ကျေးလက်နှင့် ဝေးလံခေါင်ဖျားဒေ သများ၌ အမ်ပီတီကိုသာ အားကိုးနေရဆဲ

ကျေးလက်နှင့် ဝေးလံခေါင်ဖျားဒေ သများ၌ အမ်ပီတီကိုသာ အားကိုးနေရဆဲ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) အပါအဝင် မိုဘိုင်းဖုန်းဝန်ဆောင်မှုပေးနေ
သည့် ကုမ္ပဏီနှစ်ခုတိုးလာပြီး ဈေးကွက်အတွင်းအပြိုင်အဆိုင် ၀န်ဆောင်မှုများပေး
လာကြသော်လည်း မြို့ကြီးများမှအပ ကျန်ဒေသများတွင် အမ်ပီတီဖုန်းများကို သာ
အားထားနေကြရဆဲ ဖြစ်သည်။

"ဒီ ကရင်ပြည်နယ်မှာက အမ်ပီတီဆင်းကတ်တွေပဲ သုံးတယ်။ အခုထိ တယ်လီနော
တို့ အူရီဒူးတို့ရဲ့ တာဝါတိုင်တွေ မရှိသေးဘူး။ ဒီမှာ ဖုန်းလိုင်းတိုင်ဆိုလို့ အမ်ပီတီတိုင်
တစ်တိုင်ပဲရှိတယ်။ အခုမြန်မာ့ဆက်သွယ် ရေးက ကျပ် ၁,၅၀၀ နဲ့ ရောင်းချလိုက်တဲ့
ဆင်းကတ်တွေကို ကျွန်မတို့ နှစ်ထောင်နဲ့ ၀ယ်နေရပါတယ်။ အရင်မဲနှိုက်တဲ့စနစ်
တုန်းကဆိုရင် ဆင်းကတ်တစ်ကတ်ကို ကျပ်တစ်သိန်းနှစ်သောင်းနဲ့ ပြန်ဝယ်ခဲ့ရ တယ်။ တဖြည်းဖြည်းနဲ့ ဈေးကျတဲ့အချိန် ရောက်လာတော့ မော်လမြိုင်က မိုဘိုင်း ဆိုင်မှာ
ကျပ်လေးသောင်းဝန်းကျင်နဲ့ ၀ယ် လိုက်ရတယ်။ ကျပ် ၁,၅၀၀ ဆိုတဲ့ ဈေးနှုန်း နဲ့တော့
၀ယ်လို့ မရသေးဘူး" ဟု ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မြို့ခံ မအိသဇင်ဖြိုး
က ပြောသည်။

ဝေးလံခေါင်ဖျားသော ဒေသများရှိ ပြည်သူလူထု၏ ကျန်းမာရေး၊ လုံခြံုရေး၊ စီးပွား ရေး
လုပ်ငန်းများအတွက် ဆက်သွယ်ရေး ကဏ္ဍမှာ အလွန်အရေးပါလှပြီး ဆက်သွယ် ရေး
အော်ပရေတာများသည် စီးပွားရေးအရ ဈေးကွက်ရရှိနိုင်သည့် နေရာများဖြစ်သော
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ တွင် သာ စဉ်ဆက်မပြတ် ၀န်ဆောင်မှုများပေးနေ
ကြောင်း ျွနိူငညု ကုမ္ပဏီ လက်ထောက် အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောသည်။

"ဝေးလံခေါင်ဖျားတဲ့ နေရာတွေမှာဆိုရင် ကျန်းမာရေးအတွက် ဆက်သွယ်ရေးကဏ္ဍ က
အရမ်းကို လိုအပ်နေတယ်။ တကယ်လို့ သူတို့မှာ မိုဘိုင်းဖုန်းရှိနေတယ်ဆိုရင် ကျန်းမာရေး
နဲ့ ပတ်သက်ပြီး တစ်ခုခုဖြစ်ရင် ဖုန်းနဲ့ လှမ်းပြီး ဆက်သွယ်ပြောလို့ရမယ်။ ဥပမာ -
ဆေးကုသမှုတွေဆိုရင်လည်း ဆေးရုံ တွေကို ဖုန်းနဲ့ ဆက်သွယ်လို့ ရမယ်။ တောင်သူ
လယ်သမားတွေဆိုရင်လည်း မြို့ပေါ် က စပါးဈေးကွက်တွေကို အချိန်မရွေး ဆက်သွယ်
ပြီးတော့ သိနိုင်တယ်" ဟု ၎င်းက ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှအပ ကျန်
ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုဖြစ်သည့် တယ်လီနောနှင့် အူရီဒူးတို့မှာ ၎င်းတို့၏ ဆက်သွယ်
ရေးကွန်ရက်များ ဖြန့်ကြက်နိုင် ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်နေ ကြဆဲဖြစ်သည်။

