တယ်လီနောမြန်မာသည် မြန်မာအိုင်စီတီဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့အမ်အိုင်ဒီအိုဖြင့် ပူးပေါင်း ကာ
မြန်မာနိုင်ငံတွင် ရပ်ရွာအခြေပြုသတင်းအချက်အလက်စင်တာ ၂၀၀ ဖွင့်လှစ်သွားရန် တယ်လီနော
နှင့် အမ်အိုင်ဒီအို၏ ပူးပေါင်းသဘောတူညီချက်ကို ၂၀၁၄ ခုနှစ်၊ဇွန်လတွင် သဘောတူလက်မှတ်
ရေးထိုးခဲ့သည်။
ပထမဦးဆုံး အလင်းအိမ်ဟုခေါ်သည့် ရပ်ရွာအခြေပြု သတင်းအချက်အလက်စင်တာ ကို နေပြည်
တော်၊ လယ်ဝေးမြို့တွင် နို၀င်ဘာ လ ၂၀ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး၊ မကြာမီ ကာလတွင် ဒုတိ
ယမြောက် ရပ်ရွာအခြေပြု သတင်းအချက်အလက်စင်တာကို ရန်ကုန် တိုင်းဒေသကြီး ဒလမြို့နယ်
တွင် ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်သည်။
"အလင်းအိမ်တွေကို ဖွင့်လှစ်ပေးတာဟာ တယ်လီနောမြန်မာရဲ့ အရေးကြီးတဲ့လုပ်ဆောင် ချက်
တစ်ခုပါပဲ။ ဒါ့ပြင် မြန်မာနိုင်ငံတစ်ဝန်း လုံးမှာရှိတဲ့ ပြည်သူလူထုတွေကို ဒစ်ဂျစ်တယ် နည်း ပညာနဲ့
ပိုမိုရင်းနှီးမှု ရှိလာစေဖို့နဲ ့မိုဘိုင်း ၀န်ဆောင်မှုတွေကို ပိုမိုရင်းနှီးမှု မြန်မြန် ဆန်ဆန်ရစေမယ့် ခြေလှမ်း
တစ်ခုဖြစ်ပါတယ််" ဟု တယ်လီနောမြန်မာမှအလုပ်အမှုဆောင် အရာရှိချုပ် မစ္စတာပီတာဖာဘာ့က
ပြော ကြားသည်။
တယ်လီနောမြန်မာသည် စင်တာများ အတွင်းချိတ်ဆက်ဆောင်ရွက်မှုများနှင့် ပစ္စည်းများ၊ နည်းပညာ
များကို ပံ့ပိုးပေးသွား မည်ဖြစ်ပြီး၊ အမ်အိုင်ဒီအိုမှ ဒေသခံစွန်ဦး တီထွင်သူများအတွက် စင်တာများဖွင့်
လှစ်၍ နည်းပညာဆိုင်ရာ သင်တန်းများပေးသွားမည် ဖြစ်သည်။
















