တယ်လီနောမြန်မာ၏ ဖုန်းဆင်းကတ်များကို အသုံးပြုသူများအနေဖြင့် နေ့စဉ် သတင်းထူးများကို
အက်စ်အမ် အက်စ်မှတဆင့် ပို့ပေးသည့်ဝန်ဆောင်မှုများကို တစ်ပတ်လျှင် မြန်မာငွေ ၂၅၀ ကျပ်ဖြင့်
အက်စ်အမ်အက်စ်ဖြင့် ပေးပို့လျှောက် ထားနိုင်ကြောင်း တယ်လီနောမှ သိရသည်။
Value Added Service (VAS) ၀န်ဆောင်မှုထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် သတင်းများကို
အက်စ်အမ်အက်စ်ပေးပို့ဝန် ဆောင်မှု၌ အသုံးပြုလိုသူသည် မိမိနှစ်သက်သည့် သတင်းအမျိုးအစား
ကိုရွေးချယ်ကာ နေ့စဉ်ရယူရန်အတွက် စာတိုပို့စနစ်ဖြင့် ပေးပို့လျှောက် ထားရမည်ဖြစ်သည်။
သတင်းအမျိုးအစားဟုဆိုရာတွင် စိုက်ပျိုးရေးသတင်း၊ အားကစားသတင်း၊ ကျန်းမာရေး သတင်း၊
ဗေဒင် အစရှိသည့် သတင်းအမျိုးအစားလိုက် စာတိုပို့ကာ လျှောက်ထားနိုင်မည်ဖြစ်သည်။
"သတင်းဝန်ဆောင်မှုတွေအတွက် အက်စ်အမ်အက်စ် ပေးပို့ လျှောက်ထားလို့ရပါတယ်။ အဲ့လို
လျှောက်ထားတဲ့အခါမှာ အသုံးပြုလိုသူက ကိုယ်လိုချင်တဲ့ သတင်းအမျိုးအစားပေါ် မူတည်ပြီး
ပေးပို့တဲ့ပုံစံတူမှာ မဟုတ်ဘူး။ ဥပမာ အသုံးပြုသူက စိုက်ပျိုးရေး သတင်းတွေကို လိုချင်တယ်
ဆိုရင် ၆၆၁၁ ကို AGRI ON ဆိုပြီး အက်စ်အမ်အက်စ် ပို့ရမယ်။ အကယ်၍ အားကစားသတင်း
ဆိုရင် SNEWS ON ဆိုပြီး ပေးပို့ရမယ်။ အဲ့လိုမျိုးလေးတွေတော့ရှိတယ်။
အသုံးပြုသူက အဲ့အချက် အလက်တွေကို အသေးစိတ်သိချင်ရင် ကောလ်စင်တာနဲ့ ၀က်ဆိုဘ်မှာ
လည်း ပြထားပါတယ်။ လေ့လာလို့ရပါတယ်"ဟု တယ်လီနောမြန်မာမှ ၀န်ထမ်းတစ်ဦးဖြစ်သည့်
မချောစုက ပြောသည်။
အဆိုပါ Value Added Service (VAS) ၀န်ဆောင်မှုတွင် တေးသွား ၀န်ဆောင်မှုများ၊ သတင်း
၀န်ဆောင်မှု၊ ရာသီခွင် အလို၀န်ဆောင်မှုများ၊ သီချင်းရောင်းခြင်း၊ ထီပေါက်စဉ်တိုက်ခြင်း စသည့်
၀န်ဆောင်မှုအမျိုးမျိုးတို့ ရှိပြီး မိမိနှစ်သက်ရာကို လျှောက်ထားဝယ်ယူနိုင်မည်ဖြစ်ကြောင်း တယ်လီ
နောမြန်မာမှ သိရသည်။

















