အသစ်ဖွင့်လှစ်သော ဆူးလေတက်ချ်ဖြင့် မြန်မာ့နည်းပညာဂေဟစနစ်ကို အထောက်အပံပေးမည်

အသစ်ဖွင့်လှစ်သော ဆူးလေတက်ချ်ဖြင့် မြန်မာ့နည်းပညာဂေဟစနစ်ကို အထောက်အပံပေးမည်

ဆူးလေတက်ချ် (Sule Tech)ဟုခေါ်သော နည်းပညာ ဗဟိုချက်တစ်ခုကို ရန်ကုန်မြို့လယ်
တွင် ဒီဇင်ဘာလ ၄ ရက်နေ့တွင် စတင်ဖွင့် လှစ်လိုက်ပြီး အကျိုးရလဒ်တစ်ခုအနေဖြင့် မြန်
မာ့နည်းပညာဂေဟစနစ် တိုးတက်ဖွံ့ဖြိုးစေရန်ကို များစွာ အထောက်အပံ့ပေး နိုင်မည်ဖြစ်
ကြောင်း ဒီဇင်ဘာလ ၅ ရက်နေ့တွင် ideabox နှင့် Phandeeyar အဖွဲ့တို့မှ ထုတ်ပြန်ထား
သည်။

အဆိုပါ နည်းပညာ ဗဟိုချက်ကို ဗဟာဗန္ဓုလပန်းခြံအနီး မက်တာဝါ (Mac Tower) အပေါ်
ဆုံးထပ်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ထိုနေရာတွင် ရုံးများ၊ အတူလုပ်ကိုင်ရန်နေရာနှင့် အထောက်
အပံ့များ၊ လေ့ကျင့်သင်ကြားရေးအတွက် အခန်းများ၊ အက်ပ် သုံးစွဲသူများ အတွက် အသွင်
သဏ္ဍန် လှပစွာ တီထွင်မှုနှင့် အသုံးပြုရာတွင် လွယ်ကူစွာ အသုံးပြုနိုင်ရန် တီထွင်မှုများ
အပြင် အခြားသော အလုပ်ရုံအစီအစဉ်များ၊ ပွဲများအစရှိသည်တို့ကို ကျင်းပပြုလုပ်ပေး
သွားနိုင်မည်ဖြစ်၍ ဆူးလေတက်ချ် ဟုခေါ် သော နည်းပညာဗဟိုချက်ကို ideabox နှင့်
Phandeeyar (ဖန်တီးရာ) တို့မှ လက်တွဲ၍ ဖန်တီးထားခြင်းဖြစ်သည်။

"ဒေသတွင်းက စီးပွားစတင်သူတွေ၊ နည်းပညာ အသိုက်အဝန်းအတွင်းက အဖွဲ့အစည်း
တွေအားလုံးကို ဒီနေရာစုဝေးရာကနေ အများကြီး အကျိုးဖြစ်ထွန်းစေမယ်လို့ မြင်မိပါတ
ယ်။ ပွဲတွေ ပြုလုပ်ကျင်းပလို့ရမယ်၊ လေ့ကျင့်သင်ကြားရေးတွေ အများကြီး ကျယ်ကျယ်ပျံ့
ပျံ့ လုပ်လို့ရမယ်၊ လိုအပ်တဲ့ အရင်းအမြစ်တွေ အများကြီး ရရှိနိုင်မယ်။ အဲ့အပြင် အခြား
နည်းပညာဆိုင်ရာ လုပ်ဆောင်ချက် အမျိုးမျိုးတွေပါ ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်"
ဟု ideabox Myanmar ၏ ပူးတွဲတည်ထောင်သူ ကိုကောင်းစစ်က ပြောသည်။

ဆူးလေတက်ချ်သည် အရှေ့တောင်အာရှရှိ နည်းပညာ အသိုက်အဝန်းများဖြစ်သည့်
စင်ကာပူနိုင်ငံမှ အကြီးဆုံးနည်းပညာ အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည့် StarHub i3
နှင့် အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး Startup များမြေတောင်မြှောက် ပေးသည် အဖွဲ့အစည်း
ဖြစ်သည့် ideabox Indosat တို့နှင့်လည်း ချိတ်ဆက်ထားပြီး ဆူးလေတက်ချ် အဖွဲ့ဝင်များ
သည် StarHub i3 နှင့် ideabox Indosat တို့၏ အကြံပေးပညာရှင်များ၊ ရင်နှီးမြှုပ်နှံသူများ
နှင့် တွေ့ဆုံခွင့် သင်ကြားလေ့လာ ခွင့်များရရှိလိမ့်မည်ဖြစ်ပြီး ၎င်းတို့ဆီမှ အထောက်အပ့ံ
ကောင်းများကိုလည်း ရရှိမည်ဖြစ်သည်။

"မြို့လယ်ခေါင်မှာ ဒီလိုနည်းပညာဗဟိုချက် တစ်ခုရှိနေတော့ ၀မ်းသာတာပေါ့ဗျာ။ ရန်ကုန်
မှာ စီးပွားစတင်သူတွေ ကြံုတွေ့နေရ တဲ့ ပြဿနာတစ်ခုက ရုံးခန်းမရှိတဲ့ ပြဿနာပဲလေ၊ မိုဘိုင်း
မန်းနီး ပွဲတွေ လစဉ် ပြုလုပ်နိုင်မယ့် နေရာတစ်ခု ရတာအတွက် ကော၊ အခြားကော စီးပွား
စတင်သူတွေနဲ့ ပွဲစီစဉ်သူတွေ အားလုံး ဆူးလေတက်ချ် ကိုယ့်အိမ်ကိုယ့်ယာလို ဖြစ်တော့
မှာဖြစ်လို့ တော်တော်လေး ၀မ်းသာမိပါတယ်"ဟု Mobile Monday Yangon ၏ ဥက္ကဌ၊
Technomation ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ ကိုထူးမြင့်နောင်မှ ပြောသည်။

အူရီးဒူးမြန်မာ၊ Internews ? Open Society Foundations နှင့် Omidyar Network
တို့လည်း ဆူးလေတက်ချ်ကို ထောက် ပံ့သူများ စာရင်းတွင် ပါ၀င်ပြီး နိုကီယာ နက်ဝက်ခ်
(Nokia Network) လည်း နှေးကွေးသော မိုဘိုင်းအင်တာနက် မှ မြန်ဆန်သော အင်တာ
နက်လိုင်းများအား ဆူးလေတက်ချ်တွင် ရရှိအောင် ၎င်းတို့၏ နည်းပညာများဖြင့် အဓိက
ပံပိုးသွား မည်ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်