မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဆွေသဟာဟု
အမည်ရသော အစီအစဉ်အသစ်ကို စာတိုပို့ခြင်းမှတဆင့် လျှောက် ထားအသုံးပြုနိုင်မည်ဖြစ်
ကြောင်း ဇန်နဝါရီလ ၉ ရက်နေ့တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်လိုက်သည်။
ဆွေသဟာ အစီအစဉ်ကို လျှောက်ထားအသုံးပြုသူအနေဖြင့် ဖုန်းပြောဆိုခ တစ်မိနစ် ၃၅ ကျပ်
နှုန်း၊ မက်ဆေ့ချ်ပို့ခ တစ်စောင်လျှင် ၁၅ ကျပ်နှုန်းဖြင့် ပြောင်းလဲသတ်မှတ်ထားကာ ဈေးနှုန်းနှင့်
၀န်ဆောင်မှုအသစ်ကို စတင်မိတ်ဆက် အရောင်းမြှင့်တင်ခြင်း ပြုလုပ်သည့်နေ့မှစတင်၍ ၂၀၁၅
ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဆွေသဟာ အစီအစဉ်ကို လျှောက်ထား သုံးစွဲသူတိုင်းသည် မိမိ
နှစ်သက်ရာ အမ်ပီတီနံပါတ် သုံးခုကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ဖုန်းခေါ်ဆိုနိုင်မည်ဖြစ် သည်။
ထို့ပြင် အင်တာနက်အစီအစဉ်နှင့်ပတ်သက်ပြီး ကနဦးအင်တာနက်လျှောက်ခ ငွေကျပ် ၁၀၀၀၀
ပေးဆောင်စရာ မလိုတော့ဘဲ အင်တာနက်ချိတ်ဆက် အသုံးပြုခွင့်ရမည်ဖြစ်ပြီး၊ မိနစ် အစား
ဒေတာပမာဏဖြင့် ပြောင်းလဲကာ ၁ မက်ဘ်လျှင် ၁၅ ကျပ်ပေးဆောင်ရမည်ဖြစ်ကြောင်း၊ အင်တာ
နက်ကွန်ရက်သည်လည်း မြန်နှုန်းမြင့် ၃ ဂျီ ကွန်ရက် အပြည့်အဝကို ရရှိနိုင်မည်ဖြစ် ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
"ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုနှုန်းထားသစ်များကြေညာတာကို သိရှိနိုင်ဖို့အတွက် သုံးစွဲသူများ
ဟာ စောင့်ဆိုင်းနေခဲ့ကြရပါတယ်၊ အခုအခါမှာဆိုရင် ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးကွန်ရက်
လွှမ်းခြုံနိုင်မှု စွမ်းပကားနှင့် ၀န်ဆောင်မှုပေးနေတဲ့ အခြေအနေတွေအပေါ်မှာ ကောင်းစွာ ယုံကြည်
မှုရှိလာပြီဖြစ်တဲ့အတွက်ကြောင့် ကမ်းလှမ်းမှုနှုန်းထား၊ အသစ်တွေနှင့်အတူ မြန်မာနိုင်ငံ သူ နိုင်ငံ
သားများကို ဆက်သွယ်ချိတ်ဆက်ပေးမယ့် နောက်ထပ် ခြေလှမ်းသစ်များကို မျှဝေပေးချင် ပါတယ်"
ဟု MPT-KDDI-Sumitomo ပူးပေါင်းလုပ်ငန်းအဖွဲ့၏ အမှုဆောင်အရာရှိချုပ် မစ္စတာ နာဂရှီးမားက
ဇန်နဝါရီလ ၉ ရက် နေ့၌ပြုလုပ်သော ၀န်ဆောင်မှုအသစ်များ၊ မိတ် ဆက်သည့် သတင်းစာရှင်းလင်း
ပွဲတွင် ပြောသည်။
သုံးစွဲသူများအနေဖြင့် အဆိုပါ ဆွေသဟာ အစီအစဉ်ကို လျှောက်ထားလိုပါက 'SWE' ဟု
၁၃၃၂ သို့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှ စတင်ကာ အက်စ်အမ်အက်စ် ပေးပို့လျှောက်
ထား နိုင်ပြီး၊ မလျှောက်ထားပါက မူလဈေးနှုန်းအတိုင်းသာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
တန်ဖိုးနည်းငွေဖြည့်ကတ်များနှင့်ပတ်သက်၍လည်း ၁၀၀၀ ကျပ်တန်နှင့် ၃၀၀၀ ကျပ်တန် ငွေဖြည့်
ကတ်များကို ယခုလ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပုံမှန်ငွေဖြည့်ကတ် အရောင်းဆိုင်များ တွင် ၀ယ်
ယူရရှိနိုင်မည်ဖြစ်ပြီး၊ အမ်ပီတီ ဖုန်းဆင်းကတ် ပျောက်ဆုံး ပျက်စီးခြင်းအတွက်လည်း ယခင်ငွေကျပ်
၂၀၀၀၀ အစား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ငွေကျပ် ၁၅၀၀ ပေးရုံမျှဖြင့် ကတ်အသစ်တစ်ခု
ပြန်လည်ရရှိစေရန်လည်း စီစဉ်ထားကြောင်း မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

















