ဆမ်ဆောင်းက အသစ်ထပ်မံထုတ်လုပ်လိုက် သည့် ဆမ်ဆောင်း Galaxy A5 နှင့် Galaxy A3
တို့ကို ယခုလ ၈ ရက်နေ့က ရန်ကုန်မြို့ ၌ မိတ်ဆက်လိုက်သည်။ Galaxy A5 ၏ ကိုယ်တည်တစ်ခု
လုံးကို သတ္တုဖြင့် တည်ဆောက်ထားပြီး အနောက် ရှိ အဓိကကင်မရာမှာ ၁၃ မဂ္ဂါပစ်ဇယ်နှင့် အရှေ့
ဘက်ကင်မရာအရည်အသွေးမှာ ငါးမဂ္ဂါပစ်ဇယ်ဖြစ်သည်။
ဆင်းကတ်နှစ်ကတ်သုံး စွဲနိုင်သည့် Dual Sim နည်းပညာကိုအသုံးပြုထားပြီး မျက်နှာပြင်အကျယ်မှာ
ငါးလက်မအရွယ် HD Super AMOLDE မျက်နှာပြင် ဖြစ်သည်။ အထူမှာ ၆ ဒသမ ၉ မီလီမီတာသာ
ထူပြီး အန်းဒရွိုက်ဗားရှင်း မှာ ၄ ဒသမ၄ ဖြစ်သည်။ Galaxy A3 မှာမူ မျက်နှာပြင်အကျယ် ၄ ဒသမ
၅ လက်မဖြစ်ပြီး ၆ ဒသမ ၉ မီလီမီတာအထိပါးလွှားမှုရှိကာ အဓိကကင်မရာမှာ ရှစ်မဂ္ဂါပစ်ဇယ်ဖြစ်
သလို ငါးမဂ္ဂါ ပစ်ဇယ်ရှိ အရှေ့ကင်မရာပါ၀င်သည်။ ၎င်းစမတ်ဖုန်း၏ ကိုယ်ထည်ကိုလည်း သတ္တုဖြင့်
ပြုလုပ်ထားသည်။
အဆိုပါဖုန်းနှစ်မျိုးစလုံးတွင် 1.2 GHz Quadcore Processor ကို တပ်ဆင်ထား သလို RAM မှာ
2G ဖြစ်ပြီး သိမ်းဆည်း မှုပမာဏ 16G ဖြစ်သည့်အပြင် micro ဖြင့် 64GB အထိ ထပ်မံထည့်
သွင်းနိုင်မည် ဖြစ်သည်။ အဆိုပါစမတ်ဖုန်းများသည် Selfie ဓာတ်ပုံများရိုက်ရာတွင် အထူးကောင်း
မွန် မှုရှိအောင်ဖန်တီးထားသည်ဟုဆိုသည်။ အမည်း၊ အဖြူနှင့် ရွှေရောင်တို့ကို ယခု လ ၁၂ ရက်
နေ့မှစတင်ကာ Samsung Brand Shop များတွင် ၀ယ်ယူနိုင်ပြီး A5 မှာ ကျပ်၃၉၅,၀၀၀ နှင့် A3
မှာ ကျပ်၂၉၉,၉၀၀ ဖြစ်သည်။

















