မောင်းသူမဲ့လေယာဉ်တွေရဲ့ အသုံးဝင်ပုံ ပြောင်းလဲလာပြီ

မောင်းသူမဲ့လေယာဉ်တွေရဲ့ အသုံးဝင်ပုံ ပြောင်းလဲလာပြီ

အမ်မဇုန်(Amazon)ကနေ ကျွန်တော်တို့မှာ တဲ့အော်ဒါတွေကို မကြာခင်မှာ အချိန်မရွေး မပေးနိုင်
ရင်တောင်မှ မောင်းသူမဲ့လေယာဉ်တွေဟာ ကျွန်တော်တို့ဘဝမှာ အကျိုးသက်ရောက်မှုတွေ အများ
ကြီး ဖြစ်ပေါ်စေတော့မှာ ပါလို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။အရပ်ဘက်သုံးမောင်းသူမဲ့
လေယာဉ်လေး တွေဟာ ၂၀၁၄ ခုနှစ်မှာ သတင်းထူးအဖြစ် စတင် ထွက်ပေါ်လာခဲ့ပြီး အထူးသဖြင့်
နည်းပညာ ပိုင်းမှာ အထူးတိုးတက်နေတဲ့ ပြင်သစ်နဲ့ အမေ ရိကန်နိုင်ငံတွေမှာ နေ့စဉ်အသုံးပြုတဲ့
အရာအဖြစ် မကြာခင်မှာ ဖြစ်လာနိုင်ပါတယ်။

စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့တွေဟာ နည်းပညာကိုစတင်လိုက်မီလာပြီဖြစ်တဲ့အတွက် ဒီလိုတိုးတက်
လာတဲ့ကဏ္ဍဟာ ကမ္ဘာ တစ်ဝန်းပျံ့နှံ့ဖြစ်ပေါ်ဖို့ အသင့်ဖြစ်နေပါတယ် လို့ စီးပွားရေးလုပ်ငန်းတွေ
အတွက် မောင်းသူမဲ့ လေ ယာဉ်လေးတွေ ထုတ်လုပ်ပေးတဲ့ ပြင်သစ် ကုမ္ပဏီ "Red Bird" အမှု
ဆောင်အရာရှိ Emm-anuel de Maistre က ပြောပါတယ်။ မောင်းသူမဲ့လေယာဉ်လေးတွေကို
အရင် တုန်းကတော့ စစ်ဘက်ဆိုင်ရာအသုံးပြုဖို့ အတွက်ပဲ ကန့်သတ်ထားခဲ့ပေမယ့် အခုတော့
သာမန်ကင်းထောက်ခြင်းလုပ်ငန်းအပြင် အရပ်သားတွေရဲ့ လုပ်ငန်းဆိုင်ရာအခန်းကဏ္ဍ တွေမှာ
ပိုပိုပြီး အသုံးပြုလာနေပါပြီ။

မောင်းသူမဲ့လေယာဉ်လေးတွေဟာ ပေါ့ပါး ပြီး လိုသလိုပြုပြင်လို့ရသလို အသုံးပြုရလည်း လွယ်တဲ့
အပြင် ရဟတ်ယာဉ်၊ အပေါ့စားသယ်ယူပို့ဆောင်ရေးလေယာဉ်နဲ့ ဂြိုဟ်တု တွေထက် ပိုကောင်းတဲ့
အကျိုးကျေးဇူးတွေ ရှိ ပြီး "လုပ်ငန်းကိစ္စတွေမှာ ပိုကောင်းတဲ့ ရလဒ် တွေကို ဈေးချိုချိုနဲ့ ခပ်များများ
ထွက်ပေါ်လာ စေနိုင်မှာပါ" လို့ ပြင်သစ်လေကြောင်းနှင့် အာကာသတက္ကသိုလ် (AAE) က ဆိုပါ
တယ်။

