မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှုပေးလျက်ရှိသော တယ်လီနော မြန်မာသည်
myME ဖြင့်ပူးပေါင်းဆောင် ရွက်နေသည့် လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်ကိုင်နေသည့်
ကလေးများကို ပညာသင်ကြားပေးရေးစီမံကိန်းကို တိုးချဲ့ သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိစမ်းသပ်ကာလအဖြစ် တယ်လီ နောအမှတ်တံဆိပ်များ တပ်ဆင်ထားသော လက်ဖက်ရည်
ဆိုင်များရှိ ကလေးသူငယ်များ ကို ပညာပေးပြီး နောက်ပိုင်းတွင် တယ်လီနော အမှတ်တံဆိပ်များ
တပ်ဆင်ထားသည့် လက်ဖက်ရည်ဆိုင်များ၏ ဘေးပတ်ဝန်ကျင် ရှိ အလုပ်တစ်ဖက်ဖြင့် ပညာ
ဆက်လက် မသင်ကြားနိုင်သော ကလေးများကို ပညာ သင်ကြားပေးသွားရန် အစီအစဉ်ရှိကြောင်း
တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က ပြောသည်။
"အခုလိုလုပ်လိုက်ခြင်းကြောင့် ကလေး သူငယ်များ အလုပ်လုပ်နေတဲ့အချိန်မှာပဲ ပညာကို
သင်ကြားလို့ရအောင် စီစဉ်ပေး ထားပါတယ်" ဟု ၎င်းက ပြောသည်။ ကနဦးအားဖြင့် နို၀င်
ဘာလ ၂ ရက်နေ့ မှ စတင်ကာ တယ်လီနောအမှတ်တံဆိပ်ကပ် ထားသော လက်ဖက်ရည်
ဆိုင်များမှ ကလေး ၂၀၀ ကို စတင်သင်ကြားပေးရန် ရန်ကုန်မြို့ ရှိ လက်ဖက်ရည်ဆိုင် ၁၀ ဆိုင်နှင့်
မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင် ခြောက်ဆိုင်သို့ ဘတ်စ်ကားများဖြင့် လှည့်လည်သင်ကြား ပေး
နေပြီ ဖြစ်သည်။
"လက်ဖက်ရည်ဆိုင်တွေမှာ တယ်လီနောအမှတ်တံဆိပ်တွေ လိုက်ချိတ်ခဲ့တုန်းက ဘာတွေ့ခဲ့ရလဲ
ဆိုတော့ မြန်မာပြည်မှာ ကလေးလုပ်သားတွေက ဒီလိုလက်ဖက်ရည် ဆိုင်မှာ အလုပ်လုပ်နေတာ
ကို တွေ့ရပါတယ်။ အဲဒီအချိန်မှာလည်း တယ်လီနောအနေနဲ့ myME နဲ့ ချိတ်ဆက်မိခဲ့ပါတယ်။
ဒီလက်ဖက် ရည်ဆိုင်မှာ လုပ်နေတဲ့ကလေးတွေကလည်း သူတို့ရဲ့ အခြေအနေအမျိုးမျိုးကြောင့်
အလုပ် လုပ်နေရတာဆိုတော့ ဒီကလေးတွေပညာသင်နိုင်ဖို့အတွက် ရွေ့လျားပညာရေးစီမံကိန်း
ကို စခဲ့တာပါ" ဟု Peter Furberg က ပြောသည်။
မြန်မာ့ရွေ့လျားပညာရေးစီမံကိန်း(ာပ နြ) ကိုမြန်မာနိုင်ငံအတွက် စစ်မှန်သော ပြောင်းလဲမှုသည်
ပညာရေးမှစတင်သည်ဟုယုံကြည်သော မြန်မာနိုင်ငံနှင့် နယူးယော့ခ် မြို့ရှိ လူငယ်အနည်းငယ်ဖြင့်
စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ ငွေကြေးဆင်းရဲမှုကြောင့် မိသားစုဝမ်းစာ
