နည်းပညာသမားတွေရဲ့ ဆုံရပ်ဖြစ်လာမယ့် ဆူးလေတက်ခ်

နည်းပညာသမားတွေရဲ့ ဆုံရပ်ဖြစ်လာမယ့် ဆူးလေတက်ခ်

အထပ် ၁၁ ထပ်ရှိပြီး ဆူးလေဘုရား အပါ အဝင် ရန်ကုန်မြို့ထဲက ရှုခင်းတွေကို မျက်စိ တစ်ဆုံး
ကြည့်ရှုခံစားလို့ ရစေမယ့်နေရာတစ်ခြုဖစ်တဲ့ MAC Tower ထက်မြင့်တဲ့ အဆောက်အအုံတွေ
ရန်ကုန်မှာ နည်းနည်း လေးပဲရှိပါတယ်။

ရန်ကုန်မြို့ထဲက ဆူးလေ ဘုရားရဲ့အမည်ကို ယူထားတဲ့ ှကူန ွှနခ့ လို့ခေါ်တဲ့ ရုံးခန်း၊ အခမ်းအနားနဲ့
လုပ်ငန်း တွေ ပူးတွဲလုပ်ကိုင်လို့ရတဲ့ နေရာတစ်ခုကို MAC တာဝါရဲ့ အပေါ်ဆုံးထပ်မှာ ဖွင့်လှစ် ထား
ပါတယ်။ အခုတော့ အူရီဒူးရဲ့ အစပျိုးလုပ်ငန်း တွေအတွက် စီးပွားရေးဆိုင်ရာ ပံ့ပိုးမှုတွေ ပေးနေတဲ့
ကုမ္ပဏီတစ်ခုဖြစ်တဲ့ ideabox နဲ့ Code  for Change Myanmar တည် ထောင်သူ David
Maddenရဲ့ အကျိုးအမြတ် မရှာတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ (ဖန်ဒီး ယာ) တို့က အဲဒီမှာ ရုံးခန်းငှား
ရမ်းဖွင့်လှစ် ထားပါတယ်။

MAC Tower  ရဲ့ ၁၁ ထပ်မှာ ဒီလုပ်ငန်းနှစ်ခုရဲ့ ရုံးခန်းကို ဖွင့်လှစ်ထား တယ်ဆိုပေမယ့် ၆,၀၀၀
စတုရန်းပေရှိတဲ့ ဒီအထပ်မှာ လူထုနဲ့သက်ဆိုင်တဲ့ နေရာ တွေလည်း စီစဉ်ပေးသွားမှာလို့ သိရ ပါ
တယ်။ ရန်ကုန်မြို့လယ်ကောင်ကို တစ်ခါ တလေဆူးလေလို့ ခေါ်ကြတဲ့အတွက် ဆူးလေတက်ခ်
ကတော့ မြန်မာနိုင်ငံတစ် ၀န်းမှာရှိတဲ့ နည်းပညာလုပ်ငန်းကသူတွေ အတွက် ဆုံရပ်တစ်ခုအဖြစ်
၀န်ဆောင်မှု ပေးဖို့ ကြိုးစားနေတာကြောင့် ဒီနာမည် လေးနဲ့ လိုက်ဖက်ပုံရပါတယ်။ နည်းပညာဆိုင်
ရာ ကျွမ်းကျင်သူတွေ၊ စိတ်ဝင်စားသူတွေနဲ့ သူတို့လို လူတန်းစား တွေအတွက် နေရာတစ်ခုဆိုတာ
မျိုးထက် တခြားသူတွေကိုပါ ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ထားတဲ့အတွက် ဒီနေရာလေးဟာ စီးပွားရေး
လုပ်ငန်းပေါင်းစုံက လုပ်ငန်းရှင် တွေ တွေ့ဆုံနိုင်မယ့် လမ်းဆုံတစ်ခုဖြစ် လာနိုင်သလို "စိတ်ကူးတွေ
ကို ဆွေးနွေး ငြင်းခုံကြမယ့်" နေရာတစ်ခုပါဖြစ်လာနိုင် တယ်လို့ ideabox ပူးတွဲတည်ထောင်သူ
နဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုဆိုင်ရာ အူရီ ဒူးမြန်မာဒါရိုက်တာ Julian Gorman က ပြောပါတယ်။