လေယာဉ်ပညာနဲ့ အဆင့်မြင့်နည်းပညာ နှစ်ခု ပေါင်းစပ်ထားတဲ့ မောင်းသူမဲ့လေယာဉ် လေးတွေ
ဟာ လေယာဉ်မောင်းအတတ်ပညာ ထက် တိုးတက်လာတဲ့ နည်းပညာကို အခြေခံထားပေမယ့်
လည်း လေကြောင်းဘေးကင်း ရေးအာဏာပိုင်တွေက စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်ထားပါ
တယ်။ "စမတ်ဖုန်းမှာရှိတဲ့ အရာတွေအားလုံးကို မောင်းသူမဲ့လေယာဉ်တစ်စင်းမှာ တွေ့ရမှာ ပါ"
လို့ ြငျေအမန က ပြောပါတယ်။ မောင်းသူမဲ့လေယာဉ်လေးတွေရဲ့ အစွမ်း ကို ယူကရိန်းက
ကိဗ်ယ်မြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ ပြင်သစ်စက်ဘီးစီးပြိုင်ပွဲလို သတင်းတွေကို ရုပ်မြင်
သံကြားတွေကနေ လူ တွေ ပထမဦးဆုံး သိရှိလာခဲ့ပါတယ်။ ဒီဖြစ်ရပ် တွေကို ရုပ်မြင်သံကြား
ကြည့်ရှုသူတွေဟာ ထူးခြားသစ်လွင်တဲ့ ကင်မရာရှုထောင့်တွေ ကနေ တွေ့ရှိခဲ့ကြပါတယ်။
ကနေဒါနိုင်ငံက သတင်းစာသင်တန်း ကျောင်းတွေမှာ မောင်းသူမဲ့လေယာဉ်နဲ့ သတင်း ကြေညာ
တာနဲ့ပတ်သက်ပြီး အထူးသင်တန်း တွေတောင် အခုပေးနေပါပြီ။

အမေရိကန်ကင်မရာ ထုတ်လုပ်ရေးကုမ္ပဏီ ဓွသဏမသဓ လည်း အပါအဝင်ဖြစ်တဲ့ ဈေးကွက် တစ်
ခုအတွင်းမှာ ဓဏမေမသအဓ လို ကုမ္ပဏီတွေလည်း စမတ်ဖုန်းနဲ့ ထိန်းချုပ်ထားတဲ့ မောင်းသူမဲ့ ကင်မရာလေယာဉ်တွေနဲ့ ဈေးကွက်တွင်း အောင်မြင်မှုရရှိသူတွေဖြစ်လာခဲ့ပါပြီ။ ဒီလုပ်ငန်းက ဥရော
ပမှာ ယူရိုသန်း ၅၀၀ ( ဒေါ်လာ သန်း ၆၂၀) လောက်ရှိပြီး အမေရိကန် လုပ်ငန်းစုတစ်ခုဖြစ်တဲ့
အပြည်ပြည်ဆိုင်ရာ မောင်းသူမဲ့ယာဉ်စနစ် ( ဗ့ဠှှု) က ခန့်မှန်းထား တဲ့ နောက် ၁၀ နှစ်အကြာမှာ
လုပ်ငန်းလည်ပတ် မှု ဒါ်လာ ၈၂ ဘီလျံလောက်ရှိလာလိမ့်မယ်ဆိုတဲ့ အနေအထားရောက်ဖို့နေနေ
သာသာ လုပ်ငန်း ဆက်လက်ရပ်တည်နိုင်ဖို့ အခက်အခဲတွေရှိနေဆဲအခြေအနေမှာ ရှိနေပါတယ်။

