ဆဲလ်ဖီတုတ်တံတွေ မှတ်ပုံတင်ပြီးမှ ရောင်းချဖို့ တောင်ကိုရီးယားနိုင်ငံမှာ ပြဋ္ဌာန်းလိုက်ပြီ

ဆဲလ်ဖီတုတ်တံတွေ မှတ်ပုံတင်ပြီးမှ ရောင်းချဖို့ တောင်ကိုရီးယားနိုင်ငံမှာ ပြဋ္ဌာန်းလိုက်ပြီ

ကိုယ်တိုင်ဓာတ်ပုံ ရိုက်ဖို့အတွက် လက်ထဲမှာ ကိုင်ထားတဲ့ ဆဲလ်ဖီတုတ်တံ (Selfie Stick)
ဟာ အန္တရာယ်မဖြစ်စေနိုင်တဲ့ အမှတ်ရဖွယ်တွေကို ဖန်တီးပေးမယ့်အရာတစ်ခုလား၊ ဒါမှ
မဟုတ် ဆက်သွယ်ရေးမှာ ကမောက်ကမ ဖြစ်စေနိုင်တဲ့ လျှပ်စစ်သံလိုက်ထုတ်လွှတ် တဲ့
အရာတစ်ခုများလား။

တောင်ကိုရီးယားနိုင်ငံမှာတော့ ဆဲလ်ဖီတုတ်တံတွေကို မှတ်ပုံမတင်ဘဲရောင်း ရင် ဒဏ်ငွေ
ဒေါ်လာ ၂၇ယဝဝ၀ ဒါမှမဟုတ် ထောင်ဒဏ်သုံးနှစ်ကျခံရမယ်လို့ သိပ္ပံပညာ ၀န်ကြီးဌာန
က ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာထားပါတယ်။ ဆဲလ်ဖီတုတ်တံကို အသုံးပြုသူအရေ
အတွက်က များလွန်းတဲ့အတွက် ဆဲလ်ဖုန်း နဲ့ ကိုယ်တိုင်ဓာတ်ပုံရိုက်ချင်သူတွေအတွက်
ထုတ်လုပ်ထားတဲ့ ကိုယ်တိုင်ရိုက်ပုံတွေကို ပိုပြီး မြင်ကွင်းကျယ်ကျယ်ရိုက်နိုင်စေတဲ့ ဆဲလ်ဖီ
တုတ်တံလေးတွေကို ရောင်းချတာနဲ့ ပတ်သက်ပြီး စည်းမျဉ်းသတ်မှတ်ရတာက တော့
လွယ်ကူမှာမဟုတ်ပါဘူး။

တောင်ကိုရီးယားသားတွေဟာ နည်း ပညာနဲ့ပတ်သက်ပြီး ၀ါသနာကြီးလွန်းကြတဲ့ အတွက်
စမတ်ဖုန်းတပ်ထားတဲ့ ဆဲလ်ဖီ တုတ်တံကို တစ်ယောက်ကကိုင်လို့ အားလုံး ပြံုးရယ်ကာ
ကင်မရာကိုမော့ကြည့်ပြီး ဓာတ်ပုံရိုက်နေကြတဲ့သူတွေကို ရှုခင်းလှပ တဲ့နေရာတွေမှာ တစ်
သုတ်ပြီးတစ်သုတ် တွေ့နိုင်ပါတယ်။ သိပ္ပံပညာဝန်ကြီးဌာနက အခုလို စည်း မျဉ်းထုတ်ပြန်
ရတဲ့ အဓိကအချက်ကတော့ ကင်မရာကို အချိန်ကိုက်ချိန်ပြီး ဓာတ်ပုံ ရိုက်တာမျိုးမဟုတ်ဘဲ
စမတ်ဖုန်းက ကင်မရာ ရှပ်တာကို အဝေးကနေ ထိန်းချုပ်ပြီး ဓာတ်ပုံ ရိုက်လို့ရစေတဲ့
ဘလူးတုသ် (Bluetooth) နည်းပညာနဲ့အတူ ထွက်ပေါ်လာတဲ့ အဲဒီ မော်ဒယ်တွေကို
ထိန်းချုပ်ချင်တာကြောင့် ပါ။

သီးခြားစီရှိနေတဲ့ နည်းပညာပစ္စည်းနှစ်ခု ကြားမှာ ၀ိုင်ယာလက်စ်ကွန်နက်ရှင်ချိတ်ဆက်
ပေးဖို့အတွက် သူတို့ရဲ့ ရေဒီယိုလှိုင်း တွေကို အသုံးပြုရတာကြောင့် ဒါတွေကို ဆက်သွယ်
ရေးကိရိယာတွေအဖြစ် သတ်မှတ် ထားပြီး ဆဲလ်ဖီတုတ်တံနဲ့တွဲပြီးဓာတ်ပုံရိုက် ကြတဲ့ဖြစ်
စဉ်တွေက အလားတူရေဒီယိုလှိုင်း တွေကို အသုံးပြုနေတဲ့ တခြားနည်းပညာ ပစ္စည်းတွေ
ကို အနှောင့်အယှက်မဖြစ်စေတာ သေချာရဲ့လားဆိုတာကိုစစ်ဆေးအတည်ပြုဖို့လိုပါတယ်
လို့ ၀န်ကြီးဌာနက ပြောပါ တယ်။

