အူရီဒူးချင်းချင်း စာတိုပို့ခြင်းဖြင့် ဖုန်းငွေအပြန်အလှန် ဖြည့်ပေးနိုင်ပြီ

အူရီဒူးချင်းချင်း စာတိုပို့ခြင်းဖြင့် ဖုန်းငွေအပြန်အလှန် ဖြည့်ပေးနိုင်ပြီ

မိမိနှင့် ပတ်သက်သော မိတ်ဆွေများထံ ဖုန်းငွေဖြည့်ပေးရန် တောင်းခံခြင်း သို့မဟုတ် မိမိ်က အခြား
သူထံသို့ ဖုန်းငွေဖြည့်ပေးခြင်းများ ကိစ္စရပ်များကို အူရီးဒူး ကွန်ရက် အသုံးပြုသူအချင်းချင်း စာတိုပို့ခြင်း
မှတဆင့် လွယ်ကူလျှင်မြန်စွာ ပို့ပေးနိုင်မည်ဖြစ်ကြောင်း အူရီးဒူးမှ သိရသည်။

အဆိုပါ ၀န်ဆောင်မှုသည် အူရီဒူးဖုန်းသုံးစွဲသူတစ်ဦးအနေဖြင့် ဖုန်းဘေလ် ပြတ်လပ်သွားပါက မိမိ
၏ မိသားစု များ သို့မဟုတ် ခင်မင်သူများအား မိမိထံသို့ ဖုန်းငွေဖြည့်ပေးရန် အက်စ်အမ်အက်ပို့ခြင်း
ဖြင့် အကြောင်းကြား နိုင်မည်ဖြစ်သည်။

ငွေလွှဲလိုိပါက *126 ကိုအရင်နှိပ်ပြီး ဖုန်းဘေလ်လွဲပြောင်းပေးရန် တောင်းဆိုခံ ရသူ၏ဖုန်းနံပါတ်
*ငွေပမာဏ # တို့ကို နှိပ်ပြီး ဖုန်းခေါ်ဆိုလိုက်ပါက တောင်းဆိုခံရသူထံ အကြောင်းကြားစာ တစ်
စောင် ရောက် သွားမည်ဖြစ်သည့် (Top me up) ၀န်ဆောင်မှုကို အခမဲ့ရနိုင်မည်ဖြစ်ပြီး၊ တဖန်
ဖုန်းငွေလွဲပေးမည့်သူကလည်း *155* ငွေပမာဏ * လွဲပေးမည့်ဖုန်းနံပါတ် # ကိုနှိပ်ကာ
ဖုန်းခေါ်၍ ငွေလွဲပေးပို့နိုင်မည်ဖြစ်ကြောင်း၊ သို့သော် လည်း ၎င်းအနေဖြင့် ဖုန်းငွေလွဲခအဖြစ်
တစ်ခါလွဲလျှင် ငွေကျပ် ၁၀၀ ကို ပေးဆောင်သွားရမည်ဖြစ်ကာ ငွေလွဲ ပြောင်းပေးသူသည်
ကျပ် ၅၀၀၀ ငွေလွဲပေးပါက စုစုပေါင်း ၅၁၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ငွေလွဲပမာဏအနေ
ဖြင့်လည်း တစ်ကြိမ်ကို ၅၀၀ မှ ၅၀၀၀ အထိ သတ်မှတ်ထားပြီး အကြိမ်အရေအတွက် အကန့်
အသတ်မရှိ ငွေလွဲပြောင်းပေးနိုင်မည်ဖြစ်ကြောင်း အူရီးဒူးမြန်မာ၏ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၃၀
ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အင်တာနက် လစဉ်သုံး အခကြေးငွေများ ကိုလည်း အနည်းဆုံး ၁ မက်ဘ်ကို ၅ ကျပ် ၅၉ ပြား
ပြောင်းလဲ သတ်မှတ်ထားကြောင်း အူရီးဒူးမြန်မာမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်
ထပ်မံထုတ်ပြန် ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်