တယ်လီနောဆင်းကတ် သုံးစွဲသူများအား ဖုန်း ဘေလ်ဖြည့်တင်းပေးရန် ဖုန်းဆိုင်အများစု
က အီးဈလုတ်ဆင်းကတ်ကို (Eload SIM ) အသုံးပြုကာ ဖုန်းနံပါတ်ဖြင့် တိုက်ရိုက်ငွေဖြည့်
တင်းပေးသည့် စနစ်ကို တဖြည်းဖြည်းသုံးစွဲ လာကြကြောင်း ဖုန်းငွေဖြည့်ကတ် အရောင်း
ဆိုင်များက သိရသည်။
ဖုန်းသုံးစွဲသူအများစုသည် ပုံမှန်အားဖြင့် မိမိဖြည့်သွင်းလိုသည့် ငွေပမာဏအတိုင်း ဖုန်း
ငွေဖြည့်ကတ်ဝယ်ယူကာ ခဲခြစ်ပြီး လျှို့ဝှက် နံပါတ်များကို ဖုန်းတွင်း ရိုက်ထည့်ငွေဖြည့်
လေ့ ရှိကြသည်။
သို့သော်နောက်ပိုင်းတွင် တယ်လီနောဖုန်းငွေဖြည့်ကတ်အရောင်း ဆိုင်များက လာရောက်
ငွေဖြည့်သွင်းသူ၏ ဖုန်းနံပါတ်နှင့် ဖြည့်သွင်းမည့် ပမာဏမေးပြီး နူသေိ စနစ်ဖြင့် ငွေလွှဲပို့
ကာ ဖုန်းဘေလ် ဖြည့်ပေးခြင်းဖြင့် ၀န်ဆောင်မှုပေးလာကြခြင်း ဖြစ်သည်။
"တယ်လီနောက ၀န်ထမ်းလေးတွေ ဖုန်း ငွေဖြည့်ကတ်တွေ လာချပေးတုန်းက သူတို့က
အန်တီရဲ့ ဖုန်းထဲကို နူသေိ ှှုြ ပေးတယ်။ ပြီးတော့ ဘယ်လိုအသုံးပြုရတယ်ဆိုတာ သင်ပေး
တယ်။ အဲဒါက ပိုအဆင်ပြေတာပေါ့။ နောက်ပြီး အန်တီတို့က ဆင်းကတ်ထဲမှာ ငွေတစ်
သိန်းဖြစ်စေ၊ နှစ်သိန်းဖြစ်စေထည့် ထားရတယ်။ ဖုန်းဘေလ်ဖြည့်သွင်းမယ့် သူလာ ရင်
အန်တီက သူ့ဖုန်းနံပါတ်ရယ် သွင်းလိုတဲ့ ပမာဏရယ် တောင်းလိုက်တယ်။ တစ်မိနစ်
တောင် မကြာဘူး သူကို ဆင်းကတ်ကနေပြီး ချက်ချင်း ဖုန်းငွေဖြည့်ပေးလိုက်တယ်။ ရိုးရိုး
လေးပဲ၊ ဒါပေမယ့်အကျိုးက ၀ယ်တဲ့သူက ခဲခြစ် စရာမလိုတော့ဘူး၊ နံပါတ်ပျက်သွားမှာ
စိုးရိမ် စရာတွေ မရှိတော့ဘူး"ဟု ဖုန်းငွေဖြည့်ကတ် များရောင်းချနေသော စတိုးဆိုင်က
အမျိုး သမီးကြီးတစ်ဦးက ပြောကြားသည်။
"ကျွန်တော်တို့ တယ်လီနောမှာ ဆင်းကတ်နှစ်မျိုးရှိတယ်ဗျ။ သုံးစွဲသူတွေ ဖုန်းခေါ်ဆိုမှု
တွေအတွက် ဈေးကွက်ထဲ ရှိနေတာက Customer SIM တွေပါ။ Eload SIM ကျတော့
သတ်သတ်ရှိတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ တွေအတွက် သီးသန့်ပေးထားတာ။ အဲဒီ
ဆင်းကို အသုံးပြုပြီးဖုန်း အချင်းချင်း ငွေဖြည့်လို့ရတယ်။ ငွေလွှဲလို့ရတယ်။ အဲဒီစနစ်
တွေအားလုံးကလည်း ဒီ Eload Sim ထဲမှာပဲ အလိုအလျောက်ပါ ထားပြီးသားပါ။
ဒါပေမဲ့ ကျွန်တော်တို့ ခုချိန်မှာတော့ Eload Sim တွေ တင်မကပါဘူး။ Customer SIM
တွေမှာပါ ဒီဝန်ဆောင်မှုတွေ သုံးလို့ရအောင် ဗစစူငခ အေငသည တွေ ရှိနေပါပြီ။
အန်းဒရွိုက်ရော အိုင်အို အက်စ်ရော နှစ်မျိုးလုံးအတွက်ပါ ရှိတယ်" ဟု တယ်လီနော
ကောလ်စင်တာက ကိုအောင်သူထက်က ပြောသည်။
Customer SIM အတွက် တယ်လီနော မြန်မာဟု နာမည်ပေးထားသော ဖုန်းဆော့ဖ်ဝဲ
ရယူလိုပါက ဂူးဂဲလ်စတိုးတွင် အခမဲ့ဒေါင်းလုတ်ရယူနိုင်ကာ လက်တလောတွင် အဆိုပါ
ဆော့ဖ်ဝဲကို ဒေါင်းလုတ်ဆွဲသူ ဦးရေ ၅,၀၀၀ ကျော်ရှိပြီ ဖြစ်သည်။
