ပြင်သစ်နိုင်ငံကတော့ မောင်းသူမဲ့လေယာဉ် လုပ်ငန်းကဏ္ဍမှာ စတင်ဦးဆောင်နေတဲ့သူတွေထဲမှာ
တစ်နိုင်ငံအပါအဝင်ပါ။ ပြင်သစ် အစိုးရဟာ မောင်းသူမဲ့လေယာဉ်အသုံးပြုမှု နဲ့ ပတ်သက်ပြီး တင်း
ကျပ်မှုသိပ်မရှိတဲ့ ဥပဒေ တစ်ရပ်ကို ၂၁၀၂ ခုနှစ်မှာ ပြဋ္ဌာန်းပေးခဲ့ပြီး ဓျွနိဘငမိဓ လို လုပ်ငန်းအစပျိုးစ
ကုမ္ပဏီတွေ ကို မောင်းသူမဲ့လေယာဉ်တွေ ထုတ်လုပ် ရောင်းချခွင့်ပေးထားပါတယ်။ ပြင်သစ်မှာရှိတဲ့
မောင်းသူမဲ့လေယာဉ် ထုတ်လုပ်ရေးကဏ္ဍမှာ လူပေါင်း ၃,၀၀၀ လောက် အလုပ်လုပ်ကိုင်နေကြပြီး
အများအား ဖြင့် ဓာတ်ပုံရိုက်လုပ်ငန်းကို လုပ်ကိုင်ကြတဲ့ ကုမ္ပဏီငယ်လေးတွေမှာ လုပ်ကိုင်ကြတာပါ။

အမေရိကန်ဥပဒေကို စောင့်နေဆဲ မောင်းသူမဲ့လေယာဉ်လုပ်ငန်း ဓျွနိဘငမိဓ ကတော့ မောင်းသူမဲ့
လေယာဉ် ထုတ်လုပ်တဲ့အပြင် သတ္တုတွင်းကုမ္ပဏီတွေနဲ့ လျှပ်စစ်နဲ့ မီးရထားလမ်းကုမ္ပဏီတွေဖြစ်တဲ့
"EDF" နဲ့ "SNCF"  လို ကုမ္ပဏီတွေအပါအဝင် စက်မှုလုပ်ငန်းကြီးတွေအတွက် တူးဖော်ရေး နဲ့ လုပ်
ငန်းကွန်ရက်တွေမှာ မောင်းသူမဲ့လေ ယာဉ်တွေ အသုံးပြုနိုင်အောင် ၀န်ဆောင် မှုပေးနေပါတယ်။


 

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာလည်း ပိုမိုအကျိုးဖြစ်ထွန်းလာစေဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို အကူ
အညီဖြစ်စေတဲ့မြေဩဇာ အသုံးပြုမှုမျိုးကို ပိုမိုကျင့်သုံးလာကြစေဖို့ မောင်းသူမဲ့လေယာဉ်သုံးလာကြ
ပါတယ်။ အခုထုတ်လုပ်နေကြတဲ့ မောင်းသူမဲ့လေယာဉ်တွေအားလုံးဟာ သတင်းအချက် အလက်
တွေ စုဆောင်းဖို့အတွက် ကိရိယာတွေဖြစ်တဲ့အတွက် ဒစ်ဂျစ်တယ်စီးပွားရေး လောက လုပ်ငန်းရှင်
ကြီးတွေဖြစ်တဲ့ အမ်မဇုန်၊ ဂူးဂဲလ်နဲ့ ဖေ့စ်ဘွတ်ခ်တို့ဟာ မောင်းသူမဲ့ လေယာဉ်တွေကို စိတ်ဝင်စား
နေကြပါတယ်။ ဒါကြောင့် သုံးစွဲသူတွေအတွက် အိမ်တိုင်ရာ ရောက်သတင်းအချက်အလက်တွေ
ပေးဖို့ သူတို့ လည်း မောင်းသူမဲ့လေယာဉ်တွေ အသုံးပြုချင် တယ်လို့ တောင်းဆိုထားကြပါတယ်။

