အမ်ပီတီက ကျပ် ၁,၀၀၀ နှင့် ၃,၀၀၀ တန် တန်ဖိုးနည်းငွေဖြည့်ကတ်များ ထုတ်လုပ်

အမ်ပီတီက ကျပ် ၁,၀၀၀ နှင့် ၃,၀၀၀ တန် တန်ဖိုးနည်းငွေဖြည့်ကတ်များ ထုတ်လုပ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)က ဂျီအက်စ်အမ်ဖုန်းများအတွက် ကျပ် ၁,၀၀၀ တန်နှင့်
ကျပ် ၃,၀၀၀ တန် ငွေဖြည့်ကတ်များ ထုတ်လုပ်ပေးလိုက်ပြီဖြစ်ကြောင်း MPT- KDDI Sumitomo
Joint Operations ၏ အလုပ်အမှုဆောင်အရာရှိချုပ် Mr. Takashi Nagashimaကပြောသည်။

အမ်ပီတီ၏ ဂျီအက်စ်အမ်ဖုန်းများအတွက် ယခင်က ကျပ်တစ်သောင်းတန်နှင့် ကျပ် ၅,၀၀၀ တန်
ငွေဖြည့်ကတ်များသာရှိခဲ့ရာမှာ ယခုကဲ့သို့ တန်ဖိုးနည်းကတ်များပါ ထပ်မံ ထုတ်လုပ်လိုက်ခြင်း
ဖြစ်သည်။

"ကျွန်မတို့ဆီ ၁,၀၀၀ တန်၊ ၃,၀၀၀ တန် ငွေ ဖြည့်ကတ်ရောက်လာတဲ့အရေအတွက်တော့ နည်း
တယ်။ အခုဆိုရင် ၁,၀၀၀ တန်နဲ့ ၃,၀၀၀ တန်ဆို ၁,၀၀၀ တန်ကို ပိုဝယ်ကြတယ်။ ၁,၀၀၀ တန်
ဆိုရင် တစ်ရက်ကို ၁၀ ကတ်လောက် တော့လာဝယ်ကြတယ်။ အခုချိန်မှာ ငွေဖြည့် ကတ်ဈေးကွက်
မှာဆိုရင်တော့ ၅,၀၀၀ တန် ကတော့ အရမ်းရောင်းအားကောင်းနေပါ တယ်" ဟု KKA moblie
အရောင်းဆိုင် တာဝန်ရှိသူ မထိုက်ထိုက်စံက ပြောသည်။

အမ်ပီတီမိုဘိုင်းဖုန်းများကို လူအများစုသုံးစွဲနေကြသည့်အတွက်ကြောင့် ယခုလို တန်ဖိုးနည်းငွေဖြည့်
ကတ်များ ထုတ်လုပ် ခြင်းသည် ကောင်းမွန်ကြောင်း မိုဘိုင်း သုံးစွဲသူ ဦးခင်မောင်ဝင်းက ပြောသည်။

"အခုဆိုရင် ဈေးရောင်းတဲ့ဈေးသည်တွေ၊ နေ့စားအလုပ်သမားတွေကအစ ဖုန်းတွေကိုအသုံးပြုနိုင်
နေပြီ။ ဒါပေမဲ့ သူတို့ ဖုန်းစပြောဖို့အတွက်ဆိုရင် လက်ထဲမှာ အနည်းဆုံးငွေ ၅,၀၀၀ ရှိမှ ဖုန်းဆက်
လို့ ရမယ်။ သူတို့ရဲ့ တစ်နေ့လုပ်စာထဲက ငါးထောင်ကို ဖုန်းထဲထည့်ဖို့အတွက်သုံးလိုက်ရတယ်။
အခုလို တန်ဖိုးနည်း ငွေဖြည့်ကတ်တွေ ထွက်လာတဲ့အခါကျတော့ သူတို့ရဲ့ တစ်နေ့လုပ်ခထဲက
၁,၀၀၀ လောက်ပဲ ရင်းနှီးဖို့ လိုတော့တယ်" ဟု ၎င်းက ပြောသည်။

"အခုလို တန်ဖိုးနည်းငွေဖြည့်ကတ်တွေထုတ်ပေးလိုက်တဲ့အခါကျတော့ လက်ထဲမှာ အနည်းဆုံး
ကျပ် ၁,၀၀၀ ရှိနေရင်တောင် ငွေဖြည့်ကတ်ဝယ်ပြီး သုံးလို့ရတော့မှာပေါ့။ အရင်တုန်းကဆို လက်
ထဲမှာ ၅,၀၀၀ ရှိမှ ငွေ ဖြည့်ကတ် ၅,၀၀၀ တန်ဝယ်သုံးခဲ့ရတယ်" ဟု အမ်ပီတီဖုန်းသုံးစွဲသူ ေ
ဒါ်အေးအေးသန်းက ပြောသည်။

အခြားအော်ပရေတာနှစ်ခုဖြစ်သည့် တယ်လီနောနှင့် အူရီဒူးတို့ကမူ ယခင်က တည်းက တန်ဖိုးနည်း
ငွေဖြည့်ကတ်များ ထုတ်ဝေထားသည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်