ဂူးဂဲလ်ပလေးမားကတ်တွင် အခကြေးငွေပေးရသော အက်ပလီကေးရှင်းများကို စတင်ဝယ်ယူနိုင်ပြီ

ဂူးဂဲလ်ပလေးမားကတ်တွင် အခကြေးငွေပေးရသော အက်ပလီကေးရှင်းများကို စတင်ဝယ်ယူနိုင်ပြီ

အန်းဒရိုက်ဖုန်း အသုံးပြုသူများအနေဖြင့် ယခုအခါတွင် (Google Play) တွင် အခကြေးငွေဖြင့်
ရောင်းချထားသော အက်ပလီကေးရှင်းများကို (apple's iTune Gift Card) ကဲ့သို့ပင်
အကောင့်အတွင်း ငွေဖြည့်ကာ ၀ယ်ယူသုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကတ်များသည် လွန်ခဲ့သော နှစ်နှစ်ခန့်ကပင် မြန်မာ ဈေးကွက်အတွင်းသို့ ရောက်ရှိခဲ့
သော်လည်း နည်းပညာ အားနည်းချက်များ၊ မြန်မာနိုင်ငံအတွက် တားမြစ်ထားခြင်းများကြောင့်
ကျယ်ပြန့်စွာ အသုံးပြု၍ မရခဲ့ခြင်းများ ရှိခဲ့သည်။

ယခုအခါတွင် Proxy ကျော်ကာ ကုတ်နံပါတ် သွင်းပေးသော နည်းဖြင့် အသုံးပြုနိုင်ပြီဖြစ်ကြောင်း
iHouse Online Store မှ ကိုဇင်ကိုဦး က မြန်မာတိုင်း(မ်)ကို ပြောသည်။

"ကျွန်တော်တို့ iHouse မှာတော့ အသုံးပြုပုံအဆင့်ဆင့်ကို User Manual နဲ့ တွဲပြီး ရောင်းချပါ
တယ်။ နောက်ပြီး ကျွန်တော်တို့က ဒီလိုမျိုးတွေကို နိုင်ငံခြားက မိတ်ဆွေတွေဆီကတဆင့်
မှာယူရပါတယ်။ အသုံးပြုပုံက ပထမဦးဆုံးအနေနဲ့ User Manual ကတဆင့် သူများနိုင်ငံတစ်ခု
အနေဖြင့် Proxy ကို ကျော်လိုက်ပါတယ်။ ဒါကို အသုံးပြုသူက မလုပ်တတ်ဘူးဆိုရင်
ကျွန်တော်တို့ အရောင်းဆိုင်က လုပ်ပေးပါတယ်။ နောက်တဆင့်က အကောင့်ထဲမှာ
ငွေဖြည့်သွင်းချင်တယ်ဆိုရင် Gift Card ထဲမှာ ကုတ်နံပါတ်ရှိပါတယ်။ အသုံးပြုသူရဲ့ ဖုန်းထဲက
(Google Play Application) ကို ဖွင့်လိုက်ပြီး Setting ထဲကို ၀င်လိုက်တာနဲ့ Redeem ဆိုပြီး
တွေ့ပါလိမ့်မယ်။ အဲ့နေရာမှာ ကုတ်ကို ပြန်ရိုက်ထည့် လိုက်ရုံဘဲ။ ငွေစစ်ချင်ရင် Redeem ရဲ့
အပေါ်က My Account ဆိုတာလေးကို နှိပ်ပြီး ၀င်ကြည့်ရုံပါပဲ"ဟု ကိုဇင်ကိုဦး က အသုံးပြုပုံကို
ရှင်းပြသည်။

အဆိုပါ Gift Card အတိုင်း မှာမည်ဆိုပါက U.S မှ မှာယူရပြီး ငွေကြေး ပိုမိုကုန်ကျနိုင်မှုကြောင့်
ပြည်ပရောက် ကိုယ်စားလှယ်များထံမှ ကုတ်နံပါတ်ကိုသာ ၀ယ်ယူကာ တဆင့်ပြန်လည်
ရောင်းချခြင်းမျိုးဖြစ်ကြောင်း၊ ရန်ကုန်မြို့အတွင်းရှိ နာမည်ကြီး ကွန်ပျူတာအရောင်းဆိုင်များတွင်
လည်း ၀ယ်ယူနိုင်ကြောင်း ၎င်းက ပြောသည်။

"စတုန်းကတော့ အန်းဒရိုက်အတွက်က မရဘူးဗျ။ အက်ပဲလ်သုံးတဲ့ သူတွေကျတော့
ဘယ်နေရာပဲရောက်ရောက် iTune Gift Card က အသုံးပြုလို့ ရတယ်လေ။ ဒါပေမယ့် ခုတော့
ရသွားပြီ။ နောက်ပြီး Goole play မှာရှိတဲ့ နာမည်ကြီး အက်ပ်တွေကို ၀ယ်ယူလို့ ရမယ်။
အားလုံး အဆင်ပြေသွားတာပေါ့"ဟု ပဲခူးမြို့နေ တိုးကွန်ပျူတာ အရောင်းဆိုင်မှ ကိုတိုးတိုး က
မြန်မာတိုင်း(မ်)ကိုပြောသည်။

ဂူးဂဲလ် ပလေးစတိုး (Google Play Store) သည် အန်းဒရိုက်ဖုန်းများပေါ်မှ အွန်းလိုင်းမားကတ်
ဖြစ်ပြီး တစ်ကမ္ဘာလုံး အသုံးပြုသူ ၂၀၁၃ ခုနှစ်ထိ ၅၀ ဘီလီယံကျော်ရှိပြီး၊ ၎င်းပေါ်ရှိ
အက်ပလီကေးရှင်းများသည် အခမဲ့၊ အခပေး အမျိုးမျိုးရှိကာ ၂၀၁၄ ခုနှစ် ဇူလိုင်လအထိ
အက်ပ် အရေအတွက်မှာ ၁၃ သန်းခန့်အထိ ရှိလာကြောင်း ၀ီကီပီးဒီးယား တွင် ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်