ဒါပေမဲ့ ဘလူးတုသ်ပစ္စည်းတွေကနေ ထွက်ပေါ်နေတဲ့ ရေဒီယိုလှိုင်းထုတ်လွှင့်မှု တွေက အားနည်းပြီးတိုတောင်းတဲ့အတွက် လေယာဉ်တစ်စီးစီးရဲ့ ရေဒီယိုလိုင်း ဒါမှ မဟုတ်
ရဲတွေရဲ့ ရေဒီယိုလိုင်းတွေမှာ အနှောင့် အယှက်ဖြစ်စေလောက်တဲ့ အနေအထားမျိုးတော့
မရှိနိုင်ကြောင်းနဲ့ ဒီလိုစည်းမျဉ်း ထုတ် တင်းကျပ်ရတာကတော့ လုပ်ထုံးလုပ် နည်းအရ
လုပ်ရတာလို့ သိပ္ပံပညာဝန်ကြီး ဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။ အရေးယူမှု
တွေပြုလုပ်ဖို့ တာဝန်ရှိတယ်လို့ ခံယူထား "ဘာကိုမှတော့ သိသိသာသာကြီး ထိခိုက် စေ
တာမျိုးတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဆက်သွယ်ရေးပစ္စည်းတွေကို ဆို စည်း
မျဉ်းနဲ့ ထိန်းသိမ်းထားဖို့တော့ လိုပါ တယ်။

ပြီးတော့ တရားဝင်မှတ်ပုံမတင်ထား တဲ့ ဆက်သွယ်ရေးပစ္စည်းတွေကို ထိထိ ရောက်
ရောက် အရေးယူဖို့ ကျွန်တော်တို့ ၀န်ကြီးဌာနမှာ တာဝန်ရှိပါတယ်" လို့ တောင်ကိုရီးယား
သိပ္ပံပညာဝန်ကြီးဌာန ရဲ့ ဗဟိုရေဒီယိုစီမံခန့်ခွဲရေးရုံးက တာဝန်ရှိ သူတစ်ဦးက အေအက်ဖ်
ပီကို ပြောကြား ခဲ့ပါတယ်။ စည်းမျဉ်းသတ်မှတ်ချက်က ပြင်းထန်ပေ မယ့် တာဝန်ရှိသူတွေ
ရဲ့ အရေးယူနှိမ်နှင်းမှု က အကန့်အသတ်တော့ ရှိမယ့်ပုံဖြစ်ပြီး စည်းမျဉ်းတွေကို အလေး
မထားတဲ့ ဆဲလ်ဖီ တုတ်တံရောင်းသူတွေကို ရဲတွေအများကြီး နဲ့ ၀င်စီးပြီး ဖမ်းဆီးတာမျိုး
တော့ မရှိနိုင်ပါ ဘူး။

"ပြီးခဲ့တဲ့ သောကြာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာ ပြည်သူတွေ သူတို့ရောင်းချ တဲ့
ပစ္စည်းနဲ့ ပတ်သက်ပြီး သတိထားသင့်တဲ့ အချက်ကို အသိပေးဖို့ သက်သက်ပါပဲ" လို့
အမည်မဖော်လိုတဲ့ တာဝန်ရှိသူက ပြောပါ တယ်။

"မှတ်ပုံတင်မထားတဲ့ ပစ္စည်းတွေကိုမသိဘဲရောင်းချနေမိတယ်လို့ထင်တဲ့ ဈေး သည်တော်
တော်များများ ကျွန်တော်တို့ဆီ ဖုန်းဆက် မေးမြန်းလာကြပါတယ်" လို့ သူက ပြောပြပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ စည်းမျဉ်း စည်းကမ်းတွေ တင်းကျပ်လွန်းတဲ့ လူ့အဖွဲ့ အစည်း
တစ်ခုဖြစ်ပြီး ပြည်သူတွေဟာ မှတ်ပုံ တင်နဲ့ ထောက်ခံချက်တွေ အများအားဖြင့် ရှိဖို့လိုပါ
တယ်။ ဒါပေမဲ့ ဆိုင်အတွင်းမှာ ၀ိုင်ဖိုင်ချိတ်ဆက်ဖို့အတွက် ကိုယ်ရေးကိုယ်တာအချက်
အလက်တွေပေးရာမှာ နိုင်ငံခြားသားတွေ ပေးစရာမလိုဘူးလို့ သတင်းထုတ်ပြန်ထား တဲ့
အတွက် တောင်ကိုရီးယားနိုင်ငံမှာ အများ အပြားဖွင့်လှစ်ထားတဲ့ ှအမေဘကခုျ ကော်ဖီ
ဆိုင်တွေမှာ အားပေးနေတဲ့ ဖောက်သည် တွေ မကြာသေးခင်က ကျယ်ကျယ်လောင်လောင်
ကန့်ကွက်ခဲ့ကြပါတယ်။ ဆိုင်ရှင်တွေအတွက် အခက်မတွေ့နိုင်တဲ့ စည်းမျဉ်းသစ် ဆိုးလ်မှာ
ရှိတဲ့ ဆဲလ်ဖီတုတ်တံရောင်းသူ တွေကတော့ ၀န်ကြီးဌာနရဲ့ အမိန့်နဲ့ ပတ်သက် ပြီး အခက်
မတွေ့ဘဲ အေးအေးဆေးဆေးရှိ ကြတဲ့ပုံပါပဲ။

