ဆမ်ဆောင်းက အက်ပလီကေးရှင်း ရေးဆွဲနည်း သင်တန်းပေးမည်

ဆမ်ဆောင်းက အက်ပလီကေးရှင်း ရေးဆွဲနည်း သင်တန်းပေးမည်

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနလက်အောက် ရှိ ကွန်ပျူတာတက္ကသိုလ်များမှ ထူးချွန် ကျောင်းသား
ကျောင်းသူများကို ရွေးချယ်၍ Mobile Application ရေးဆွဲနည်းသင်တန်း များကို ဆမ်ဆောင်းက
ပို့ချကာ အက်ပလီ ကေးရှင်း ၁၀ ခုအတွက် ဆုများချီးမြှင့်သွားမည် ဖြစ်သည်။

"ကျောင်းသားတွေ တစ်ဦးချင်းကိုယ်တိုင် လုပ်ထားတဲ့ အက်ပလီကေးရှင်းတွေရှိတယ်။ ကျွန်တော်
တို့က အဲဒီထဲကနေ ရွေးချယ်ပြီး အကောင်းဆုံးတွေကို ဆုချီးမြှင့်ပေးသွားမယ်။ ကျောင်းသားတွေ
ကို အက်ပလီကေးရှင်းတွေ ကို သူတို့ကိုယ်တိုင် စိတ်ကြိုက်ဖန်တီးနိုင်အောင် အသုံးပြုခွင့်ပေးထား
ပါတယ်။ ကျောင်းသား တွေ လက်တွေ့ပိုင်းကျွမ်းကျင်စေဖို့နဲ့ အဖွဲ့လိုက် လုပ်ဆောင်မှု ချစ်ခင်ရင်းနှီး
မှု တိုးတက်လာဖို့ အတွက် ဆမ်ဆောင်းပြိုင်ပွဲတွေကို ဆက်တိုက် လုပ်ဆောင်သွားမယ်။ ကျောင်း
တွေက အဆင် ပြေတဲ့အချိန်တွေကို ညှိပြီးလုပ်ဆောင်သွား မှာပါ" ဟု ဆမ်ဆောင်းအီလက်ထရွန်း
နစ်မှ ဈေးကွက်မန်နေဂျာဦးကျော်စွာလင်းက ပြော သည်။

အဆိုပါအစီအစဉ်ကို ၂၀၁၃ ခုနှစ်က စတင် ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ဒုတိယအကြိမ် မြောက်
အဖြစ် Samsung Tech Institute Mobile Apps Training အစီအစဉ်အရ ရန်ကုန်နှင့် မန္တလေး
ကွန်ပျူတာတက္ကသိုလ် တို့၌ ကျောင်းသား၊ကျောင်းသူ ၁၀၀ ဦးတို့ကို မိုဘိုင်းအက်ပလီကေးရှင်းရေး
ဆွဲနည်း သင်တန်းများကို တစ်လကြာပို့ချပေးသွားမည် ဖြစ်သည်။ အရွေးချယ်ခံရသော ကျောင်း
သား၊ ကျောင်းသူများအား တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၂၅၀ စီချီးမြှင့်မည်ဖြစ်သည်။

ထို့ပြင်ကျောင်းသားများကို မွမ်းမံသင်တန်း များပေးပြီး အဖွဲ့လိုက်ပြိုင်ပွဲများဆက်လက် ပြုလုပ်ကာ
ပထမဆုအဖြစ် ဒေါ်လာ ၃,၀၀၀၊ ဒုတိယဆု ဒေါ်လာ ၂,၀၀၀၊ တတိယဆု ဒေါ်လာ ၁,၀၀၀ အသီး
သီးချီးမြှင့်သွားမည်ဖြစ်သည်။ အစီအစဉ်ပြိုင်ပွဲပြီးဆုံးသည်အထိ ၀င်ရောက် ယှဉ်ပြိုင်သော ကျောင်း
သား၊ ကျောင်းသူများ ကိုလည်း ဆမ်ဆောင်း Tab (4) တစ်လုံးစီ ပေးအပ်သွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်