မိုဘိုင်းဖုန်းဖြင့် ယာဉ်စီးခပေးနိုင်မည့်စနစ် မိတ်ဆက်

မိုဘိုင်းဖုန်းဖြင့် ယာဉ်စီးခပေးနိုင်မည့်စနစ် မိတ်ဆက်

နိုင်ငံတကာတွင် အသုံးပြုနေသကဲ့သို့ မိုဘိုင်း ဖုန်းအသုံးပြုကာ ယာဉ်စီးခပေးချေသည့်စနစ်ဖြစ်သော
Speed Kyat စနစ်ကို ကစ္ဆပ နဒီကုမ္ပဏီက မိတ်ဆက်လိုက်သည်။ ပြည်တွင်း ခရီးသည်သယ်ယူ
ပို့ဆောင် ရေးယာဉ်များတွင် အသုံးပြုနေသော အိုင်ပေးကတ်စနစ်ကို ဆောင်ရွက်နေသည့် အဆိုပါ
ကုမ္ပဏီက မိတ်ဆက်လိုက်သည့် Speed Kyat ၀န်ဆောင်မှုအတွက် နည်းပညာသုံးကုတ်အမှတ်
အသား *669# ကို အသုံးပြု၍ မိမိတို့မိုဘိုင်းဖုန်းဖြင့် တစ်မိနစ် အတွင်း အကောင့်ဖွင့်လှစ်နိုင်မည်
ဖြစ် သည်။

အကောင့်ဖွင့်လှစ်ရာတွင် မိမိ၏ဖုန်း နံပါတ်သည် မိမိ၏ အကောင့်နံပါတ်ဖြစ်မည် ဖြစ်သည်။
အကောင့်ဖွင့်လှစ်ရန်အတွက် အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာစလုံးကိုအသုံး ပြုနိုင်မည်ဖြစ်ကာ
အကောင့်ဖွင့်လှစ်ပြီး သည်နှင့်တစ်ပြိုင်နက် မိုဘိုင်းဖုန်းအသုံးပြု ငွေပေးချေစနစ်၏ ၀န်ဆောင်မှု
အားလုံးကို စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။ ရန်ကုန်မြို့တွင်း ခရီးသည်ပို့ဆောင်ရေးတွင်
ငွေအကြွေပြဿနာကိုဖြေရှင်းနိုင်ရန်အတွက် ရည်ရွယ်ကာ ထိုစနစ်ကို မိတ်ဆက်ခြင်းဖြစ်ပြီး
ခရီးသည်များ အလွယ်တကူ အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်။

"ဘယ် အန်းဒရွိုက်ဖုန်း အမျိုးအစားမဆိုအသုံးပြုလို့ရမှာဖြစ်ပါတယ်။ လောလောဆယ်တော့
မြန်မာ့ဆက်သွယ်ရေးဖုန်းလိုင်း အသုံးပြုတဲ့ဖုန်းတွေမှာပဲ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ နောက်
ပိုင်းမှာ အခြား တယ်လီ ဖုန်းလိုင်းတွေနဲ့လည်း လုပ်သွားဖို့ ရှိပါ တယ်။ ဇန်နဝါရီလ ၁ ရက်နေ့မှာ
စတင်ပြေးဆွဲမယ့် အမြဲစိမ်း ယာဉ်လိုင်းမှာလည်း အိုင် ပေးကတ်အပြင် မိုဘိုင်းဖုန်းနဲ့ ငွေပေးချေ
လို့ရတဲ့စနစ်ကို အသုံးပြုသွားမှာဖြစ်ပါ တယ်" ဟု ကစ္ဆပနဒီ ကုမ္ပဏီမှ အထွေထွေမန်နေဂျာ
ဒေါ်နီနီခင်က ပြောသည်။

မိုဘိုင်းဖုန်းဖြင့် ယာဉ်စီးခပေးချေရန် အတွက် ခရီးသည်တင်ကားများတွင် ခရီး သည်များ မြင်သာ
ထင်သာရှိစေနိုင်မည့် နေရာတွင် ငွေပေးချေရမည့် ဖုန်းနံပါတ်ကို ရေးထားမည်ဖြစ်ပြီး အဆိုပါ
ဖုန်းသို့ မိမိ၏ ကျသင့်သည့် ယာဉ်စီးခကို တိုက်ရိုက် ရိုက်နှိပ် ကာ ပေးချေနိုင်မည်ဖြစ်သည်။
မတူညီသည့် ယာဉ်စီးခများပေးချေရာတွင် ပေးချေရမည့် မည်သည့်ပမာဏကိုမဆို ပေးချေနိုင်ပြီး
ယာဉ်စီးခပေးချေထားသည့် မက်ဆေ့ချ်များ ကို ခရီးသည်နှင့် ယာဉ်လုပ်သားနှစ်ဦးနှစ်ဖက် စလုံးက
လက်ခံရရှိမည်ဖြစ်ကာ အဆိုပါ မက်ဆေ့ချ်တွင် လက်မှတ်နံပါတ်၊ ငွေပမာဏ၊ ပေးချေသည့်နေ့ရက်၊
အချိန်စသည်တို့ ဖော်ပြပါရှိမည်ဖြစ်သည်။

အဆိုပါ မက်ဆေ့ချ် များအတွက် ခရီးသည်က ကုန်ကျစရိတ်ကျခံစရာမလိုကြောင်း သိရသည်။
အဆိုပါစနစ်ကိုအသုံးပြုခြင်းဖြင့် ပြန်အမ်းငွေများအတွက် အငြင်းပွားဖွယ်ရာများ မရှိတော့ခြင်းအပြင်
အားသာချက်မှာ ငွေ ပေးချေရာတွင် ကျပ် ၅၀၀ နှင့် အထက်ပေး ချေမှသာ မိမိ၏ လျှို့ဝှက်နံပါတ်ကို
ရိုက်နှိပ် ရန် လိုသည့်အတွက် ငွေပေးချေမှုမှားယွင်းခြင်းကို အကာအကွယ်ပေးနိုင်သည့်အပြင် မိမိတို့ အသုံးပြုခဲ့သည့် ငွေကြေးပမာဏကို ပြန်လည်ကြည့်ရှုနိုင်မည့် စနစ်ပါ၀င်ခြင်း ဖြစ်သည်။

ယာဉ်စီးခပေးချေမှုအပြင် ရထား၊ ရေယာဉ်၊ မီတာခပေးချေခြင်းများအပါ အဝင် လစာပေးခြင်းနှင့်
အခြားဝန်ဆောင်မှု များအတွက်လည်း အသုံးပြုနိုင်မည်ဖြစ် ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေ
သကြီး အတွင်း သက်ဆိုင်ရာ မြို့နယ်များရှိ ကိုယ်စားလှယ် များမှ တစ်ဆင့် မိုဘိုင်းဖုန်းထဲသို့
ငွေအထုတ် အသွင်းကိုလည်း အလွယ်တကူပြုလုပ်နိုင် မည်ဖြစ်ကာ လာမည့်နှစ်လအတွင်း
ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုသွားနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ ါ



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်