အရှေ့တောင်အာရှဒေသတွင် အငှားယာဉ်မောင်းသူနှင့်ခရီးသည်များအတွက်အက်ပလီ
ကေးရှင်းဝန်ဆောင်မှုနှင့် ပတ်သက်ပြီး အမေရိကန်အခြေစိုက် အငှားယာဉ်ဝန်ဆောင်
မှုကုမ္ပဏီ ့ဘနမ နှင့် အခြားပြည်တွင်းပြိုင်ဘက် ကုမ္ပဏီများ၏ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်
လာ ရာ တက္ကစီကြိုတင်မှာကြားနိုင်သည့် mobile taxi booking app ကို အရှေ့တောင်
အာရှ တွင် ၀န်ဆောင်မှုပေးနေသည့် Grab Taxi (ဂရက်ဘ်တက္ကစီ) တွင် ဂျပန်နည်း
ပညာကုမ္ပဏီ ကြီး SoftBank (ဆော့ဖ်ဘန့်ခ်)က ဒေါ်လာ သန်း ၂၅၀ ရင်းနှီးမြှုပ်နှံမည်
ဟု အဆိုပါကုမ္ပဏီ နှစ်ခုက ဒီဇင်ဘာ ၄ ရက်နေ့တွင် သတင်းထုတ် ပြန်ထားသည်။
အဆိုပါ သဘောတူညီမှုအရ ဆော့ဖ်ဘန့်ခ် သည် မလေးရှားအခြေစိုက်လုပ်ငန်းငယ်
အသစ်တစ်ခုဖြစ်သည့် ဂရက်ဘ်တက္ကဆီတွင် အများဆုံးရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီဖြစ်
လာ မည်ဟု သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ကုမ္ပဏီနှစ်ခုစလုံးက ဖော်ပြထားသည်။
"ဒီတစ်ခါ ငွေကြေးရင်းနှီးမြှုပ်နှံမှုက တော့ အရှေ့တောင်အာရှက ပုံမှန်သွားသွား လာလာ
တက္ကစီငှားစီးတဲ့သူတွေ အရင်က ထက်ပိုပြီး အဆင်ပြေစေဖို့အတွက် ဒီလုပ်ငန်း နယ်ပယ်
အတွင်း အပြောင်းအလဲတွေနဲ့ တိုးတက်မှုတွေရှိလာစေဖို့ဆိုတဲ့ ကျွန်တော် တို့ ရည်မှန်း
ချက် အောင်မြင်စေဖို့ အကူအညီ ဖြစ်စေမှာပါ" ဟု ဂရက်ဘ်တက္ကစီအမှုဆောင် အရာရှိ
အန်တိုနီတန် (Anthony Tan) က သတင်းထုတ်ပြန်ချက်တွင် ပြောကြား ထားသည်။
စင်ကာပူရင်းနှီးမြှုပ်နှံမှုကုမ္ပဏီTema- sek Holdings ထံမှလည်း အထောက်အပံ့ရ
ယူထားသည့် ဂရက်ဘ်တက္ကစီသည် စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒို
နီးရှားနှင့် ဖိလစ်ပိုင်တို့ရှိ မြို့ပေါင်း ၁၇ မြို့တွင် ၀န်ဆောင် မှု ပေးလျက်ရှိသည်။
အဆိုပါကုမ္ပဏီက ၀န်ဆောင်မှုပေးထား သည့် အက်ပလီကေးရှင်းသည် အငှားယာဉ်
ကြိုတင်ငှားလိုသည့် ခရီးသည်များအတွက် ၎င်းတို့ကုမ္ပဏီတွင် စာရင်းသွင်းထားသည့်
တက္ကစီများမှ ခရီးသည်နှင့် အနီးဆုံးရှိသည့် ယာဉ်များကို စမတ်ဖုန်းနှင့် ဂြိုဟ်တု နည်း
ပညာကို အသုံးပြုကာ ချိတ်ဆက်ပေး ခြင်း ဖြစ်သည်။ အဆိုပါ၀န်ဆောင်မှုသည် အရှေ့
တောင်အာရှရှိ ထိုကဲ့သို့သော လုပ်ငန်းများတွင် အကြီးဆုံးကွန်ရက်ရှိသည့် ၀န်ဆောင်
မှုဖြစ် ပြီး အက်ပလီကေးရှင်းကို အမြဲတမ်းသုံးစွဲသူ ၅၀၀ယဝဝ၀ ကျော်ရှိပြီး ယနေ့အချိန်
အထိ အက်ပလီကေးရှင်းကို ဒေါင်းလုတ်ဆွဲသူ ၂ ဒသမ ၅ သန်းရှိသည်ဟု ဂရက်ဘ်
တက္ကစီက ပြောသည်။
လက်ရှိကာလတွင် ယင်း၏ကွန်ရက်အတွင်းတွင် ချိတ်ဆက်ထားသူ အငှားယာဉ်မောင်း
ဦးရေ ၆၀ယဝဝ၀ ရှိပြီး အဆိုပါနှုန်းထားသည် ၂၀၁၃ ခုနှစ်ကထက် လေးဆမြင့်တက်
လာခြင်းဖြစ်သည်ဟု အဆိုပါ ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။
