှိစေပါတယ်"
ဟု ဗိုင်ဘာမှ အလုပ်အမှုဆောင်အရာရှိချုပ် Talmon Marco ကပြောသည်။

ယင်း Public Chat တွင် ဗိုင်ဘာသုံးစွဲသူများသည် နာမည်ကြီးသူတွေရဲ့ ဗိုင်ဘာပေါ်က စကားများ
ကိုကြည့်ရှုနိုင်သည့်ပြင် (chat) တစ်ခုချင်းစီကို  လုပ်နိုင်ပြီး အဆိုပါ ချက်များတွင် စာသာမက၊ ဗီဒီ
ယိုများ၊ ဓာတ်ပုံများ၊ စတေကာများနှင့် ကြည့်ရှုနိုင်မည့် လင့်ခ်များပါ၀င်မည်ဖြစ်သည်။

လက်ရှိ Public Chat တွင် မြန်မာနိုင်ငံရှိနည်းပညာကုမ္ပဏီဖြစ်သည့် ဆမ်ဆောင်း၊ တင်မိုးလွင်၊
ဖက်ရှင်ဒီဇိုင်နာ Steven Oo၊ ပြည် တွင်း Lifestyle guide Myanmore, e-commerce ၀က်ဘ်
ဆိုက် Wae Yaung၊ အိုင်တီနှင့် ဆော့ဖ်ဝဲကုမ္ပဏီ Myanmar High Society၊ ပြည်တွင်းတေးသီချင်း
အဖွဲ့ JAM IT နှင့်ဆက်သွယ်ရေး အော်ပရေတာ တယ်လီနောမြန်မာ မှာတို့ကို Follow လုပ်နိုင်
ကာ အမြဲမပြတ် ၎င်း တို့၏ အချက်အလက်များကိုလေ့လာနိုင်ပြီဖြစ်သည်။

ယင်း Public Chat သည် သုံးစွဲသူများထက် စီးပွားရေးသမားများအတွက် ပိုမိုအသုံးပြု ကြောင်း
ဗိုင်ဘာသုံးစွဲသူများက မြန်မာတိုင်း(မ်) ကို ပြောသည်။

"အခု ဗိုင်ဘာကထပ်ထုတ်လိုက်တဲ့ Public Chat က စီးပွားရေးသမားတွေအတွက် အရမ်း မိုက်
တယ်။ သူတို့ရဲ ့ကုမ္ပဏီကို ဒီ Public Chat ကနေမှ ကြေညာလိုက်ရင် ဗိုင်ဘာသုံး တဲ့ သူတွေဆီ
ကို တိုက်ရိုက်ရောက်မယ်။ အခုမြန်မာနိုင်ငံမှာကလည်း ဗိုက်ဘာသုံးစွဲသူ ဦးရေက သန်းချီနေတာ
ဆိုတော့ စီးပွားရေး သမားတွေအတွက် ပိုအသုံးဝင်ပါတယ်" ဟု ဗိုင်ဘာအသုံးပြုသူ ဦးကျော်သူ
အောင်က ပြောသည်။

ထို့အတူ အခြားပြည်တွင်းနာမည်ကြီး ချက် များကိုလည်း Public Chat များ၏  Home
screen တွင် ဖော်ပြပေးမည်ဖြစ်ပြီး သုံးစွဲသူ များသည် မည်သူနှင့် စကားပြောနေသည်ကို
တိုက်ရိုက်မြင်တွေ ့နိုင်မည် ဖြစ်သည်။ "ဗိုင်ဘာအက်ပလီကေးရှင်းက အင်တာနက်ကွန်နက်ရှင်
ကောင်းနေတယ်ဆိုရင် အချင်းချင်းဆက်သွယ်လို့ ကောင်းတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံဆက်သွယ်
လို့ ကောင်း တဲ့ အက်ပလီကေးရှင်းဖြစ်လာပါပြီ။ အဲဒီထဲ ကမှ Public Chat လိုမျိုးကိုကြိုက်တဲ့
ပစ္စည်း တွေကို follow လုပ်ထားမယ်၊ ကိုယ်ကြိုက် တဲ့ နာမည်ကြီးတွေကို Follow လုပ်ထား
မယ်ဆိုရင် သူတို့ရဲ့ ပြောစကားတွေ တင်လိုက် သမျှ လုပ်ရှားမှုတွေကိုကြည့်လို ့ရတယ်ဆိုတော့
စိတ်ဝင်စားစရာ ကဏ္ဍလေးတစ်ခုပါပဲ" ဟု ဗိုင်ဘာသုံးစွဲသူ ဦးကိုကိုအောင်ဝင်းက ပြောသည်။

အန်းဒရွိုက်စနစ်သုံးစမတ်ဖုန်းများနှင့် အိုင်အိုအက်စ်စနစ်သုံးစမတ်ဖုန်းများတွင် အသုံးပြုနိုင်သည့်
ယင်း Public Chat ကို ဒက်စ်တော့ဗားရှင်းတွင်လည်း အသုံးပြု နိုင်ရန် ဆောင်ရွက်နေပြီး၊ ယင်း
Public Chat တွင် မိမိ၏ကုန်ပစ္စည်းများ၊ မိမိအကြောင်း များကိုဖော်ပြချင်လျှင် www.viber.com
သို့ မေးလ်ပို့ကာ ဆောင်ရွက်နိုင်ကြောင်း ဗိုင်ဘာ မှတာဝန်ရှိသူက ပြောသည်။

Public Chat နှင့် အဖွဲ့လိုက်ချက်ကွာခြား မှုသည် အဖွဲ့လိုက်ချက်ခြင်းတွင် Partic-
ipant အချင်းချင်းသာ ချက်နိုင်ပြီး ပတ်လလစ် ချက်မှာမူ follow လုပ်ရုံမည်သူမဆိုချက်နိုင် သည်။
၎င်း Public Chat မှ အချက်အလက် များကို မိမိ၏ ဖေ့စ်ဘွတ်ခ်ရှိ သူငယ်ချင်းများ ထံသို့လည်း
ဝေမျှနိုင်ပြီး Public Chat အတွင်း ရှိ ဓာတ်ပုံများကိုလည်း ဖုန်းအတွင်းသို့ သိမ်းဆည်းထားနိုင်သည်။

ဗိုင်ဘာကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ စာရင်း သွင်းထားသူပေါင်း သန်း ၆၈၀ နှင့် ပုံမှန် အသုံးပြုသူသန်း
၄၀၀ ကျော် ရှိနေပြီဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ဗိုင်ဘာသုံးစွဲသူဦးရေ ၅ ဒသမ ၅ သန်း ရှိနေပြီဖြစ်သည်။
ကမ္ဘာတစ်ဝန်း သုံး ဗိုင်ဘာအက်ပလီကေးရှင်းကို iphone ၊ အန်းဒရွိုက်စနစ်သုံးဟန်းဆက်များ၊
တက်ပ လက်၊ ၀င်းဒိုးဖုန်း၊ BlackBerry, Black- Berry 10 , Windows, Windows 8,Mac,
Linux , Symbian, Nokia S40 နှင Bada Device များ တွင် အလွယ်တကူအသုံးပြုနိုင်ပြီး 3G
4G နှင့် Wifi ကွန်ရက်များဖြင့်ချိတ်ဆက်ကာ ယင်း အက်ပလီကေးရှင်းကို အသုံးပြုနိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်