အူရီဒူးမှ ငါးလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုသို့ ကွန်ယက်ဖြန့်ကျက်နိုင်ခဲ့

အူရီဒူးမှ ငါးလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုသို့ ကွန်ယက်ဖြန့်ကျက်နိုင်ခဲ့

ပြည်ပအော်ပရေတာ တစ်ခုဖြစ်သော အူရီးဒူးမြန်မာမှ ၎င်းတို့၏ အင်တာနက်ပါ၀င်သော မိုဘိုင်းဖုန်း
လိုင်း ကွန်ရက်အား ငါးလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုးခုသို့ မိုဘိုင်းကွန်ယက်များ
တိုးမြှင့် ဖြန့်ကျက်နိုင်ခဲ့ကြောင်း အူရီဒူးမြန်မာမှ သိရသည်။

ဩဂုတ်လမှ ဇန်နဝါရီလ လဆန်းပိုင်းအထိ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေး
တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်
နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် တို့ရှိ မြို့နယ်များကို မိုဘိုင်းကွန်ယက် ဖြန့်ကျက်နိုင်ခဲ့ကြောင်း
၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

"အခုလိုကွန်ရက်ကို ငါးလအတွင်းမှာ မြန်မြန်ဆန်ဆန် ဖြန့်ကျက်နိုင်တာဟာ ဒေသခံမိဘပြည်သူ
အများ၊ အစိုးရအဖွဲ့အစည်းများနဲ့ သက်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီများနဲ့ အူရီဒူးမြန်မာအားလုံး
ရဲ့ ပူးပေါင်းဆောင် ရွက်မှု ရလဒ်ပဲဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ အားလုံးကို ကျေးဇူးအထူးတင်ရှိ
ပါတယ်။ ဒီနှုန်းနဲ့ဆိုရင် သတ်မှတ်ထားတဲ့အတိုင်း ငါးနှစ်အတွင်းမှာ မြန်မာပြည်လူဦးရေရဲ့ ၉၇ ရာ
ခိုင်နှုန်းကို ကျွန်မတို့ရဲ့ အဆင့်မြင့် ဆက်သွယ်ရေးကွန်ရက်ကပေးတဲ့ အကျိုးထူးဝန်ဆောင်မှုတွေ
ပေးနိုင်တော့မှာ ဖြစ်ပါတယ်" ဟု အူရီဒူး မြန်မာ၏ လူမှုဆက်ဆံရေးနဲ့ ပြန်ကြားရေးအကြီးတန်း
မန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယခင်ခေါ်ဆိုရခက်ခဲသော ပုဇွန်တောင်မြို့နယ် ၅၄လမ်း
အလယ် ဘလောက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးတောင်ဘက်နှင့် ShangriLa
Residence တောင်ဘက် အပါအဝင် လမ်းမကြီးစုစုပေါင်း ၁၂ ခုတို့၌ အူရီဒူးမြန်မာ၏ မိုဘိုင်း
ကွန်ယက် ယခုအချိန်တွင် အောင်မြင်စွာ ဖြန့်ကျက်ပြီးစီးသွားကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်