မြန်မာနိုင်ငံတွင် အိုင်စီတီထူးချွန်သော လူငယ် များကို မွေးထုတ်ပေးနိုင်ရေးအတွက် Huawei
Technologies (Yangon) ကုမ္ပဏီလီမိတက်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ အိုင်စီတီထူးချွန်လူငယ်များ မွေးထုတ်ရေးစီမံကိန်းဆိုင်ရာနားလည်မှုစာချွန်လွှာကို နိုဝင်ဘာလဆန်း
က နေပြည်တော် တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
"ဟွာဝေးကုမ္ပဏီက အိုင်စီတီ လုပ်ငန်းပိုင်း ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး အင်တိုက်အားတိုက် ကူညီခဲ့ပြီး
နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး နှင့် ပတ်ဝန်းကျင် ရေရှည်တိုးတက်မှုအတွက် အထောက်အကူ
ပြုလျက် ရှိပါတယ်"ဟု ဟွာဝေးကုမ္ပဏီမှ ယန်ရှုက ပြောကြားသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက် အောက်ရှိ တက္ကသိုလ်များနှင့် ဟွာဝေး ကုမ္ပဏီတို့ ပူးပေါင်း၍
ပညာသင်ဆု ပေးအပ် ၍ နောင်လာမည့် သုံးနှစ်တာကာလအတွင်း မြန်မာနိုင်ငံအတွက် အိုင်စီတီ
ထူးချွန်သူ လူငယ်ပေါင်း တစ်သောင်းကျော်မွေးထုတ် ပေးနိုင်ရန်ခန့်မှန်းထားကြောင်း ၎င်းက
ပြောသည်။
















