မက်တယ်လ် ဆင်းကတ်များကို သုံးစွဲသူအများစုသည် လက်တလောတွင် ၀ယ်ယူရန်လွယ်လာ
သော အော် ပရေတာအသီးသီး၏ ဆင်းကတ်များအပေါ် စိတ်ဝင်စားမှုရှိသော်လည်း ၀ယ်ယူထား
ပြီးသော ဟန်းဆက်များ ကြောင့် ပြောင်းလဲအသုံးပြုရန် အခက်အခဲများရှိနေကြောင်း သုံးစွဲသူများ
က ဆိုသည်။
"ကျွန်တော် မက်တဲလ်ကို ပြောင်းသုံးတာ လွန်ခဲ့တဲ့ ငါးလလောက်ကတည်းကပါ။ အဲ့တုန်းက
တစ်သောင်း ခွဲပေးရတယ်။ ဟန်းဆက်ကကျတော့ ၈၀၀၀၀ သောင်းကျတယ်။ ၁ သိန်းနီးပါး
လောက် ကျသွားတယ်။ အခု တယ်လီနောတို့ အူရီးဒူးတို့ကို ပြောင်းသုံးချင်နေတာ၊ သူတို့က
ဈေးသက်သာတယ်လေ။ ဒါပေမယ့် ဆင်းကတ် ကဝယ်ဖို့ အပန်းမကြီးပေမယ့် ဂျီ ဟန်းဆက်က
ထပ်လိုလာပြီဆိုတော့ မတတ်နိုင်သေးသရွေ့ မက်တယ်လ်ပဲ သုံးနေရဦးမယ်။ မက်တယ်လ်က
လွန်ခဲ့တဲ့ တစ်ပတ်လောက်က တော်တော်အဆင်မပြေဘူးဖြစ်သွားသေးတယ်။ ဘယ်ခေါ်ခေါ်
ဧရိယာပြင်ပဘဲ ဒါပေမယ့် ခုရက်ပိုင်းအတွင်းတော့ သိပ်အခက်အခဲမရှိဘူး"ဟု မင်္ဂလာဒုံမြို့နယ်
နေ စစ်မှုထမ်းဟောင်း ကိုထွန်းမြင့်က ပြောသည်။
လွန်ခဲ့သော ခြောက်လခန့်က မက်တယ်လ်ဆင်းကတ်များနှင့် ဂျီအက်စ်အမ်ဆင်းကတ်များကို
တလှည့်စီဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် မဲစနစ်နှင့်အတူ ကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချပေး
ခဲ့သည်။
ထိုစဉ်က အပြင် ပေါက်ဈေး မြင့်မားခဲ့ပြီး စာချုပ်ပါလျှင် သုံးသောင်းထိ ကျသင့်ခဲ့ကာ အလွတ်ဆို
လျှင် တစ်သောင်းခွဲဖြင့် လူကြိုက် များခဲ့သော်လည်း ပြည်ပအော်ပရေတာများ၏ ဈေးကွက်အတွင်း
ချုပ်ကိုင်လာနိုင်မှုများကြောင့် ပြည်သူများ၏ စိတ်ဝင်စားမှုများ တဖြည်းဖြည်းလျော့ကျခဲ့သည်။
"မက်တယ်လ်က အရင်ကတည်းကစစ်တပ်သုံးဖို့ သီးသန့်ထုတ်ခဲ့တာ။ အဲ့နောက်ပိုင်းမှာ နည်းနည်း
လေး ကွန်ယက်လေးတွေ တိုးချဲ့တယ်၊ နည်းနည်းချင်းစီစရောင်းတယ်။ နောက်ပြီးသူ အော်ပရေတာ
တစ်ခုလိုလည်း မဟုတ်ဘူး၊ အမ်ပီတီရဲ့ လက်အောက်ကလည်းမဟုတ်ဘူး၊ နောက်ပိုင်းလည်း
ဆက်တိုးချဲ့သွားဖို့ကိုတော့ ကျွန်တော်တော့ မထင်ဘူး၊ အရင်က ၀ယ်ခဲ့တဲ့သူတွေကတော့ တတ်နိုင်
ရင် တတ်နိုင်သလို ဟန်းဆက်မြင့်မြင့် ၀ယ်ပြီး အူရီးဒူးသုံးတာတို့၊ နည်းနည်းပဲ တတ်နိုင်တယ််ဆိုရင်
အမ်ပီတီ၊ တယ်လီနော စသဖြင့် သုံးလို့ရပါ တယ်။ ဟန်းဆက်မပြောင်းလဲနိုင်တဲ့သူအဖို့ကျတော့
လည်း သူကိုဘဲ ဆက်သုံးလည်း ရန်ကုန်မြို့တွင်းတော့ အဆင်ပြေနိုင်ပါတယ်"ဟု မြန်မာ့ဆက်
သွယ်ရေးမှ ၀န်ထမ်းဟောင်းတစ်ဦးဖြစ်သူ ကိုရဲကျော်စွာဘိုက ၎င်းအမြင်ကို ပြောသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးနှင့် ပြည်ပအော်ပရေတာနှစ်ခုတို့သည် ၎င်းတို့၏ ဆက်သွယ်ရေး
ကွန်ယက် များကို တိုးတက်အောင် ချဲ့ထွင်ခြင်းများ၊ ကွန်ယက်အရည်အသွေးမြှင့်တင်ခြင်းများကို
အပြိုင်အဆိုင် ပြုလုပ် လျက်ရှိကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

