အတွက် တစ်ဖက်တစ်လှမ်းမှ ထောက်ပံ့နိုင် ရန် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင် များတွင်
အလုပ်လုပ်နေကြသော ကလေး ငယ်များကို ရွေ့လျားစာသင်ခန်းများမှ တစ်ဆင့်ပညာရေးကို ပံ့ပိုး
ပေးနိုင်ရန်ဖြစ် သည်။
ရွေ့လျားစာသင်ခန်းများတွင် ဆရာ၊ ဆရာမများ၊ အရည်အသွေးမြင့်ပညာသင် ကြားမှုနှင့် ပညာရေး
အထောက်အကူပြု ပစ္စည်းများကို ကလေးလုပ်သားများ အလွယ် တကူရရှိစေရန် ဆောင်ရွက်ပေး
ထားပြီး ကလေးတစ်ဦးလျှင် တစ်ပတ် ခြောက်နာရီ ပညာသင်ကြားပေးမည် ဖြစ်သည်။
သင်ကြား မည့်ဘာသာရပ်များမှာ အင်္ဂလိပ်စာ၊ လူမှု ဆက်ဆံရေးအထွေထွေဗဟုသုတ၊ သချင်္ာတို့
ဖြစ်သည်။ "သင်တာတွေကတော့ ဘာသာသုံးခုသင် နေတယ်။ ဆိုင်တစ်ဆိုင်ကို တစ်ပတ်ကို
သုံးရက် လာသင်ပေးတယ်။ တစ်ရက်ခြားစီ လာတယ်။ ပထမတစ်ဘာသာဖြစ်တဲ့ အင်္ဂလိပ် စာ
ကျတော့ ၀န်ဆောင်မှုနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်စာ၊ ဒုတိယဘာသာကတော့ လူမှု ဆက်ဆံရေး
အထွေထွေဗဟုသုတမြန်မာ စာ၊ သချင်္ာဆိုလည်း ဈေးတွက်ဖြစ်ပါတယ်။ အဲဒါတွေကို သင်ကြား
ပေးနေပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ ပတ်သက်တာ တွေကိုလည်း သင်ပေးမယ်"ဟု
myME ကို တည်ထောင်သူ Tim Aye Hardy က ပြော သည်။
ရွေ့လျားစာသင်ခန်းအဖြစ် ဘတ်စ်ကား အဟောင်းများကို စာသင်ခန်းအသွင် ပြောင်းလဲထားခြင်း
ဖြစ်သည်။ စာသင်ခန်း တစ်ခုချင်းစီတွင် ဆရာ၊ ဆရာမများ၊ လုပ်အား ပေးသူများနှင့် စာသင်ကြား
မှုအထောက်အကူပစ္စည်းများအပါအဝင် ကျောင်းသား ၆၀ အထိတစ်ပြိုင်နက်သင်ကြားပေးနိုင်
သည်။
ဘတ်စ်ကားပေါ်တွင် သင်တန်းတစ်ခု၊ ဘတ်စ်ကားအပြင်တွင် သင်တန်းတစ်ခုနှင့် လက်ဖက်ရည်
ဆိုင်အတွင်းတွင် သင်တန်းတစ်ခုသင်ကြားသွားမည် ဖြစ်သည်။ လက်ရှိရန်ကုန်တွင် ဘတ်စ်ကား
နှစ်စီးဖြင့် လှည့်လည်ပညာသင်ကြားပေးနေပြီး မန္တလေးမြို့တွင် ဘတ်စ်ကားတစ်စီးဖြင့် လှည့်လည်
သင်ကြားနေသည်။
တယ်လီနောတံဆိပ် တပ်ဆင်ထားသော လက်ဖက်ရည်ဆိုင်များနှင့် တယ်လီနော ဆင်းကတ်
ရောင်းချနေသော ဆိုင်များသည် တယ်လီနော၏ တောင်းဆိုချက်အဖြစ် သဘောတူလက်ခံသော
စာချုပ်တစ်ခုချုပ်ဆိုရပြီ စာချုပ်တွင်မြန်မာနိုင်ငံ၏ တရားဝင် အလုပ်လုပ်နိုင်သော အသက်အရွယ်
ကျော် လွန်သည့်လုပ်သားများကိုသာ ခန့်အပ်ရ မည်အပြင် အသက် ၁၃ နှစ်မှ ၁၆ နှစ်အရွယ် ရှိ
ကလေးသူငယ်များအားပညာသင်ကြားနိုင် ရေး ခွင့်ပြုရမည်ဟု ကတိကဝတ်ပြုထားကြ သည်။

