"၂၀၁၅ မှာ ပြည်နယ်တွေကို ကွန်ရက် တွေ ဖြန့်ကြက်ဖို့ရှိပါတယ်။ ၂၀၁၅ နှစ်ကုန် မှာ
တော့ မြန်မာပြည်ရဲ့ လူဦးရေ ၈၀ ရာခိုင် နှုန်းဆီကို ကွန်ရက်ဖြန့်ကြက်ဖို့ ရှိပါတယ်။
လက်ရှိ လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကို ကွန်ရက် ဖြန့်ကြက် ထားပြီးပါပြီ။ ဒီဇင်ဘာလ
အကုန် မှာ မြန်မာပြည်ရဲ့ လူဦးရေ ၄၀ ရာခိုင်နှုန်းကို ကွန်ရက်ဖြန့်ကြက်နိုင်တော့မှာပါ။
နောက် ပြီး အူရီဒူးရဲ့ ကွန်ရက်ဖြန့်ကြက်တဲ့ နေရာ တိုင်းမှာ ၀န်ဆောင်မှုတွေကို အလွယ်
တကူ ရအောင် ဆောင်ရွက်ပေးသွားမှာပါ" ဟု အူရီဒူးမြန်မာ၏ လူမှုဆက်ဆံရေးနှင့်
ပြန်ကြားရေးအကြီးတန်းမန်နေဂျာ ဒေါ်သီရိ ကြာညိုက ပြောသည်။

အူရီဒူးမြန်မာသည်ဆင်းကတ်တစ်သန်း ခန့် ဖြန့်ဖြူးရောင်းချပေးခဲ့ပြီးဖြစ်ကာ တယ်လီ
နောမြန်မာမှာမူ ဆင်းကတ် နှစ်သန်း ခန့်ဖြန့်ဖြူးရောင်းချခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

"ဝေးလံခေါင်ဖျားတဲ့ နေရာတွေကို ၀န်ဆောင်မှုတွေရဖို့အတွက် နည်းလမ်းက တစ်ခု
ပဲရှိတယ်။ တာဝါတိုင်တွေတည်ဆောက်ဖို့ပါပဲ။ တယ်လီနောက ငါးနှစ် အတွင်းမှာ
တာဝါတိုင်ပေါင်း ၈,၀၀၀ ကျော် နဲ့ ၀န်ဆောင်မှုပေးသွားဖို့ ပြောခဲ့ဖူးပါ တယ်။ အဲဒီ
အတိုင်းပဲ ဆောင်ရွက်သွားမှာ ပါ" ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ်
Mr.Petter Furberg က ပြော သည်။

အော်ပရေတာများအနေဖြင့် ၀န်ဆောင် မှုပေးရာတွင် စီးပွားရေးအရ လူနေထူထပ်
သည့်နေရာများတွင် ၀န်ဆောင်မှုများပေးရန်မဟုတ်ဘဲ ဝေးလံခေါင်ဖျားသော ဒေသ
များတွင်လည်း မျှတစွာဝန်ဆောင်မှုပေးရန် လိုအပ်ကြောင်း Zwenexsys ကုမ္ပဏီ
မန်နေးဂျင်းဒါရိုက်တာနှင့် Chief  Software Engineer ဖြစ်သူ ဦးသာထက်က
မြန်မာတိုင်း(မ်)ကို ပြောသည်။

"ကျွန်တော့်ရဲ့ အတွေ့အကြံုအရ ဆိုရင် ဟာခါးဘက်မှာ သရီးဂျီကွန်ရက် ကောင်းကောင်း
ရတယ်။ အဲဒါတွေက လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရဲ့ ဒဗ္ဗလျူစီဒီအမ်အေနဲ့ စီဒီ
အမ်အေ ဆင်းကတ်တွေကို သုံးကြတယ်။ ဒါပေ မဲ့လည်း တချို့ ချင်းတောင်လိုမျိုးမှာ
ပြောလို့ရပေမယ့်လည်း ဘားအံဘက် မှာ ပြောလို ့ရချင်မှ ရမယ်။ လက်ရှိ အမ်ပီတီရဲ့
ကွန်ရက်ကတော့ အဲဒီ လောက်အထိ လွှမ်းခြံုဖြစ်တယ်။ အခုအော်ပရေတာအသစ်တွေ
ထဲမှာ ဆိုရင် နယ်ဘက်တွေ ရောက်ဖို့တော့ အူရီဒူးကတော့ မကြာတော့လောက် ဘူး။
ကျွန်တော်မြင်တွေ့ခဲ့ရသလောက် ပြောရရင် တိုင်တွေရှိနေပြီ။ ဘားအံ လောက်အထိ
တော့ လိုင်းရတော့မယ် လို့ ထင်တယ်။ နောက်ပြီးတော့ အစိုးရ ကလည်း ဥပဒေတစ်ခု
ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်းထုတ်ပြီးတော့ လူနေ ထူထပ်တဲ့နေရာမှာ တာဝါတိုင်တွေ
စိုက်သလို လူဦးရေနည်းပါးတဲ့ ဝေးလံ ခေါင်ဖျားတဲ့နေရာတွေမှာလည်း တာဝါတိုင်တွေကို
မျှမျှတတစိုက်ထူ လုပ်ဆောင်ရမယ်ဆိုတဲ့ စည်းမျဉ်း တစ်ခုတော့ ထုတ်ပေးသင့်ပါတယ်"
ဟု ၎င်းက ပြောသည်။

အမ်ပီတီဖုန်းသာလိုင်းမိသည့် ဒေသ များတွင် ဖုန်းသုံးစွဲသူအရေအတွက် တိုးလာသည့်
အတွက် ဖုန်းခေါ်ဆိုရာတွင် လိုင်းပြတ်တောက်မှု၊ ခေါ်ဆိုရန် ခက်ခဲမှု အစရှိသည့် အခက်
အခဲများ နှင့်လည်း ရင်ဆိုင်နေကြရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်