အက်ပဲလ်ဟာ အိုင်ဖုန်း၊ အိုင်ပက်ဒ်နဲ့ အိုင်ပေါ့ တွေမှာ တကယ်ထည့်ပေးထားတဲ့ ဒေတာ
သိုလှောင်နိုင်မှု ပမာဏထက် ပိုမိုပြီး အာမခံပြောကြားခဲ့တယ်လို့ဆိုပြီး ဇန်နဝါရီလ ၂ ရက်နေ့မှာ
တရားစွဲဆိုခံခဲ့ရပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ မြောက်ပိုင်းအမေရိကန်ခရိုင်တရားရုံးမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်
အစောပိုင်းက လျှောက် ထားခဲ့တဲ့ ဒီတရားစွဲဆိုမှုမှာ အက်ပဲလ်ဟာတခြားနည်းပညာပစ္စည်းတွေ
ထက် ဈေးပို သက်သာတဲ့ နှုန်းထားနဲ့ ထုတ်လုပ်ပေးထားတဲ့ ဈေးကွက်တွင်းရေပန်းစားရောင်း
ကောင်း နေတဲ့ အိုင်ဖုန်းတွေလို ပစ္စည်းတွေမှာ ဒေတာ သိုလှောင်မှုအတွက်၁၆ ဂစ်ဂါဘိုက်အထိ
ထည့်ပေးထားတယ်လို့ အမွှမ်းတင်ထားပေ မယ့် တကယ်တမ်းအသုံးပြုတဲ့အခါမှာ နောက် ဆုံးပေါ်
ဆော့ဖ်ဝဲတွေ တင်တာနဲ့တင် ဒေတာ သိုလှောင်နိုင်မှုရဲ့ ငါးပုံတစ်ပုံလောက် ကုန် သွားတယ်လို့
စွပ်စွဲထားပါတယ်။
ဒေတာသိုလှောင်နိုင်မှုရှစ်ဂစ်ဂါဘိုက် လောက်ပဲရှိတဲ့ အက်ပဲလ်ရဲ့ပစ္စည်းတွေလို့ ယူဆရတဲ့အတွက် လူသိရှင်ကြားအသိပေး ထားတဲ့ ဒေတာသိုလှောင်နိုင်မှုရဲ့ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ သီချင်းစတာတွေ သိုလှောင်နိုင်ဖို့ အတွက် အချိုးအစားဟာ ပိုပြီး နည်းသွားတယ်လို့ ဖလော်ရီဒါသားနှစ်ဦးကိုယ်စား အမှုဖွင့် တိုင်ကြားထားတဲ့ တရားစွဲဆိုမှုမှာ အခိုင်အမာ ဖော်ပြထားပြီး အက်ပဲလ်ရဲ့ နည်းပညာပစ္စည်း တွေကို ၀ယ်ယူသုံးစွဲတဲ့သူတွေ တကယ်ရရှိနေ တဲ့ အချက်အလက်သိုလှောင်နိုင်မှုပမာဏ ထက် အများကြီးပိုမိုပါ၀င်တယ်လို့ ကြော်ငြာပြီး လိမ်ညာလှည့်စားရောင်းချခဲ့တယ်လို့ စွပ်စွဲ ထားပါတယ်။ အက်ပဲလ်ရဲ့ ပစ္စည်းတွေကို အသုံးပြုတဲ့သူ တွေ အချက်အလက်တွေ သိုလှောင်ရာမှာ သတ်မှတ်ဒေတာ သိုလှောင်နိုင်မှု ပြည့်သွားတဲ့ အခါ အက်ပဲလ်ဟာ သူ့ရဲ့ ငဃူသကိ ၀န်ဆောင်မှု မှာ ပေးထားတဲ့ ဒစ်ဂျစ်တယ်အချက်အလက် သိုလှောင်ရာနေရာအတွက် လစဉ်ကြေးပေးဖို့ ချက်ချင်းအကြောင်းကြားလာတယ်လို့ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။ ဒီတရားစွဲဆိုမှုကို လိုက်ပါဆောင်ရွက်ပေး နေတဲ့ ရှေ့နေတွေကတော့ အသိပေးထားတဲ့ ဒေတာသိုလှောင်မှုထက် နည်းနေတဲ့ နည်းပညာ ပစ္စည်းတွေ ရောင်းချရမှုကနေရရှိထားတဲ့ အက်ပဲလ်ရဲ့ အမြတ်ငွေတွေကို ပြစ်ဒဏ်အနေနဲ့ ပြန်အမ်းပေးဖို့အပါအဝင် ဒီအမှုကို လူအုပ်စုကြီးကိုယ်စား တိုင်တန်းလျှောက်ထားတဲ့အမှုတစ်ခုအဖြစ် လျှောက်ထားစွဲဆိုနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။ ဒီတရားစွဲဆိုမှုနဲ့ပတ်သက်ပြီး အက်ပဲလ် က ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါဘူး။ အက်ပဲလ်ရဲ့ နည်းပညာပစ္စည်းတွေမှာ အမှန်တကယ်ပေးထားတဲ့ ဒေတာသိုလှောင် နိုင်မှုပမာဏနဲ့ပတ်သက်ပြီး ကနေဒါက တရားရုံးတစ်ရုံးမှာစွဲဆိုထားတဲ့ တရားစွဲဆိုမှုတစ်ခုကိုတော့ ပလပ်လိုက်ပါပြီ။ ၂၀၁၂ ခုနှစ် အစောပိုင်းမှာ ပယ်ချပေးလိုက်တာဖြစ် ပါတယ်။ ါ (အေအက်ဖ်ပီ) သီရိမင်းထွန်း ဘာသာပြန်သည်။

















