မိုဘိုင်းဖုန်းဖြင့် ငွေလွဲငွေပို့ပေးနိုင်သော အူရီဒူး၏ မိုဘိုင်းပိုက်ဆံ (Ooredoo Mobile Money)
၀န်ဆောင်မှုကို သုံးစွဲသူများအနေဖြင့် ယခုနှစ်အတွင်း ရရှိအသုံးပြုနိုင်စေရန် လိုအပ်သည်များကို
စီစဉ်ဆောင်ရွက် လျက်ရှိ ကြောင်း အူရီးဒူးမြန်မာမှ သတင်းရရှိသည်။
Ooredoo Mobile Money၀န်ဆောင်မှုသည် အူရီဒူးသုံးစွဲသူများအနေဖြင့် မိုဘိုင်းဖုန်းဖြင့် ငွေလွဲ၊
ငွေပို၊ ငွေပေးချေမှုများကို အသုံးပြုနိုင်ခြင်းကို ဆိုလိုပြီး မိုဘိုင်းဖုန်းကို ပိုက်ဆံအိတ်တစ်လုံးအနေဖြင့်
အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ မိမိဖုန်းထဲတွင် ကလစ်တစ်ချက်၊ နှစ်ချက် နှိပ်၍ စာတိုပို့သလောက်မြန်
နှုန်းဖြင့် မြန်မာပြည်တွင်း အချိန်မရွေး၊ နေရာမရွေးငွေပို့ငွေလွဲစနစ်များကို ရယူနိုင်စေရန် စီစဉ်ထားပြီး
သုံးမည့် ပုဂ္ဂိုလ်အနေဖြင့် ဘဏ်စာရင်းဖွင့်ထားစရာ မလိုအပ်ဘဲ အသုံးပြုနိုင်မည်ဖြစ်ကြောင်း အူရီဒူး
မြန်မာမှ သိရသည်။
"မြန်မာပြည်လိုမျိုး တိုးတက်ပြောင်းလဲကာစတိုင်းပြည်မှာ ဒီလို မိုဘိုင်းပိုက်ဆံ ၀န်ဆောင်မှုတွေဟာ
မရှိမဖြစ် လိုအပ်ပါတယ်။ အာလုံးသိကြတဲ့အတိုင်း လူတော်တော်များများဆီမှာ ဘဏ်ငွေစာရင်း
တွေ ရှိမနေပါဘူး။ ဒီဝန် ဆောင်မှုရဲ့ ထူးခြားမှုက ဘဏ်ငွေစာရင်းတစ်ခုရှိဖို့ မလိုအပ်တဲ့အတွက်
အားလုံးတွင်တွင်ကျယ်ကျယ် အသုံးပြု ကြမယ်လို့ ယုံပါတယ်၊ မြန်မြန်စတင်ပြီး ၀န်ဆောင်မှုကို
ဒီနှစ်ထဲ ပြည်သူလူထုကို မိတ်ဆက်နိုင်ဖို့လည်း အထူး ကြိုးပမ်းနေပါတယ်"ဟု အူရီဒူးမြန်မာ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေးအကြီးတန်းမန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။
အဆိုပါ ၀န်ဆောင်မှုကို မြန်မာနိုင်ငံတွင်စတင်နိုင်ရန် မိုဘိုင်းပိုက်ဆံ အရောင်းကိုယ်စားလှယ်
များကို ပြည်တွင်း၌ ခန့်ထားခြင်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ထိုကိုယ်စားလှယ်
များက သုံးစွဲချင်သူများ၏ မိုဘိုင်းဖုန်းထဲသို့ ငွေသားဖြင့် လာရောက်ပေးသွင်းသော ပိုက်ဆံကို
အင်တာနက်ထဲတွင် အီးမန်းနီး(န-ဩညနပ) အဖြစ် ပြောင်းလဲပေးမည်ဖြစ်သည်။
ထိုမှတဆင့် ငွေလွဲလက်ခံသူနေထိုင်ရာ အရပ်ဒေသနှင့် အနီး ဆုံး မိုဘိုင်းအေးဂျင့်တွင် ယင်း
အီလက်ထရောနစ် ပိုက်ဆံကို ငွေသားအဖြစ် သွားရောက်ကာ ပြန်လည်ထုတ်ယူနိုင်မည့်
ပုံစံမျိုးဖြစ်ကြောင်း လက်တလောတွင် အဆိုပါ အူရီဒူးပိုက်ဆံ ၀န်ဆောင်မှုကို စတင်နိုင်ရန်
အတွက် မြန်မာနိုင်ငံဗဟိုဘဏ်၏ တရားဝင် ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေလျက် ရှိကြောင်း
ထုတ်ပြန်ချက်အရ သိရသည်။
