ဒါပေမဲ့ ဥပဒေအရ လူနေရပ်ကွက်အတွင်း ဒါမှမဟုတ် ညပိုင်း နဲ့ လေဆိပ်ဝန်းကျင်က 'လေယာဉ်
မပျံသန်းရဇုန်'တွေမှာ မောင်းသူမဲ့ လေယာဉ်တွေ ပျံသန်းခွင့်မရှိတဲ့အတွက် သူတို့မျှော်မှန်းထားသ
လို ဖြစ်လာနိုင်ဖို့ ဝေးပါ သေးတယ်လို့ ဒီလုပ်ငန်းနယ်ပယ်အတွင်းက လူတွေက ပြောပါတယ်။ အိမ်
တိုင်ရာရောက် သတင်းအချက်အလက် ပေးပို့ဖို့ဆိုတဲ့အချက်ကတော့ ၂၀၁၅ ခုနှစ်မှာစတင်ကျင့်သုံး
မှာဖြစ်ပြီး မောင်းသူမဲ့လေယာဉ် ထုတ်လုပ်ရေးကဏ္ဍကို အမှန်တကယ်တိုးတက် လာစေလောက်
တဲ့ မောင်းသူမဲ့လေယာဉ် အသုံးပြုမှုဆိုင်ရာ ဥပဒေသစ်တစ်ရပ်ကို အရှိန်မြှင့်ဖို့အတွက် ကြိုးပမ်းမှု
တစ်ရပ်အဖြစ် လူအများစုက ရှုမြင်ကြပါတယ်။ အမ်မဇုန်တည်ထောင်သူ ဲန်် နြဖသျ က မောင်းသူမဲ့
လေယာဉ်နဲ့ပတ်သက်ပြီး အမေ ရိကန်နိုင်ငံမှာရှိနေတဲ့ အဓိက အတားအဆီး က နည်းပညာမဟုတ်
ပါဘူး။

စည်းမျဉ်း သတ်မှတ်ချက်ပါလို့ ဆိုပါတယ်။ ပြည်ထောင်စုလေကြောင်းအာဏာပိုင် အဖွဲ့ (FAA) ဟာ
အမေရိကန်နိုင်ငံက ဒေသ ခြောက်ခုမှာ စမ်းသပ်မောင်းသူမဲ့လေယာဉ် လေ့လာပျံသန်းမှုတစ်ရပ်ကို
၂၀၁၃ ခုနှစ်မှာ ပြုလုပ်ခဲ့ပြီး ဒီနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ကောင်းကင်မှာ မောင်းသူမဲ့လေယာဉ်
အသေး စား ရ,၅၀၀ စီးကို ပျံသန်းခွင့်ပြုနိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။ မောင်းသူမဲ့လေယာဉ်
အသုံးပြုမှုနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထွက်ပေါ်နေဆဲဖြစ်ပြီး ပြင်သစ်နျူကလီးယားစက်ရုံတွေအပေါ်
က နေ မောင်းသူမဲ့လေယာဉ်တွေ မကြာသေးခင် က ပျံသန်းခဲ့တဲ့ဖြစ်ရပ်ကြောင့် သံသယတွေ ပိုပြီး
ထွက်ပေါ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အမေရိကန်နဲ့ ဗြိတိန်က ခရီးသည်တင်လေယာဉ် နှစ်စီးနဲ့
မောင်းသူမဲ့လေယာဉ်တိုက်မိဖို့ သီသီကလေးလွဲခဲ့တဲ့ဖြစ်ရပ်တွေကြောင့် ဒီကိစ္စဟာလူအများစိုးရိမ်တဲ့ကိစ္စတစ်ခုဖြစ်နေပါတယ်။ဒီဖြစ်ရပ်တွေက မောင်းသူမဲ့လေယာဉ်ထိန်း
ချုပ်တဲ့သူတွေကို စနစ်တကျ သင်တန်းပေးဖို့ လိုနေတယ်ဆိုတာကို ဖော်ပြနေပါတယ်။

ဒါပြင် မောင်းသူမဲ့လေယာဉ်တွေကို အသုံး ပြုပြီး ကာယကံရှင်တွေမသိဘဲ လူတွေရဲ့ ပုံရိပ် တွေကို
ဓာတ်ပုံရိုက်သိမ်းဆည်းထားနိုင်တာ ကြောင့် ကိုယ်ရေးကိုယ်တာဘေးကင်းလုံခြံု ရေးနဲ့ ပတ်သက်ပြီး
တော့လည်း စိုးရိမ်ပူပန် နေကြပါတယ်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်