လုပ်ငန်းနယ်ပယ်ကသူတွေ အချင်း ချင်းအဆက်အစပ်မရှိကြတာဟာ မြန်မာ နိုင်ငံမှာ တွေ့ရတဲ့
အဓိကအချက်တစ်ချက် ပါ။ မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ နည်းပညာနယ်ပယ်
က လုပ်ငန်း ရှင်တွေနဲ့ ပညာရှင်တွေ တွေ့ဆုံကြတဲ့ ပွဲမှာ တက်ရောက်လာကြတဲ့ သူတွေကို
စစ်တမ်းကောက်ကြည့်တဲ့အခါ စစ်တမ်း ဖြေကြားသူ လေးပုံသုံးပုံလောက်ဟာ ဒီပွဲ မှာ ပါ၀င်
တက်ရောက်သူအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းအောက်လောက်ကိုပဲ သိကြ တာကို တွေ့ရတယ်လို့
Mr Madden က ပြောပါတယ်။ အဆက်အသွယ်မရှိတဲ့ ကွန် ရက်ကို အချိန်အဆက်ရှိလာအောင်
လုပ် မယ်ဆိုတဲ့ ဆူးလေတက်ခ်ရဲ့ ရည်ရွယ်ချက် က ဖြစ်လာနိုင်ပုံရပါတယ်။

"အဓိကရည်ရွယ်ချက်ကတော့ ဆူးလေ တက်ခ်ကို လူထုနဲ့သက်ဆိုင်တဲ့ တကယ့် နေရာတစ်ခုဖြစ်
လာစေဖို့ပါပဲ။ အင်တာနက်ကွန်နက်ရှင်ရဖို့အတွက် ထရိတ်ဒါး ဟိုတယ်အောက်မှာလူတွေ သွားထိုင်
နေ ကြမယ့်အစား လူတွေဒီကိုတကယ်လာကြ မှာပါ" လို့ Mr Gorman က ပြောပါတယ်။

"ဒီကို ဘယ်အချိန်လာမလဲဆိုတာထက် ဒီမှာ တခြားဘယ်သူနဲ့တွေ့ရမလဲဆိုတာမျိုး ဖြစ်လာမှာပါ"
လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံကလို လုပ်ငန်းနယ်ပယ်ပတ်ဝန်းကျင်မျိုးမှာ လုပ်ငန်းအစပျိုးလုပ်
ကိုင်ရာမှာ လုပ်ငန်းနယ်ပယ်မျိုးစုံက လူတွေ နဲ့ အဆက်အသွယ်မရှိတဲ့အခါ ခက်ခဲရှုပ်ထွေးမှုတွေ
ဖြစ်စေပါတယ်။ "တက်ကြွမှုရှိတဲ့သူတွေနဲ့ အဆက် အသွယ်ဖြစ်အောင်လုပ်ထားခြင်းကြောင့် အပြန်
အလှန် အကျိုးရှိစေပါတယ်" လို့ လည်း သူက ပြောပါတယ်။


 

"လူတိုင်း Sergey Brin နဲ့ ဂိုဒေါင်တစ်ခုအတွင်းမှာ ဂူးဂဲလ်ကို စတင်ခဲ့ကြတဲ့သူတွေအကြောင်း
ပြောနေကြပါတယ်။ တခြားသူတွေကိုလည်း ဒီအကြောင်းပြောပြဖို့ အချိန်အများကြီး ယူထားကြ
ပါတယ်" လို့ သူက ပြောပါ တယ်။ ဆွေးနွေးပွဲတွေ၊ တွေ့ဆုံပွဲတွေနဲ့ လုပ်ငန်း နယ်ပယ်တူက
သူတွေအချင်းချင်းတွေ့ဆုံဆွေးနွေးကြတဲ့ပွဲတွေလို ှုိနဘေသထ နဲ့ ဃသိန ်သမ Change
Myanmar က မကြာ သေးခင်က ပြုလုပ်ခဲ့တဲ့ အခမ်းအနား တွေကြောင့် နည်းပညာလုပ်ငန်း
နယ်ပယ် ကသူတွေဟာ အွန်လိုင်းပေါ်ကနေ တွေ့ ကြတာမျိုးမလုပ်တော့ဘဲ အပြင်မှာ တကယ်
တွေ့ပြီးကျင်းပတဲ့ ဆွေးနွေးပွဲတွေ ကို တက်ရောက်လာကြပါတယ်။ အခု တော့ တစ်လတစ်ကြိမ်
တွေ့ဆုံဆွေးနွေး ကြတဲ့ ဩဘငူန ဩညိပေ လိုအခမ်းအနား တွေ ဆူးလေတက်ခ်မှာ ကျင်းပနိုင်
ပါပြီ။

"လုပ်ငန်းရှင်တွေလိုပဲ မြို့တစ်မြို့မှာ ကောင်းတာတစ်ခုခုရဖို့ဆိုတာက ဟင်း ချက်နည်းကောင်း
တစ်ခုကို ဖန်တီးရသလိုပါပဲ။ သင့်တော်တဲ့ အမည်တွေ ပါ၀င်ဖို့လို သလို ချက်ပြုတ်ပေးမယ့်သူ
လည်း လိုပါ တယ်" လို့ ှုိနဘေသထ က အထောက်အပံ့ပေး ထားတဲ့ လုပ်ငန်းသစ်တစ်ခုဖြစ်
တဲ့  Go Pro-ject က Kevin Miller ကပြောပါတယ်။

