တယ်လီနောနှင့် အူရီဒူးတို့ ဆက်လက်တိုးချဲ့နေ

တယ်လီနောနှင့် အူရီဒူးတို့ ဆက်လက်တိုးချဲ့နေ

 

တယ်လီနောမြန်မာနှင့် အူရီဒူးမြန်မာတို့က ၎င်းတို့၏ ကွန်ရက်များကို အပြိုင်တိုးချဲ့ လျက်ရှိရာ
အူရီဒူးက မွန်ပြည်နယ်တွင် ကွန်ရက်လွှမ်းခြံုနိုင်ပြီဟု ထုတ်ပြန်ခဲ့သလို တယ်လီနောကလည်း
မကွေးတိုင်းဒေသကြီး တွင် စတင်အသုံးပြုနိုင်ပြီဟုဆိုသည်။

အူရီဒူးက ယခုလ ရ ရက်နေ့မှ စတင်ကာ မွန်ပြည်နယ်သို့ ကွန်ရက်ဖြန့်ကြက်မှုများ စတင်နေပြီ
ဖြစ်သည်။ လက်ရှိ၌ မွန်ပြည်နယ် ၁၀ မြို ့နယ်အနက် ပေါင်၊ မုဒုံ၊ ဘီးလင်း၊ မော်လမြိုင်၊ ကျိုက်ထိုနှင့်
သထုံမြိုနယ်များ တွင် ကွန်ရက်ဖြန့်ကြက်ပြီးဖြစ်ကာ ကျိုက်ထီးရိုးဘုရားတစ်ဝိုက်တွင်လည်း ကွန်
ရက်ဖြန့်ကြက်နိုင်မှုကို ယခုနှစ်ဦးပိုင်းတွင် ရရှိ ရန် စီစဉ်လျက်ရှိသည်။

"မွန်ပြည်နယ်၏ သုံးစွဲသူ မိဘပြည်သူများ ကို အူရီဒူးရဲ့ ကြည်လင်ပြတ်သားတဲ့အသံနဲ့ မြန်နှုန်းမြင့်
အင်တာနက်ဝန်ဆောင်မှုတွေ နဲ့ အလုပ်အကြွေးပြုသွားပါမယ်" ဟု အူရီဒူး မြန်မာ၏ မွန်ပြည်နယ်
အရောင်းတာဝန်ခံချုပ် ဦးကျော်စွာညွန့်ကပြောသည်။

အူရီဒူးက ယခုလဆန်းပိုင်းအထိ ကွန်ရက်ဖြန့်ကြက်မှုပြီးစီးသည့် ဒေသများ မှာ ရန်ကုန်၊ ပဲခူး၊
မန္တလေး၊ မကွေး၊ စစ်ကိုင်း နှင့် ဧရာဝတီတိုင်းဒေသကြီးတို့အပြင် မွန်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့
ဖြစ်သည်။

"အခုလိုငါးလအတွင်းမှာ မြန်မြန် ဆန်ဆန် ဖြန့်ကြက်နိုင်တာဟာ ဒေသခံမိဘ ပြည်သူများ၊ အစိုး
ရအဖွဲ့အစည်းများနဲ့ သက်ဆိုင်ရာဆောက်လုပ်ရေးကုမ္ပဏီများ နဲ့ အူရီဒူးမြန်မာ အားလုံးရဲ့ ပူးပေါင်း
လုပ် ဆောင်မှု ရလဒ်ပဲဖြစ်ပါတယ်။ ဒီနှုန်းနဲ့ဆိုရင်တော့ သတ်မှတ်ထားတဲ့အတိုင်းငါးနှစ် အတွင်းမှာ
မြန်မာပြည် လူဦးရေရဲ့ ၉၇ ရာခိုင် နှုန်းကို ကျွန်မတို့ရဲ့ အဆင့်မြင့်ဆက်သွယ် ရေး ကွန်ရက်ကပေး
တဲ့ အကျိုးထူးဝန်ဆောင် မှုတွေ ပေးနိုင်တော့မှာဖြစ်ပါတယ်" ဟု အူရီဒူးမြန်မာ၏ လူမှုဆက်ဆံ
ရေးနှင့် ပြန်ကြားရေးအကြီးတန်း မန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။

ထို့ပြင် ရန်ကုန်၊ မန္တလေးနှင့် နေပြည် တော်တွင် ကွန်ရက်ကြံ့ခိုင်မှုရှိအောင် ကြိုးစားလုပ်ဆောင်နေ
သည်ဟုဆိုသည်။ တယ်လီနောမြန်မာကလည်း မကွေး တိုင်းဒေသကြီး၏ မြို ့နယ်ခုနစ်တွင်
တာဝါတိုင် ၆၀ နှင့် အရောင်းဆိုင်ပေါင်း ၁,၁၀၀ နှင့် အတူ ၎င်းတို့၏ ကွန်ရက်ကို ယခုလ ၁၂
ရက်နေ့မှ စတင်ကာ အသုံးပြုနိုင်ပြီဟုဆို သည်။ တယ်လီနောဖုန်းများကိုအသုံးပြုနိုင် သည့်
မကွေးတိုင်းဒေသကြီးရှိမြို ့နယ်များ မှာ မကွေး၊ အောင်လံ၊ မင်းဘူး၊ ပခုက္ကူ၊ တောင်တွင်းကြီး၊
ရေနံချောင်းနှင့် ရေစကြို မြို ့နယ်များ ဖြစ်သည်။

ထို့အတူ ယခုလ ၁၃ ရက်နေ့မှစတင်ပြီး ပဲခူးတိုင်းဒေသကြီး (အရှေ့ဘက်) ရှိ မြို့နယ် ခုနစ်ခု၌
တာဝါတိုင် ၁၀၈ တိုင်းနှင့် အရောင်း ဆိုင် ၈၀၀ ဖြင့် စတင်ခဲ့သည်ဟု သိရသည်။ တယ်လီနော
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၄၄ မြို့နယ်၌ တာဝါတိုင် ၅၀၀ နှင့် အရောင်းဆိုင် တစ်သောင်းဖြင့်
၀န်ဆောင်မှု ပေးနေပြီး မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် ခုနစ်မြို့နယ်၌ တာဝါတိုင် ၁၀၀ ကျော်နှင့်
အရောင်းဆိုင် ၂,၈၀၀ ရှိကြောင်း ထုတ်ပြန် ခဲ့သည်။ နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်ရှစ်ခု
၌ တာဝါတိုင် ၁၀၀ ကျော်နှင့် အရောင်းဆိုင် ၁,၁၀၀ ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်