ဆော့ဖ်ဘန့်ခ်၏ ရင်းနှီးမြှုပ်နှံမှုနှင့်အတူ ဂရက်ဘ်တက္ကစီသည် ပြီးခဲ့သည့် ၁၄ လတွင်
ဒေါ်လာ သန်း ၃၀ မတည်ထားခြင်းဖြစ်ပြီး မလေးရှားနိုင်ငံရှိ လူချမ်းသာမိသားစုဝင်
တစ်ဦးဖြစ်သည့် အန်တိုနီတန် က ၂၀၁၂ ခုနှစ် တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု
သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၀န်ဆောင်မှုလုပ်ငန်းအပေါ် စည်းကမ်း
ထိန်းချုပ်မှုနှင့် ပတ်သက်ပြီး အရှုပ်အထွေး များ အများအပြားရှိကာ လုပ်ငန်းအတွင်း
ပြင်းထန်သည့် ပြိုင်ဆိုင်မှုများရှိနေသော် လည်း အမေရိကန်ကုမ္ပဏီ Uber က အရှေ့
တောင်အာရှဒေသအတွင်း ခြေကုပ်ရရန် ကြိုးပမ်းနေသည့်အတွက် ယခုရင်းနှီးမြှုပ်နှံမှု
ကို ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
Uber သည် ပြီးခဲ့သည့်နှစ်တွင် စင်ကာပူ နိုင်ငံဈေးကွက်တွင်း ၀င်ရောက်ခဲ့ပြီးနောက်
အရှေ့တောင်အာရှဒေသအတွင်းတွင် ဂရက်ဘ် တက္ကစီဝန်ဆောင်မှုပေးနေသည့်
ဈေးကွက် ခြောက်နေရာတွင် ၀န်ဆောင်မှုပေးလျက်ရှိပြီး ယင်း၏ လုပ်ငန်းလည်ပတ်မှု
ဆိုင်ရာစာရင်းဇယားများကို ထုတ်ပြန်ထားခြင်းမရှိချေ။ ပုဂ္ဂလိကယာဉ်များကို အသုံးချ
နေသည့် Uber ၏ ၀န်ဆောင်မှုမှာ တရားမဝင်ကြောင်း မလေးရှားနှင့် အင်ဒိုနီးရှား
အာဏာပိုင်များ က ပြောကြားကြပြီး ထိုင်းအာဏာပိုင်များက လည်း အဆိုပါ၀န်ဆောင်မှု
ကို တားမြစ်ထား သည်ဟု ပြီးခဲ့သည့်အပတ်တွင် ပြောကြားခဲ့ သည်။
အရှေ့တောင်အာရှဒေသရှိ အခြားလူသုံး များသည့် တက္ကစီအက်ပလီကေးရှင်းများတွင်
အင်ဒိုနီးရှားကုမ္ပဏီ Blue Bird ၊ လုပ်ငန်းငယ် အသစ်များကို အောင်မြင်မှုရရှိစေရန်
ကူညီ ထောက်ပံ့ပေးနေသည့် ဂျာမန်ကုမ္ပဏီ Rocket Internet ၏ အကူအညီကို ရယူ
ထား သည့် ဒေသတွင်းဝန်ဆောင်မှုပေးနေသည့် Easy Taxi နှင့် စင်ကာပူတွင် လုပ်ငန်း
လည်ပတ် နေသည့် လန်ဒန်အခြေစိုက်ကုမ္ပဏီ Hailo တို့လည်း ပါ၀င်သည်။
ဈေးနှုန်းထိန်းချုပ်ရန် ဖွဲ့စည်းထားသည့် ကာတယ်အဖွဲ့တွင် အားနည်းချက်ရှိခြင်းနှင့်
ဈေးမတန်တဆတောင်းတတ်သည့် အငှား ယာဉ်မောင်းသူတို့ကြောင့် နှစ်ပေါင်းများစွာ
အဆင်မပြေဖြစ်နေသည့် အငှားယာဉ်လုပ်ငန်း ကို အပြောင်းအလဲဖြစ်စေသည့်အရာ
အဖြစ် အဆိုပါ တက္ကစီဝန်ဆောင်မှုအက်ပလီကေးရှင်းများကို ရှုမြင်ကြသည်။
(အေအက်ဖ်ပီ)
အရှေ့တောင်အာရှဒေသတွင် အငှားယာဉ်မောင်းသူနှင့်ခရီးသည်များအတွက်အက်ပလီ
ကေးရှင်းဝန်ဆောင်မှုနှင့် ပတ်သက်ပြီး အမေရိကန်အခြေစိုက် အငှားယာဉ်ဝန်ဆောင်
မှုကုမ္ပဏီ ့ဘနမ နှင့် အခြားပြည်တွင်းပြိုင်ဘက် ကုမ္ပဏီများ၏ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်
လာ ရာ တက္ကစီကြိုတင်မှာကြားနိုင်သည့် mobile taxi booking app ကို

















