ဈေးကွက်အတွင်း မရောက်ရှိသေးသည့် ဆန်းပြားသစ်လွင်သော မိုဘိုင်းအက်ပလီကေးရှင်းများကို
ပြသမည့် တတိယအကြိမ်မြောက် Appexpo ၂၀၁၅ ကို ဖေဖော်ဝါရီလ ၁၉ ရက် နေ့မှ ၂၀ ရက်နေ
့အထိ ရန်ကုန်မြို့၊ မြန်မာအင်ဖိုတက်ခ်တွင် ကျင်းပသွားမည် ဖြစ်သည်။
"ဒီပွဲမှာ အကောင်းဆုံးအက်ပလီကေးရှင်း (The best application) ဆုကို ရွေးချယ်ပေးမှာဖြစ်ပြီး
အဲဒီဆုအတွက် ဒေါ်လာ ၅၀၀ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက် လည်း ကျွန်တော်တို့
မကြာခင်မှာ appexpo- 2015.com မှာ အက်ပလီကေးရှင်းဖောင်တွေ ထားပြီးတော့ ၀င်ရောက်
ယှဉ်ပြိုင်လို့ရအောင် ထုတ်ပြန်သွားမှာဖြစ်ပါတယ်"ဟု Yangon Hea- rtz Media and Business
solution ကုမ္ပဏီ အလုပ်အမှုဆောင်အရာရှိချုပ် ဦးဇော်ဇော်မျိုးလွင်က ပြောသည်။
ပြိုင်ပွဲတွင် မိမိတို့ကိုယ်ပိုင်တီထွင်ထား သော အက်ပလီကေးရှင်းရှိသူများ၊ အွန်လိုင်း တွင် စမ်းသပ်
နေသည့် အက်ပလီကေးရှင်းများ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး နောက်ဆုံးဖိုင်နယ် ပွဲစဉ်ကို ဖေဖော်ဝါရီ
လ၂၀ ရက်နေ့တွင် ဆန်ခါ တင်ရွေးချယ်ထားသော အက်ပလီကေးရှင်း များကို ပြိုင်ပွဲဝင်များ၏
သရုပ်ပြတင်ဆက်မှု များနှင့်အတူ ဒိုင်များက ဆုံးဖြတ်ပြီး ဆု ရွေးချယ်ပေးမည် ဖြစ်သည်။
ပြပွဲတွင် ပြသသည့် အက်ပလီကေးရှင်းများ ကို လာရောက်ကြည့်ရှုသူများ ယူဆောင်သွား နိုင်ရန်
လည်း စီစဉ်ပေးထားပြီး ပြင်ပတွင် လုံးဝမိတ်ဆက်မပေးရသေးသော အက်ပလီ ကေးရှင်းအသစ်
များကိုလည်း ပြသသွားမည် ဖြစ်သည်။ Appexpo ကို Yangon Heartz Media က ဦးစီးကာ
၂၀၁၃ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိသည်။
















