အမ်ပီတီဆင်းကတ်တစ်ကတ်၏ အပြင် (မှောင်ခို) ဈေးကွက်၌ ယခုရက်ပိုင်းအတွင်း ဈေးနှုန်း
နှစ်ဆခန့်အထိ မြင့်တက်ခဲ့သော်လည်း ဆင်းကတ်ဝယ်ယူသုံးစွဲရန် စိတ်ဝင်စားသူ များပြားခဲ့ခြင်း
မရှိကြောင်း ဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။
အမ်ပီတီဆင်းကတ်များ၏ မှောင်ခို ဈေးနှုန်းသည်ယခင်က မြန်မာကျပ်ငွေ ၆၀၀၀ နှင့် ၅၀၀၀ ပတ်ဝန်း
ကျင် ထိ အနိမ့်ဆုံးရှိခဲ့ရာမှ ဇန်နဝါရီလ ရ ရက်နှင့် ၈ ရက်နေ့တွင် ၀ယ်ယူမှုပိုမိုများပြားလာခြင်း
ကြောင့် ဆင်းကတ် တစ်ကတ်၏ ဈေးနှုန်းသည် ကျပ် ၁၁၀၀၀ နှင့် ၁၀၀၀၀ ခန့်အထိ ဈေးမြင့်မား
ခဲ့သည်။
သို့သော် ၀ယ်လိုအား သည် အဆိုပါ နှစ်ရက်အတွင်းသာ ရောင်းကောင်းခဲ့သော်လည်း ကျန်နောက်
ပိုင်း ရက်များတွင် ဆင်းကတ် ၀ယ်လိုအား ပုံမှန်အတိုင်းသာ ဆက်လက်ရှိနေခဲ့ကြောင်း ဈေးရောင်း
ချသူတစ်ဦးက ပြောသည်။
"ကျွန်တော်တို့ကတော့ရှင်းတယ်၊ ကျွန်တော်တို့ ပြန်ဝယ်ရတဲ့တစ်ဖက်က ဈေးတက်သွားရင်၊
ကျွန်တော်တို့က ဈေးတက်တယ်။ ဈေးကျသွားရင် ဈေးကျတယ်။ ဖုန်းပြောဆိုခတွေလျော့ကျတယ်
ဆိုရင် အမ်ပီတီဆင်းကတ် တွေကို ဒီထက်ပိုပြီး လိုချင်သူတွေ များလာမယ် အဲ့ကျရင် ဈေးနှုန်းအနေ
အထား ပြောင်းလဲမှုကတော့ ရှိမယ်။ လွန်ခဲ့တဲ့ သုံးရက်လောက်က ဈေးနှုန်းက နှစ်ဆတောင် မြင့်
သွားသေးတယ်၊ ယခုလက်တလောကတော့ တစ်နေ့ ရ ကတ် ၈ ကတ်လောက်ကတော့ ပုံမှန်
ရောင်းရတယ်"ဟု ဘီအေကေရှေ့တွင် ဆင်းကတ်များ ရောင်းချလျက်ရှိသော ဦးစိုးမင်းက ဇန်နဝါရီလ
၁၂ ရက်နေ့က ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဇန်နဝါရီလ ၉ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ
တွင် ၀န်ဆောင်မှုအသစ်များကို ပြည်သူများနှင့် မီဒီယာများအား မိတ်ဆက်၍ ပြည်သူများ အဆင်ပြေ
စေရန် ဖုန်းဈေးနှုန်း ပြောင်းလဲလျော့ချသတ်မှတ်ခြင်းများကို လုပ်ဆောင်ခဲ့ပြီး၊ ထို့အတူ မှောင်ခိုဈေး
ကွက်သည်လည်း အဆိုပါအခြင်းအရာပေါ်လိုက်၍ ဆင်းကတ်တစ်ကတ်ဈေးနှုန်းသည် မူလဈေးနှုန်း
