တယ်လီနောမြန်မာသည် ငါးနှစ်အတွင်း တာဝါ တိုင် ၈,၀၀၀ ကျော်ဖြင့် မြန်မာနိုင်ငံ၏
လူဦး ရေ ၉၀ ရာခိုင်နှုန်းကို ၀န်ဆောင်မှုပေးနိုင်ရန် မျှော်လင့်ထားကြောင်း တယ်လီနော
မြန်မာ ၏ အမှုဆောင်အရာရှိချုပ် Mr Petter Furberg က မြန်မာတိုင်း(မ်)ကို
ပြောသည်။
လက်ရှိတွင် ကွန်ရက်တိုးချဲ့ရန် လိုအပ် သည့် တာဝါတိုင်များတည်ဆောက်မှုကို လုပ်
ဆောင်နေသလို ဆင်းကတ်အရေအတွက် နှင့် ကွန်ရက်ဖြန့်ကြက်မှု အနေအထားအား
ကိုက်ညီအောင် ဆောင်ရွက်နေကြောင်း လည်း ၎င်းက ပြောသည်။
"လက်ရှိမှာ တယ်လီနောက ဆင်းကတ်ဖြန့် တဲ့အနေအထားနဲ့ နက်ဝေါ့ဖြန့်တဲ့အနေအထား
ကို မျှအောင်လုပ်နေတာပါ။ ဆင်းကတ် တွေအများကြီးချပေးလို့ အရည်အသွေးကျ သွား
တာမျိုးလည်း မဖြစ်စေချင်ဘူး။ နေ့တိုင်း မှာလည်း ဆင်းကတ်အရေအတွက် ထောင်ချီ ပြီး
တော့လည်း ရောင်းနေရပါတယ်" ဟု ၎င်းက ပြောသည်။
ရန်ကုန်တွင် တာဝါတိုင်အရေအတွက် ၈၀၀ လိုအပ်ရာ လက်ရှိတွင် ၄၀၀ နီးပါးရှိပြီး
တစ်လလျှင် ပျှမ်းမျှ တာဝါတိုင် ၁၀၀ စိုက်ထူ သွားမည်ဖြစ်သည်။
"အခုလည်း တာဝါတိုင်တွေကို လစဉ် အရေအတွက် ၅၀ ကနေ ၁၀၀ ကျော် တိုးတိုး ပြီး
ဆောက်နေပါတယ်။ တာဝါတိုင်တွေ ပိုပိုပြီး ဆောက်လာမှ ရန်ကုန်က သုံးစွဲသူတွေကို
ကြည်လင်တဲ့အသံတွေ၊ ကောင်းမွန်တဲ့ အင်တာနက်တွေ ပေးနိုင်မှာဖြစ်ပါတယ်" ဟု
Petter Furberg ကပြောသည်။
သို့ရာတွင် တာဝါတိုင်များကို အိမ်ခေါင်မိုး များပေါ်တွင် စိုက်ထူရေးအတွက် မြေပိုင်ရှင်၊
အိမ်ရှင်များအကြား ညှိနှိုင်းရာတွင်အခက်အခဲများ ရှိနေသေးကြောင်းPetter Furberg
ကပြောသည်။ "အရင်ကထက်စာရင်တော့ပါမစ်တွေရတာတော့ မြန်နေပါပြီ။
ဒီမှာပြဿနာတစ်ခု ရှိတာက အိမ်ခေါင်မိုးပေါ်တွေမှာ တာဝါတိုင် တွေဆောက်ဖို့နေရာမှာ
အခက်အခဲတွေရှိ တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြေပိုင်ရှင် တွေကသဘောတူညီမှုတို့
ဆိုင်ရာအခန်း တွေက သဘောတူညီမှုတွေယူတဲ့ နေရာ တွေမှာလည်း အခက်အခဲတွေ
ရှိနေပါသေး တယ်"ဟု ၎င်းက ပြောသည်။
လက်ရှိတွင်လည်း တယ်လီနောဆင်း ကတ်ဖြင့် အင်တာနက်အသုံးပြုရာတွင် အဆင်ပြေမှု
မရှိကြောင်း မိုဘိုင်းဖုန်းသုံးစွဲ သူဦးလှမြင့်ကပြောသည်။ "တယ်လီနောနဲ့ အင်တာနက်သုံး
ရင် ကျွန်တော့အိမ်ထဲမှာနေရင်းသုံးရင် လိုင်းမကောင်းဘူး။ အိမ်အပြင်ထွက်လိုက်မှပဲ
လိုင်းတက်လာတယ်။ ဒါတောင် ကွန်နက်ရှင် က သိပ်မကောင်းဘူး" ဟု ၎င်းကဆိုသည်။
















