အနောက်တိုင်းတွင် အလုပ်ရှင်များက မိမိတို့ခန့်ထားမည့် ၀န်ထမ်း လောင်း၏ ဆိုရှယ်
မီဒီယာ အကောင့်များကို အကဲခပ်သည့်ဓလေ့မှာ ကျယ် ပြန့်လာနေကြောင်း ဂျွန်ဟိုလွန်
ဆိုသူ လူ့စွမ်းအားအရင်းအမြစ် ကျွမ်းကျင်ပညာရှင် တည်းဖြတ်တင်ဆက်သော TLNT
အွန်လိုင်း မဂ္ဂဇင်းက နို၀င်ဘာလ နှောင်းပိုင်းတွင် ရေးသားခဲ့သည်။
ထိုသို့အလေ့အထကို ကျင့်သုံးသည့်ကုမ္ပဏီအရေအတွက်မှာ နည်းပါးသေးပြီး အချိုးအစား
အားဖြင့် ၂၀ ရာခိုင်နှုန်းသာ ရှိသေးသော်လည်း အဆိုပါ အလေ့အထမှာ တိုးပွားလာနေ
သည်ဟု ဆိုသည်။ထိုသို့ ကုမ္ပဏီများသည် ဇကာတင်ရွေးချယ်ထားသောဝန်ထမ်းလောင်း
များ၏ ဆိုရှယ် မီဒီယာအကောင့်များကို အကဲခပ်ပြီးနောက် ၆၉ ရာခိုင်နှုန်းကို ပဏာမ ရွေး
ချယ်သည့် စာရင်းမှ ပယ်ဖျက်ခဲ့သည်ဟုလည်း ဆိုသည်။
၀န်ထမ်းလောင်းများ၏ ဖေ့စ်ဘုတ်ခ်အပါအဝင် အခြားဆိုရှယ် မီဒီယာ အကောင့်များတွင်
၎င်းကိုယ်တိုင်တင်ထားသော ပို့စ်များ၌ သဒ္ဒါနှင့် စာလုံးပေါင်းမှန်ကန်မှုရှိမရှိ၊ယခင်အလုပ်
ရှင်ဟောင်းကို စော်ကားရေးသားထားခြင်းရှိမရှိ၊လူမျိုးရေးဘာသာရေးနှင့် အုပ်စုတစ်ရပ်
ရပ်ကို ထိပါး ရေးသားထားခြင်းမျိုးရှိမရှိ အပြင်ဆိုရှယ်မီဒီယာတွင် ဖေါ်ပြထားသော ပညာ
အရည်အချင်းနှင့် အမှန်တကယ်အရည်အချင်းတို့ ကွဲလွဲမှု ရှိမရှိ ကိုပါစစ်ဆေးလေ့ရှိကြောင်း
သိရသည်။
ထို့အပြင် ၀န်ထမ်းလောင်း၏ အထက်တန်းကျောင်းသားဘဝမှ ဘွဲ့ရသည့် အချိန်ထိ ရိုက်
ကူး ထားသော ဓါတ်ပုံများကို ဆိုရှယ်မီဒီယာတွင် တင်ထားပါကလည်း ၎င်း၏စရိုက်ကို
မှန်းဆနိုင်ရန် ကြည့်ရှုအကဲခတ်လေ့ရှိ ကြောင်းလည်း အဆိုပါဆောင်းပါးက ဆိုသည်။

















