ကမ္ဘာကျော် ဆမ်ဆောင်းအမှတ်တံဆိပ် စမတ်ဖုန်းများကိုသာ ၀ယ်ယူကြသော သုံးစွဲသူ
များသည် အခြားသော နာမည်ကြီးအမှတ်တံဆိပ် ဖုန်းများဝယ်ယူခြင်းထက် ရရှိသည့်
တန်းတူ အခွင့်အရေး၌ ပိုပြီး ဆုံးရှုံးလျက်ရှိ ကြောင်း ဈေးကွက်အတွင်း ရောင်းချမှုပုံစံ
အရသိရသည်။
ဈေးကွက်အတွင်းတွင် ဆမ်ဆောင်းဖုန်းများကို ရောင်းချရာတွင် ဖုန်း၏ ဘူးခွံ၌ပါသည့်
ပလတ်စတစ်စ္စည်း တံဆိပ်ကို ခွာလိုက်ပြီးသည်နှင့် အတွင်းထဲရှိ စက်ပစ္စည်းများ၏
အကောင်းအဆိုးမှန်သမျှတို့သည် ၀ယ်ယူသူ၌ သာ တာဝန်အလုံးစုံရှိသည့် ပုံစံအတိုင်း
ရောင်းချပေးလျက်ရှိသည်။ ဥပမာအားဖြင့် ရောင်းချသူသည် ၀ယ်ယူ သူရှေ့တွင် ပလတ်
စတစ်စည်းကို ဓားဖြင့်ခွဲ၍ပြီးပါက အတွင်းထဲက ပစ္စည်းသည် တရုတ်အလုံးဖြစ်သည်
ဗီယက်နမ်အလုံးဖြစ်သည် စသဖြင့် အမျိုးမျိုးရှိပြီး၊ ထိုဖုန်းသည် ဘူးထဲ ပါလာကတည်း
က ကင်မရာ၊ စကရင် တစ်ခုခုပျက်စီးနေပါက (Showroom)ဆိုင်များမှအပ ကျန်သည့်
တရားဝင် လက်လီဆိုင်များအားလုံးသည် အလုံးချင်းပြန်လည် လဲလှယ်ပေးခြင်းမရှိဘဲ၊
ဆားဗစ်သို့ ပိုခိုင်းသည်။
ထို့နောက် ဖုန်း၏ ကျောဖုန်းကို ဆူးချွန် များဖြင့်ခွာကာ ပျက်သည့် အစိတ်အပိုင်းကိုသာ
Spare Part အစားထိုးတပ်ဆင်ပြင်ဆင်ပေးခြင်း ပုံစံဖြင့် သာ တစ်နှစ်အာမခံလုပ်ဆောင်
ပေး လျက်ရှိသည်။
"ကျွန်တော်တို့ ဆားဗစ်စင်တာဆီကို သုံးစွဲသူ အဆင်မပြေလို့ ရောက်လာရင် အာမခံ
သက်တမ်းအတွင်း ပစ္စည်းကော လက်ခကော အလကားပေးပါတယ်။ ဒါပေမယ့် သုံးစွဲ
သူရဲ့ အမှားကြောင့်ဆိုရင် မလုပ်ပေးပါဘူး။ စက်ရုံကအမှားဆိုရင် အခမဲ့ အစိတ်အပိုင်း
တွေကို လဲလှယ်တပ်ဆင်ပေးပါတယ်။ ဆမ်ဆောင်းကို အလုံးလိုက် ကျွန်တော်တို့ မလဲ
ပေးဖူးပါဘူး။ ပျက်သွားတဲ့ အစိတ်အပိုင်းကိုပဲ ဖြည့်စွက်ပြင် ဆင်ပေးပါတယ်"ဟု ဆမ်
ဆောင်းဆားဗစ်စင်တာမှ Hardware Technician တစ်ဦးက ပြောသည်။
ဆမ်ဆောင်းဖုန်းဝယ်ယူသူသည် စတင်ဝယ်ယူသည့်အချိန်မှစတင်ကာ တစ်နှစ်အာမခံရ
သော်လည်း ထိုတစ်နှစ် အတွင်း Factory Fault ကြောင့်ပျက်စီးပါက အလုံးလိုက်လဲပေး
ခြင်းကို မလုပ်ပေးကြောင်း ၀ယ်ယူသည့် ဖုန်း၏ ပျက်နေသော အစိတ်အပိုင်းများကိုသာ