"စည်းမျဉ်းသစ်နဲ့ ပတ်သက်ပြီး ကျွန်တော့်ကိုလည်း ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်ရောင်း
တဲ့ ပစ္စည်းတွေအားလုံး ဟာ ထောက်ခံချက်ရှိပါတယ်။ ဒါကြောင့် ကျွန်တော့်အတွက်
ဘာပြဿနာမှ မရှိပါဘူး။ ဆိုင်ကြီးတချို့ကတော့ မှတ်ပုံမတင်ထားတဲ့ ပစ္စည်းတွေကို ရှင်းပစ်
ရမှာပေါ့လေ"လို့ မျိုးရိုးအမည် 'လီ' ဆိုတာကိုပဲ ပြောပြတဲ့ ဆိုးလ် မှာရှိတဲ့မြောင်ဒုံရပ်ကွက်
က မြေအောက်မီးရထားဘူတာအနီးမှာ စမတ်ဖုန်းကာဗာတွေနဲ့ ဆဲလ်ဖီတုတ်တံတွေရောင်း
တဲ့ ဆိုင်ကလေးရဲ့ ပိုင်ရှင်ဖြစ်သူက ပြောပါတယ်။ ဈေးရောင်းကောင်းတဲ့နေ့တွေဆို ဆဲလ်ဖီ
တုတ်တံတွေ အများကြီးရောင်းရတယ်လို့ လူစည်ကားလှတဲ့ မြောင်ဒုံတစ်ဝိုက်က ဆိုင်ရှင်
တွေက ပြောပါတယ်။ လီကတော့ ပုံမှန် ၁၂ ခုအောက်လောက်တော့ ရောင်းရတယ်လို့ ဆို
ပါတယ်။

"တကယ်တော့ ဒီပစ္စည်းတွေက အမြတ် အများကြီး မကျန်ပါဘူး။ ဆိုင်တွေက အများကြီး
ရှိနေတဲ့အတွက် ဈေးသိပ်တင်ပြီး ရောင်းလို့မရပါဘူး" လို့ သူက ပြောပါတယ်။ သာမန်
ဆဲလ်ဖီတုတ်တံမျိုးဆိုရင် ငါး ဒေါ်လာအောက်လောက်ပဲ ပေးရပြီး ဘလူး တုသ်ပါတဲ့တုတ်
တံတွေဆို ၂၅ ဒေါ်လာနဲ့ အထက်မှာရှိပါတယ်။ "ဆဲလ်ဖီ" (ကိုယ်တိုင်ဓာတ်ပုံရိုက်ခြင်း) ကို
အောက်စ်ဖို့ဒ်အဘိဓာန်က ၂၀၁၃ ခုနှစ်မှာ ရွေးချယ်ခဲ့ပြီး ဒီစကားလုံးကို ဩစတြေးလျ
အွန်လိုင်းဖိုရမ်တစ်ခုမှာ ၂၀၀၂ခုနှစ်က တီထွင်အသုံးပြုခဲ့တယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့
တောင်ကိုရီးယားတွေကတော့ အဲဒီမတိုင်ခင်ကတည်းက ကိုရီးယားလို Selca လို့ (Self
နဲ့ Camera) ကို ပေါင်းပြီး ခေါ်ခဲ့ကြကြောင်းနဲ့ ၁၉၉၀ ပြည့်လွန်နှစ် ကတည်းက ဒီစကား
လုံးကို တွင်တွင်ကျယ် ကျယ် အသုံးပြုနေကြတယ်လို့ ဆိုကြပါ တယ်။

ကိုယ်တိုင်ရိုက်ဓာတ်ပုံတွေဟာ ကိုရီးယား ပေါ့ပ်တွေနဲ့အတူ အကြီးအကျယ်ခေတ်စား လာ
ခဲ့တာပါ။ အနုပညာရှင်တွေ ပါ၀င်တဲ့ ဆဲလ်ဖီပုံကို Ellen DeGeneres က ၂၀၁၄ ခုနှစ် အော်
စကာပွဲမှာ ရိုက်ခဲ့ပေမယ့် ကိုရီးယား ပေါ့ပ်စတားတွေကတော့ သူတို့ကိုယ်တိုင် ဓာတ်ပုံရိုက်
ပြီး ပုံတွေကို တင်ကြတာကို အဲဒီ နှစ်မတိုင်ခင် နှစ်တော်တော်ကြာကြာက တည်းက လုပ်ခဲ့
ကြတာလို့ သိရပါတယ်။

(အေအက်ဖ်ပီ) 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်