"ဒီလိုနေရာမျိုးတွေဟာ လူတွေအချင်း ချင်းတွေ့ဆုံပြီး အကျိုးရှိတဲ့အရာတွေကို ဖြစ်စေသလို
ထူးထူးခြားခြားတွေကိုလည်း ဖြစ်ပေါ်စေပါတယ်" လို့ သူက ပြောပါ တယ်။ ှုိနဘေသထ နဲ့
ဖန်ဒီးယာ တို့ကတော့ ၁၁ ထပ်မှာ ရုံးခန်းဖွင့်ထားမှာဖြစ်ပေမယ့် အခန်းကန့်တာမျိုး မလုပ်ဖူး
လို့ဆိုပါတယ်။လုပ်ငန်းနှစ်ခုစလုံးက အခမ်းအနားတွေ ကျင်းပပေးဖို့ စီစဉ်ထားပြီး ှုိနဘေသထ
က တော့ သူ့ရဲ့ လုပ်ငန်းအစပျိုးသူတွေကို ပံ့ပိုး ပေးမယ့်အစီအစဉ်အတွက် ဆောင်ရွက်မှာဖြစ်
သလို ဖန်ဒီးယာ ကတော့ လူထူ အကျိုးပြုနည်းပညာတွေအတွက် ရှေ့ဆက် ဆောင်ရွက်သွား
မှာ ဖြစ်ပါတယ်။

"မြန်မာနိုင်ငံက နည်းပညာဆိုင်ရာ လုပ်ငန်းနယ်ပယ်ပတ်ဝန်းကျင်မှာ ဖြစ်ပျက် နေတာတွေရဲ့
တချို့ကဏ္ဍတွေဟာ လူတွေရဲ့ ဘဝကို တကယ်တိုးတက်မှုဖြစ်စေနိုင်တဲ့ အရာတွေဖန်တီးနိုင်ဖို့
အားထုတ်မှုတွေ ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ဘယ်လို အသေအချာသိနိုင်မလဲ" လို့ Mr
Madden က ပြောပါတယ်။

ဖန်ဒီးယာကိုတော့ နည်းပညာကို မြန်မာ နိုင်ငံမှာ ကောင်းစွာအသုံးချနိုင်ဖို့ အတွက် ကျယ်ကျယ်
ပြန့်ပြန့်ဆောင်ရွက်ဖို့ ဃသိန ်သမ Change Myanmar ကနေ ပြောင်းလဲဖြစ် ပေါ်လာတာပါ။
ဆန်းသစ်တီထွင်မှု တွေ ပြုလုပ်ရာနေရာဖြစ်တဲ့ ဒီလုပ်ငန်းရဲ့ ရည်ရွယ်ချက်ကတော့ လုပ်ငန်းခွင်မှာ
ပါ၀င်မယ့် အုပ်စုသုံးစုရရှိဖို့ပါ။ (Mr Madden ရဲ့အပြောအရ နေရာတစ်ခုလုံးရဲ့ အဓိကအုတ်မြစ်ဖြစ်
တဲ့) နည်းပညာလုပ်ငန်း နယ်ပယ်ကသူတွေကို လူ့အဖွဲ့အစည်းအပြင် လွတ်လပ်တဲ့ မီဒီယာတွေနဲ့
အဆက် အသွယ်ရှိစေဖို့ အဓိကပါ။ "ဖန်ဒီးယာဆိုတာ နေရာတစ်ခုဖန်တီး တည်ဆောက်ပြီး လူတွေ
လာစေဖို့ မျှော်လင့် တာတစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော် တို့ ဆောင်ရွက်မယ့် အစီအစဉ်တွေ
ရှိပါ တယ်" လို့ Mr Madden က ပြောပါ တယ်။