ထက် ရ ဆ ခန့်အထိ မြင့်တက်ခဲ့သည်။
အမ်ပီတီသုံးစွဲသူအများစုသည် မြန်မာ့ဆက်သွယ်ရေး၏ကြေညာချက် မထုတ်ပြန်စဉ်က ဖုန်းဈေးနှုန်း
များ၊ အင်တာနက် သုံးစွဲခများအပေါ် များစွာစိတ်ဝင်စားမှု ရှိနေခဲ့သော်လည်း ကြေညာချက်ထုတ်ပြန်
ပြီး နောက်ပိုင်း တွင် သုံးစွဲသူပြည်သူများအနေဖြင့် စိတ်ဝင်စားမှု လျော့ကျခဲ့ကြောင်း သိရသည်။
"ဖုန်းက သိပ်ပြီးအရေးမကြီးဘူး၊ ဘာလို့ဆိုတော့ ဖုန်းက သိပ်လည်းမဆက်ဖြစ်လို့ ။အဓိကက
အင်တာနက် သုံးရင် ဖေ့စ်ဘုတ် ယူကျုတ်တို့ပဲ သုံးဖြစ်တယ်။ အမ်ပီတီကတော့ တခြား အော်ပရေ
တာတွေထက် သက်သာမှာပဲဆိုပြီး အမ်ပီတီရဲ့ ထုတ်ပြန်ချက်ကို စောင့်တယ်။ ဒါပေမယ့် တကယ်
ထုတ်ပြန်လာခဲ့တော့ ၁ မက်ဘ် ကို ၁၅ ကျပ်ဆိုတော့ ကိုယ့်မျက်လုံးတောင်ကိုယ်မယုံဘူး၊ ဒီလိုသာ
ဆိုရင်တော့ တခြားသူတော့ မပြောတတ်ဘူး ကျွန်တော့အနေနဲ့လည်း မတတ်နိုင်ဘူး"ဟု အမ်ပီတီ
သာ တစိုက်မက်မက် သုံးစွဲသော အငယ်တန်း အင်ဂျင်နီယာတစ်ဦးဖြစ်သူ ကိုသန်းမင်းထက်က
ပြောသည်။
အမ်ပီတီသည် ဆွေသဟာ အစီအစဉ်ကို မိတ်ဆက်ပေးပြီးနောက်ပိုင်းတွင် ပြည်တွင်း မိုဘိုင်းအင်
တာနက် သုံးစွဲသူ အများစု၏ အင်တာနက် အဖိုးခနှုန်းနှင့် ပတ်သက်၍ ဝေဖန်မှုများ၊ အင်တာနက်
လိုင်း အင်အား ကောင်းစွာ မထောက်ပံ့ပေးနိုင်သော နေရာများမှ သုံးစွဲသူများ၏ ဝေဖန်မှုများကို
ကြံုတွေ့နေရသည်။
"ဆက်သွယ်ရေး ကွန်ရက်ဧရိယာလွှမ်းခြံုမှုကို ကျေးလက်ဒေသများသို့ တိုးချဲ့နေစဉ်နှင့် တစ်ဆထက်
တစ်ဆ ပိုမိုများပြားလာသော သုံးစွဲသူများအား ၀န်ဆောင်မှုပေးနေစဉ်အတွင်း အကောင်းဆုံး အဆင့်
မီစွာ ဆောင်ရွက်ပေးနိုင်ရန် ဆက်သွယ်ရေး ကွန်ယက်၏ စွမ်းပကားကို ဆက်လက်တိုးချဲ့ ဆောင်
ရွက်သွားမည်"ဟု MPT-KDDI-Sumitomo ပူးပေါင်းအဖွဲ့၏ အမှုဆောင်အရာရှိချုပ် မစ္စတာ နာဂရှီး
မားက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဇန်နဝါရီလ ၉ ရက်နေ့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်း
လင်းပွဲတွင် ပြောသည်။
