အသစ်ဖြင့် ပြင်ဆင်တပ်ဆင်ပေးကြောင်း ဆမ်ဆောင်းစင်တာမှ သိရသည်။
သို့ရာတွင် လက်တလောတွင် ဆမ်ဆောင်းနှင့် အပြိုင်ကုမ္ပဏီများဖြစ်သည့် အက်ပဲလ်
သည်လည်း ရရှိသည့် အာမခံတစ်နှစ်အတွင်း Factory Fault ကြောင့်ပျက်စီးပါက ဆမ်
ဆောင်းကဲ့သို့မဟုတ်ဘဲ အသစ် တစ်လုံးဖြင့် မှာယူလဲလှယ် အစားထိုးပေးပြီး ထို့အတူ
အိပ်ချ်တီစီသည်လည်း ၀ယ်ယူပြီးသည်နှင့် အာမခံ တစ်နှစ်ခွဲရပြီး ၀ယ်ယူသည့်ရက်မှစ၍
တစ်ပတ်မှ နှစ်ပတ်အတွင်း Factory Fault ကြောင့်ပျက်စီးပါက အသစ်တစ်လုံးကို အစား
ထိုးလဲလှယ်ပေးခြင်းကြောင့် လက်တလောတွင် ဈေးကြီးပေးဝယ်ရသော ဆမ်ဆောင်း
ဖုန်းအမျိုးအစားကိုင်ဆောင်သူများသည် ရသင့်ရထိုက်သော တန်းတူအခွင့်အရေးများ
ဆုံးရှုံးလျက်ရှိသည်။
"အိပ်ချ်တီစီဝယ်မယ်ဆိုရင် Customer က တစ်နှစ်ခွဲ အာမခံရမယ်ဗျာ၊ အကယ်၍ ၀ယ်ပြီး
တစ်ပတ်ကနေ နှစ်အတွင်းမှာ စက်ရုံအမှားကြောင့် ပျက်စီးခဲ့ရင်တော့ စက်အသစ်တစ်လုံး
နဲ့ အစားထိုးလဲလှယ်ပေးပါတယ်" ဟု KMD မှ တာဝန်ရှိသူက အိပ်ချ်တီစီ အမျိုးအစားနှင့်
ပတ်သက်ပြီး အာမခံစနစ်ကို ပြောသည်။ "ဆမ်ဆောင်းလေး တစ်လုံးဝယ်မိပါတယ်။ တစ်
ရက်ပဲရှိသေးတယ် ကင်မရာ အဆင်မပြေဖြစ်လို့ တရားဝင် ဆမ်ဆောင်း ဆားဗစ်စင်တာ
မှာ သွားအပ်တယ်။ ဟိုက ပြောလွှတ်လိုက်တယ်။ ကျွန်တော်တို့က အလုံးလိုက် မလဲပေး
ပါဘူး လိုအပ်ရင် ပျက်တဲ့အစိတ်အပိုင်းတွေကိုသာ လဲလှယ်တပ်ဆင်ပေးပါတယ် ဆိုပြီး
ပြောတယ်ဗျ။ အဲ့တော့ဖုန်းမှာ ဘာဖြစ်လဲဆိုတော့ အဖုံးဖွင့်ထားတဲ့အရာတွေဖြစ်တယ်။
နောက်ပြီး သူတို့ တပ်ဆင်ပေးတဲ့ အစိတ်အပိုင်းက ပစ္စည်းအမှန်အကန်ဆို ထားတော့၊
အမှန်အကန်မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ ထပ်ပြီးနစ် နာရဦးမယ်"ဟု ဆားဗစ်စင်တာ
သို့ရောက်လာသည့် ဆမ်ဆောင်းအမျို်းအစားကိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် ၎င်းတို့၏ အာမခံကတ်ပြားတွင် စက်ပစ္စည်းသာ တာဝန်ရှိပြီး တွဲလျက်ပါလာသည့်
အားသွင်းကြိုး၊ နားကြပ်၊ ယူအက်စ်ဘီ၊ ဘတ်ထရီတို့ပျက်စီးပါက အာမခံပေးထားခြင်းမရှိ
ကြောင်း ကြိုတင်ဖော်ပြထားသည်။
