အကျိုးအမြတ်မရှာတဲ့ ဒီအဖွဲ့အစည်း ရဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာ နိုင်ငံမှာရှိတဲ့ နည်း
ပညာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေကို စုစည်းဖို့၊ လူ့အဖွဲ့ အစည်းနဲ့ လွတ်လပ်တဲ့ မီဒီယာတွေ
ကို နည်းပညာကို အသုံးချရာမှာ အကူအညီပေး ဖို့နဲ့ လူတွေကို အတူစုစည်းမိစေဖို့ပဲလို့ စင် ကာပူ
မှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ပွဲမှာ သူက ပြောကြားခဲ့ပါတယ်။ တကယ်လို့ နည်းပညာမှာ ခုန်
ကျော် တိုးတက်မှုတွေ ဖြစ်လာစေဖို့ ဒီအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေသာ ထင်ထားတဲ့အတိုင်းသာဖြစ်လာ
မယ်ဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်အတွက် အရေးပါလှတဲ့ အချက် တစ်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံ
က သူတွေ အချင်းချင်း အဆက်အသွယ်ရစေဖို့အပြင် နယ်စပ်က တခြားသူတွေနဲ့လည်း အဆက်
အစပ်ရှိစေဖို့ ဒီအဖွဲ့က ကူညီပေးနိုင် ပါတယ်။

"ဒီလို လူထုပါ၀င်တဲ့ နည်းပညာအသိုင်း အဝိုင်းတစ်ခုကို ပိုကျယ်ပြန့်တဲ့ ကမ္ဘာ့ အသိုင်းအဝိုင်းနဲ့
ချိတ်ဆက်မိစေဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်" လို့ Mr Madden က ပြောပါတယ်။ "တခြား
သူတွေကသွားခဲ့တဲ့ လမ်းဆုံး တွေကို အချိန်ကုန်ခံပြီး သွားနေစရာမလိုအောင် ဒါမှမဟုတ် ရှေ့
ဆက်မယ့်လမ်းမှာ ခပ်များများ ရပ်စရာမလိုဘဲ ခပ်မြန်မြန်ဆက် သွားနိုင်စေဖို့ ကျွန်တော်တို့ စီစဉ်
ပေးထား တာပါ" လို့ သူက ပြောပါတယ်။ ဆူးလေတက်ခ်ကို အနှေးနဲ့ အမြန်ဆို သလို ၂၄ နာရီ
ပိတ်ရက်မရှိ ဖွင့်လှစ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။

ဖန်ဒီးယာကို ပိုမို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် Internews နဲ့ Omidyar Network (eBay)
တည်ထောင် သူ Pierre Omidyar နဲ့ ဇနီးတို့ရဲ့ ကုသိုလ် ဖြစ် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ)တို့ လက်တွဲ
လိုက်တယ်လို့လည်း Mr Madden က ပြောပြပါတယ်။

"လူတွေ လာရောက်အသုံးပြုနိုင်မယ့် တကယ့်ကို ရိုးရှင်းတဲ့ အရာတချို့ကျွန်တော် တို့
ဖန်တီးကြမှာပါ။ ပြီးတော့ အဲဒါကို လူတိုင်းအတွက် အဆင်ပြေစေပြီး အမြဲ ဆက်သွယ်သွားလာနိုင်
စေချင်ပါတယ်။ ဒါမှ လက်တွေ့ကျမှာပေါ့" လို့ Mr Madden က ပြောပါတယ်။ "ဖန်ဒီးယာရဲ့ အစိတ်အပိုင်းတွေနဲ့ သာမာန်နေရာတွေကို ငှားရမ်းဖို့ သူတို့မှာ အခွင့်အရေးရှိမယ်လို့ ကျွန်တော်ထင်ပါတယ်"လို့ သူက ပြောပါတယ်။ လူတွေဟာအခမ်းအနားတွေအတွက် နေရာပေါင်းစုံကို လှည့်ပြီးသွားနေစရ မလို တော့သလို ဆူးလေတက်ခ်ရဲ့ ၁၁ ထပ်က လိပ်စာသစ်မှာ စတည်းချပြီး ပွဲတစ်ခုပြီး တစ်ခု တက်နိုင်သွားတော့မှာပါ။ နေရာသစ်ကြောင့် ရန်ကုန်မြို့လည်း ပိုကျဉ်းသွားသလို ခံစားရစေမှာဖြစ်ပြီး သွားရေးလာရေး အတွက်လည်း စိတ်ပူစရာမလိုတော့ပါဘူး။ ဒီတာဝါရဲ့အမြင့်က ပေ ၃၀,၀၀၀ က မျက်စိ တစ်ဆုံးမြင်ကွင်းတစ်ခုတော့ မပေးနိုင်ပေ မယ့် မြန်မာနိုင်ငံနဲ့ တခြားနိုင်ငံတွေမှာ ဘယ်သူက ဘာတွေဖြစ်မြောက်ထားလဲဆို တဲ့ အချက်တွေနဲ့အတူ လုပ်ငန်းနယ်ပယ်ကြီးတစ်ခုလုံးနဲ့ ပတ်သက်ပြီး ပိုကောင်းတဲ့စိတ်ကူးတွေကို သိရှိနိုင်စေမှာပါ။

သီရိမင်းထွန်း ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်