မြန်မာစာမှ အသံထွက်ပေးနိုင်မည့် ဆော့ဖ်ဝဲကို ရေးဆွဲသွားမည်

မြန်မာစာမှ အသံထွက်ပေးနိုင်မည့် ဆော့ဖ်ဝဲကို ရေးဆွဲသွားမည်

စက္ခုအာရုံချို့တဲ့နေကြသော မျက်မမြင်ဝေဒနာရှင်များအတွက်သာမက မြန်မာစကားစတင်သင်ကြား
မည့် ကလေးသူငယ်များအတွက်ပါ အသုံးဝင်မည့် မြန်မာစာမှ အသံထွက်ပေးနိုင်သည့် MyTTS
(Myanmar Text TO Speech Engine) ဆော့ဖ်ဝဲ ကို မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ
မိတ်သဟာယ(မခမမ) တွင်ရှိသော အိုင်တီအဖွဲ့က ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ကာ ခြောက်လ
မှ တစ်နှစ်အတွင်း အကောင်အထည်ဖော် ရေးဆွဲမည်ဖြစ်သည်။

"ဒီဆော့ဖ်ဝဲက မျက်မမြင်တွေအတွက် သာ အကျိုးရှိတာ မဟုတ်ပါဘူး။ ကျွန်တော် တို့တွေအတွက်
လည်း အရမ်းကိုအကျိုးရှိတဲ့ဆော့ဖ်ဝဲပါ။ နေ့စဉ်နဲ ့ အမျှ စာကို အများ ကြီး ဖတ်နေရတဲ့သူအတွက်
လည်း အရမ်း အကျိုးရှိတဲ့ဆော့ဖ်ဝဲလည်း ဖြစ်ပါတယ်။ နောက်ပြီးဒီဆော့ဖ်ဝဲက အီးဘွတ်ခ်တွေ
အတွက်လည်း အကျိုးရှိပါတယ်။ ဥပမာ - ကားမောင်းနေတဲ့အချိန်ဘဲ ဖြစ်ဖြစ်နားနေ တဲ့အချိန်ဘဲ
ဖြစ်ဖြစ်သူ့ကို ဖတ်ခိုင်းလို့ရပါ တယ်။ နောက်ပြီးမြန်မာစာကို စပြီးသင်တဲ့ ကလေးတွေ နိုင်ငံခြားသား
တွေအတွက် လည်း ဒီဆော့ဖ်ဝဲကအရမ်းအကျိုးရှိပါ တယ်" ဟု ဆော့ဖ်ဝဲ၏ အကြံပေးအရာရှိ
ဦးငွေထွန်းက ပြောသည်။

အင်တာနက်စာမျက်နှာမှ စာသားများ ဖြစ်စေ၊ ကွန်ပျူတာမှ ဖိုင်များဖြစ်စေထည့် ပြီး ကလေးသံ၊
လူကြီးသံ၊ မိန်းမအသံအစရှိသည့်အသံမျိုးစုံဖြင့် ရွေးချယ်ဖတ်ခိုင်းနိုင် မည့်အပြင် အသံ၏ မြန်နှုန်း
အလျှော့ အတင်းပြုလုပ်ခြင်းဖြင့်လည်း ဖတ်ခိုင်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းဆော့ဖ်ဝဲသည် ဘာသာစကားအသံထွက်များအတိုင်း ကွန်ပျူတာ (သို့ မဟုတ်) ဆော့ဖဲဝဲမှ
စာသားများကို ဖတ်၍ အသံအဖြစ်ပြောင်းလဲ အသံထွက်ပေးနိုင်သောစနစ်ဖြစ်သည့် Speech
Synthesis (ခေါ်) Text to Speech ဆော့ဖ်ဝဲဖြစ်သည်။ "ွှနထအ အသ ျစနနခ့ ဆိုတာဘာလဲ
ဆိုရင် ကျွန်တော်တို့ရဲ့အမြင်စာတွေကို အသံစနစ်အဖြစ် ပြောင်းလဲလိုက်တဲ့ ဆော့ဖ်ဝဲဖြစ်ပါတယ်။

ဒီဆော့ဖ်ဝဲမှာ စကားလုံးတစ်လုံး ချင်းကို အသုံးထွက်စေချင်လား၊ စာတစ်ကြောင်းလိုက် အသံထွက်ေ
စချင်လား၊ စာပိုဒ်အလိုက် အသံထွက်ခေါ်စေချင်လား ဒီဆော့ဖ်ဝဲထဲကို သိချင်တဲ့စာသား၊ စကားလုံး
ကိုကူးထည့်ပြီအသံထွက်ခိုင်းလို့ ရပါတယ်"ဟု ဦးငွေထွန်းက ပြောသည်။ အဆိုပါဆော့ဖ်ဝဲကို ၀င်ဒိုး
ကွန်ပျူတာ များတွင် စတင်အသုံးပြုနိုင်ရန်တည်ဆောက် သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အခြား
ကွန်ပျူတာများနှင့် အိုင်တီပစ္စည်းများဖြစ် သည့် မိုဘိုင်းဟန်းဆက်များ၊ တက်ဘလက်များနှင့် အခြား
အိုင်တီပစ္စည်းများတွင်လည်း အသုံးပြုနိုင်ရန်ဆောင်ရွက်မည်ဖြစ်သည်။

"အခုကလည်း မိုဘိုင်းခေတ်ဖြစ်တဲ့ အတွက်ကြောင့်နောက်ပိုင်းမှာလည်း မိုဘိုင်း ဖုန်းထဲကို စာသား
ဖိုင်လေတစ်ခုသာထည့် ပေးရုံနဲ့ အသံထွက်ပြီးဖတ်ခိုင်းအောင် ဆောင်ရွက်ပေးလို့ ရမှာဖြစ်ပြီးတော့
အခြား အီလက်ထရောနစ်ပစ္စည်းများတွင်လည်း အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမှာဖြစ် ပါတယ်။
ဖတ်ထားတဲ့ အသံတွေကိုလည်း ဏြ ၃ ဖိုင်နဲ့ သိမ်းထားပြီး ဘယ်အချိန် ဖတ်ဖတ် ပြန်ဖွင့်ပြီးဖတ်လို့
ရအောင်လည်း ဆောင်ရွက်ပေးထားပါတယ်" ဟု ဦးငွေထွန်း က ပြောသည်။

အနာဂတ်အစီအစဉ်များသည် မြန်မာ စာအသံထွက်စနစ်ကြီးကို နိုင်ငံတကာအဆင့်ပူးပေါင်းတည်
ဆောက်သွားရန် အစီ အစဉ်ရှိကာ အဆိုပါဆော့ဖ်ဝဲ အောင်အောင် မြင်မြင်ပေါ်ထွက်လာနိုင်ရန်
အဘက်ဘက် မှ ကူညီပံ့ပိုးမှုများရှိသလို ကမ္ဘာဇဘဏ်က လည်း ငွေကြေးပံ့ပိုးပေးထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်