အူရီဒူးမြန်မာ သုံးစွဲသူ များသည် သတ်မှတ်ထားသော ၃ ရက်တာအတွင်း ငွေကျပ်
၃၀၀၀ နှင့် အထက်ဖြည့်တင်းလိုက်ပါက ထည့်သွင်းသည့် ပမာဏ၏ ၅၀ ရာခိုင်နှုန်း
အပိုဆောင်းငွေဖြည့်ပေးမည့် ခံစားခွင့်ရရှိမည် ဖြစ်ကြောင်း အူရီးဒူးမြန်မာမှ သိရသည်။
အဆိုပါ အပိုဆောင်းငွေဖြည့်ပေးမည့်အစီအစဉ်သည် ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၁၅
ရက်နေ့အထိ ပြုလုပ်မည် ဖြစ်ပြီး ဖုန်းငွေ ၃၀၀၀ ကျပ် ဖြည့်သွင်းလိုက်ပါက ၅၀ ရာခိုင်နှုန်း
အပိုဆုကြေးအဖြစ် ၁၅၀၀ ပေါင်း ထည့်ပေး ကာ ငွေပမာဏ ၄၅၀၀ ကျပ်ကို ငွေဖြည့်သူ
က ရရှိမည်ဖြစ်သည်။
ထို့အတူ ငွေဖြည့်ကတ် ၅၀၀၀ ကျပ်ဖိုးဖြည့် လိုက်ပါကလည်း ထပ်ဆောင်း ၂၅၀၀
ကျပ်ဖြင့် စုစုပေါင်း ရ၅၀၀ ကျပ် ရရှိမည်ဖြစ်သည်။ သို့သော် ထိုအပို ဆောင်းခံစားခွင့်ဖြင့်
ပြည်တွင်းပြည်ပ မည်သည့်ဖုန်းကိုမဆို ခေါ်ဆိုနိုင်မည်ဖြစ်သော်လည်း၊ ရရှိသော အပို
ဆောင်း ငွေဖြည့်လက်ဆောင် ပမာဏကို အခြားဖုန်းသို့ လွဲပြောင်းခွင့် ရမည်မဟုတ်ရမည်
မဟုတ်သည့်အပြင် ထိုရရှိသည့် ဆုကြေးကို တစ်ပတ်အတွင်းသာ အသုံးပြုနိုင်မည်
ဖြစ်ကြောင်း အူရီးဒူးမြန်မာမှ သိရသည်။
ထို့ပြင် အူရီးဒူးမြန်မာသည် နေ့စဉ်နှင့်အမျှ ကွန်ယက်တိုးတက်မှုများကို အရှိန်အဟုန်မြှင့်
ဆောင်ရွက်လျက် ရှိရာ ရန်ကုန်မြို့လယ်ခေါင်ဖြစ်သည့် လသာ၊စမ်းချောင်း၊ သင်္ဃန်းကျွန်း၊
မြောက်ဥက္ကလာပနှင့် မင်္ဂလာဒုံမြို့နယ် ထဲရှိ နေပြည်တော်ကိုသွားတဲ့ မြောက်ဘက်လမ်း
မကြီး၊ သုံးဂွမြို့နယ်အစရှိသော မြို့နယ်များမှာ ကွန်ယက်များ ရရှိနေပြီဖြစ်ကြောင်း ထုတ်
ပြန်ချက်အရ သိရသည်။
"ဒီဇင်ဘာလ ၅ ရက်နေ့ နောက်ဆုံးရ အချက်အလက်တွေအရ ရန်ကုန်မြို့တွင်းရှိမြို့တွေ၊
ရန်ကုန်တိုင်းဒေသရဲ့ မြောက်ဘက်မှာရှိတဲ့ ကဝမြို့နယ်၊ ပဲခူးမြို့မြောက်ဘက်မှာရှိတဲ့
နေပြည်တော်သွားတဲ့ လမ်းဟောင်း၊ လယ်ဝေး၊ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်မြို့နယ်
တွေနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့
နယ် ရွှေဘိုမြို့မြောက်ဘက်နှင့် အရှေ့ဘက်၊ မုံရွာမြို့နယ်တို့မှာ ကွန်ယက်တိုးတက်ပြောင်း
လဲမှု တွေရှိနေပါပြီ" ဟု အူရီဒူးမြန်မာ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး အကြီးတန်း
မန်နေဂျာ မသီရိကြာညိုက ပြောသည်။
အဆိုပါနေရာများသည် ယခင်က ဆက်သွယ်နိုင်မှု အခက်အခဲ အချို့ရှိခဲ့သော်လည်း
ယခုလပိုင်းအတွင်း တိုးတက်ကောင်းမွန်မှုများ ရှိနေပြီဖြစ်ကြောင်း အူရီဒူးမြန်မာမှ
သိရသည်။

















