မြန်မာ့နည်းပညာဂေဟစနစ် တိုးတက်ဖွံ့ဖြိုးစေ ရေး အထောက်အပံ့ပေးရန် ရည်ရွယ်
၍ ဆူးလေတက်ချ် (SuleTech) နည်းပညာဗဟို ချက်တစ်ခုကို ရန်ကုန်မြို့လယ်တွင်
ဒီဇင်ဘာလ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်သည်။
အဆိုပါ နည်းပညာ ဗဟိုချက်ကိုမဟာ ဗန္ဓုလပန်းခြံအနီး မက်တာဝါ (Mac Tower)
အပေါ်ဆုံးထပ်တွင် ဖွင့်လှစ်ခဲ့ပြီး ထိုနေရာတွင် ရုံးများ၊ နည်းပညာအထောက်အပံ့များနှင့်
ဖန်တီးရာ နေရာများ၊ လေ့ကျင့်သင်ကြားရေး အတွက် အခန်းများ၊ အက်ပဲလ်သုံးစွဲသူများ
အတွက် အသွင်သဏ္ဌာန် လှပစွာတီထွင်မှုနှင့် အသုံးပြုရာတွင် လွယ်ကူစွာ အသုံးပြုနိုင်
ရန် တီထွင်မှုများအပြင်အခြားသော အလုပ်ရုံ အစီအစဉ်များ၊ ပွဲများအစရှိသည်တို့ကို
ကျင်းပပြုလုပ်ပေးသွားနိုင်မည် ဖြစ်သည်။
ဆူးလေတက်ချ်ကို ideabox နှင့် Phand-eeyar (ဖန်တီးရာ) လူမှုအဖွဲ့တို့ လက်တွဲ၍
ဖန်တီးထားခြင်းဖြစ်သည်ဟု သိရသည်။ "ဒေသတွင်းက စီးပွားစတင်သူတွေ၊ နည်းပညာ
အသိုက်အဝန်းအတွင်းက အဖွဲ့ အစည်းတွေအားလုံးကို ဒီစုဝေးရာနေရာကနေ အများကြီး
အကျိုးဖြစ်ထွန်းစေမယ်လို့ မြင်မိ ပါတယ်။ ပွဲတွေ ပြုလုပ်ကျင်းပလို့ရမယ်၊ လေ့ကျင့်
သင်ကြားရေးတွေ အများကြီးကျယ်ကျယ် ပြန့်ပြန့် လုပ်လို့ရမယ်။ လိုအပ်တဲ့ အရင်း
အမြစ် တွေ အများကြီး ရရှိနိုင်မယ်။ အဲဒီအပြင် အခြားနည်းပညာဆိုင်ရာ လုပ်ဆောင်
ချက် အမျိုးမျိုးတွေပါ ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်"ဟု ကို ပူးတွဲတည်ထောင်
သူဖြစ်သည့် ကိုကောင်းစစ်က ပြောကြားခဲ့သည်။
ဆူးလေတက်ချ်သည် အရှေ့တောင်အာရှ ရှိ နည်းပညာအသိုက်အဝန်းများဖြစ်ကာ
စင်ကာပူနိုင်ငံက အကြီးဆုံးနည်းပညာ အဖွဲ့ အစည်းများထဲမှ တစ်ခုဖြစ်သည့် StarHub
i3 နှင့် အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး Startup များ မြေတောင်မြှောက်ပေးသည့် အဖွဲ့
အစည်းဖြစ်သော ideabox Indosat တို့နှင့် လည်း ချိတ်ဆက်ထားသည်။
ထို့ကြောင့် ဆူးလေတက်ချ် အဖွဲ့ဝင်များသည် StarHub i3 နှင့် ideabox Indosat တို့၏
အကြံပေးပညာ ရှင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံခွင့်၊ သင်ကြားလေ့လာခွင့်များရရှိ
လိမ့်မည်ဖြစ်ပြီး ၎င်းတို့ဆီက အထောက်အပ့ံကောင်းများကို လည်း ရရှိမည်ဖြစ်သည်။
"မြို့လယ်ကောင်မှာ ဒီလိုနည်းပညာဗဟိုချက် တစ်ခုရှိနေတော့ ၀မ်းသာတာပေါ့ဗျာ။
ရန်ကုန်မှာ စီးပွားရေးစတင်သူတွေ ကြံုတွေ့နေ ရတဲ့ ပြဿနာတစ်ခုက ရုံးခန်းမရှိတဲ့ ပြဿနာ
ပဲလေ။ မိုဘိုင်းမန်းနီးပွဲတွေ လစဉ် ပြုလုပ်နိုင် မယ့် နေရာတစ်ခုရတာအတွက်ရော၊ တခြား
စီးပွားစတင်သူတွေနဲ့ ပွဲစီစဉ်သူတွေ အားလုံး ဆူးလေတက်ချ်က ကိုယ့်အိမ်ကိုယ့်ရာလိုဖြစ်
တော့မှာဖြစ်လို့ တော်တော်လေး ၀မ်းသာမိပါတယ်"ဟု Mobile Monday Yangon ၏
ဥက္ကဋ္ဌနှင့် Technomation ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ကိုထူးမြင့်နောင်က ပြော
သည်။
အူရီးဒူးမြန်မာ၊ Internews, Open Soci-ety Foundations နှင့် Omidyar Network
တို့သည်လည်း ဆူးလေတက်ချ်ကို ထောက်ပံ့ သူများ စာရင်းတွင် ပါ၀င်ပြီး နိုကီယာနက်
၀က်ခ် (Nokia Network) ကလည်း မြန်ဆန် သော အင်တာနက်လိုင်းများ ဆူးလေတက်
ချ်တွင် ရရှိအောင် ၎င်းတို့၏ နည်းပညာများဖြင့် အဓိက ပံ့ပိုးသွားမည် ဖြစ်သည်။
















