အူရီဒူးမြန်မာမှ ၎င်းတို့နှင့်ချိတ်ဆက်ထားသော Mastel M561-u အမျိုးအစား ဟန်းဆက်ကို ၀ယ်
ယူပါက အပိုဆောင်းဖုန်းပြောခအဖြစ် ငွေဖြည့်ဆုငွေ သုံးသောင်းကျပ်ကို ရယူနိုင်မည်ဖြစ်ကြောင်း
အူရီဒူးမှသိရသည်။
အဆိုပါ ဟန်းဆက်သည် ၂ ဂျီ၊ ၃ ဂျီ နက်ဝက်နှစ်ခုလုံးအသုံးပြုနိုင်ပြီး ဆင်းကတ်နှစ်ကတ်ထိုး
အမျိုးအစားဖြစ်ကာ စကင်ရင် အရွယ်အစားက ၄ လက်မဖြင့် အူရီဒူးနက်ဝက်ခ်တွင် ဗီဒီယိုဖုန်း
ခေါ်ဆိုမှုပါ ရရှိနိုင်မည်ဖြစ်ကြောင်း၊ နောက်ကင်မရာ ၂ မက်ဂါပစ်စဲလ်ပါ၀င်ပြီး၊ ဘလူးတု၊ ၀ိုင်ဖိုင်နှင့်
အန်းဒရွိုက်ဗားရှင်း ကစ်ကတ်အသုံးပြုထားကြောင်း၊ ထို့ပြင် ဟန်းဆက်ကို ဇန်နဝါရီလ ၉ ရက်နေ့မှ
စတင်ကာ အူရီဒူးတရားဝင်ဆိုင်များတွင် ၀ယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
Mastel M561-u အမျိုးအစားဟန်းဆက်၏ ဈေးနှုန်းမှာ ၃၉၉၀၀ ကျပ်သာ ရှိပြီး၊ ဟန်းဆက်ဝယ်ယူ
သည့်သူများကို အူရီဒူးမှ လစဉ်လတိုင်း ငွေကျပ် ၃၀၀၀ ဖြည့်တင်းမှုကို ကျပ်ငွေ ၃၀၀၀၀ ပြည့်သည်
အထိ ဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း၊ သို့သော် ထိုသို့ဖြည့်တင်းပေးရာတွင် သုံးစွဲသူမှ တစ်လ
ကို အနည်းဆုံး ငွေတစ်ထောင်အသုံးပြုကာမှ တစ်လကို ၃၀၀၀ ဖြင့် ငွေကျပ် ၃၀၀၀၀ ပြည့်သည်
အထိ အပိုဆောင်း ခံစားခွင့် ရရှိလိမ့်မည်ဖြစ်သည်။
လစဉ်အနည်းဆုံး ငွေကျပ်တစ်ထောင်ဖြည့် တိုင်းရရှိမည့် ငွေကျပ် သုံးထောင် အပိုဆောင်းခံစားခွင့်
၌ ဖုန်းခေါ်ဆိုခြင်းနှင့်၊ စာတိုပေးပို့ခြင်းတွင်သာ အသုံးပြုနိုင်မည်ဖြစ်ကြောင်းလည်း အူရီဒူးမြန်မာမှ
ထုတ်ပြန်ထားသည်။
"ကျွန်မတို့သုံးစွဲသူ မိဘပြည်သူတွေ ရွေးချယ်စရာ မိုဘိုင်းဖုန်းအမျိုးမျိုးရှိစေဖို့အတွက် အခုလို ဗီဒီယို
နဲ့ ရုပ်ပါမြင်ပြီး စကားပြောလို့ရမယ့် ဖုန်းအမျိုးအစားကို ဈေးနှုန်းသက်သက်သာသာနဲ့ရအောင် စီမံ
ပေးရတာဖြစ်ပါတယ်၊ တနည်းအားဖြည့် သုံးစွဲသူ မိဘပြည်သူအများရဲ့ သောင်းသောင်းဖြဖြ အား
ပေးတာကို ကျေးဇူးတုံ့ပြန်လိုက်တာပဲဖြစ်ပါတယ်"ဟု အူရီဒူးမြန်မာရဲ့ လူမှုဆက်ဆံရေးနဲ့ ပြန်ကြား
ရေး အကြီးတန်းမန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။

















