အူရီဒူးမြန်မာက ယခုလအကုန်တွင် မြန်မာ နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းအထိ ၎င်း တို့၏
ဆက်သွယ်ရေး ကွန်ရက် ဖြန့်ကြက် နိုင်ရန် မျှော်လင့်ထားကြောင်း လူမှု ဆက်ဆံရေးနှင့်
ပြန်ကြားရေးအကြီးတန်း မန်နေဂျာ မသီရိကြာညိုက ပြောသည်။
"ကျွန်မတို့ ကွန်ရက်ဖြန့်ကြက်မှုကို လူဦးရေအားဖြင့် လွှမ်းခြံုနိုင်မှုအတိုင်း အတာကိုပြောရ
ရင် ဩဂုတ်လ ၁၅ ရက် နေ့ အူရီဒူးရဲ့ ၀န်ဆောင်မှုတွေ စတင် မိတ် ဆက်တဲ့ကာလတုန်း
က မြန်မာပြည်လူဦး ရေရဲ့ ၁၅ ရာခိုင်နှုန်း၊ နို၀င်ဘာလ ၂၁ ရက် နေ့မှာ ၃၀ ရာခိုင်နှုန်း
အထိ ဖြန့်ကြက် နိုင်ခဲ့ပြီးတော့ ဒီဇင်ဘာလအကုန်မှာ မြန်မာပြည်လူဦးရေရဲ ့၄၀ ရာခိုင်နှုန်း
ကို ကွန်ရက် ဖြန့်ကြက်နိုင်ဖို့အတွက် မျှော် လင့်ထားပါတယ်"ဟု၎င်းကပြောသည်။
ထို့အတူ ငါးနှစ်အတွင်းလူဦးရေ၏ ၉၇ ရာခိုင်နှုန်းကို ၀န်ဆောင်မှုပေးနိုင်ရန်အဆင်သင့်
ဖြစ်နိုင်သည်ဟု ဆိုသည်။ အူရီဒူး ကွန်ရက် အသုံးပြုသူများသည် နိုင်ငံပေါင်း ၆၄ နိုင်ငံသို့
ခေါ်ဆိုနိုင်ပြီ ဖြစ်သည်။ အူရီဒူး၏ဝန်ဆောင်မှုကို သုံးစွဲသူများ ကလည်း ယခုအခါတွင် ဖုန်း
ခေါ်ဆိုရာတွင် ကြည်လင်ပြတ်သားသည်အသံကိုကြား ရပြီး အင်တာနက်မြန်နှုန်းကိုလည်း
သဘောကျနှစ်သက်ကြောင်း ပြောသည်။
"အူရီဒူးက ဆင်းကတ်တွေ စရောင်း တုန်းကတော့ လိုင်းကလုံးဝသုံးလို့ မကောင်း ဘူး။
အခုတော့ တော်တော်များများ နေရာ တွေမှာ ဖုန်းတွေခေါ်လို ့တော့ရနေပြီ။ အသံ ကြည်
လည်းကြည်တယ်" ဟု မိုဘိုင်းဖုန်းသုံးစွဲသူ ဦးကျော်သက်က ပြောသည်။ အူရီဒူးဆင်း
ကတ်များ စတင်ရောင်းချချိန်ဖြစ်သည့် ဩဂုတ်လတွင် ဖုန်းခေါ်ဆိုမှုအခက်အခဲများရှိ ခဲ့
သောကြောင့် သုံးစွဲသူများ၏ ယုံကြည်မှု လျော့နည်းခြင်း ခံခဲ့ရသည်။
















