ဂူးဂဲလ်ပလေးစတိုးမှ အန်းဒရွိုက်အက်ပလီကေးရှင်းများကို ပြည်တွင်းတွင် ငွေဖြည့်ကာ တိုက်ရိုက်ဝယ်နိုင်ပြီ

ဂူးဂဲလ်ပလေးစတိုးမှ အန်းဒရွိုက်အက်ပလီကေးရှင်းများကို ပြည်တွင်းတွင် ငွေဖြည့်ကာ တိုက်ရိုက်ဝယ်နိုင်ပြီ

Apple's iTune Gift Card ကဲ့သို့ပင် အန်းဒ ရွိုက်ဖုန်း အသုံးပြုသူများအနေဖြင့် ယခု အခါတွင်
(Google Play) တွင် အခကြေးငွေဖြင့် ရောင်းချထားသော အက်ပလီကေးရှင်း များကို အကောင့်
အတွင်း Google Play Gift Card များဖြင့် ငွေဖြည့်ကာ ၀ယ်ယူသုံး စွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကတ်များကို လွန်ခဲ့သော နှစ်နှစ် ခန့်ကတည်းက ပြည်တွင်းဈေးကွက်တွင်း ရောက်ရှိခဲ့သော်
လည်း နည်းပညာအားနည်းချက်များ၊ မြန်မာနိုင်ငံအတွက် တားမြစ် ထားခြင်းများ၊ အင်တာနက်
အသုံးပြုမှု ကျယ်ပြန့်မှုမရှိခြင်းစသော အကြောင်းများ ကြောင့် ကျယ်ပြန့်စွာ အသုံးပြု၍မရခဲ့ခြင်း
များရှိခဲ့သည်။

ယခုအခါတွင် နည်းပညာအကူအညီဖြင့် အသုံးပြုနိုင်ပြီဖြစ်ကြောင်း iHouse Online Store ကို
တည်ထောင် သူလည်းဖြစ်ကာ Developer တစ်ဦးလည်း ဖြစ်သော ကိုဇင်ကိုဦးက ပြောသည်။

"ကျွန်တော်တို့ iHouse မှာတော့ အသုံး ပြုပုံအဆင့်ဆင့်ကို User Manual နဲ့ တွဲပြီး ရောင်းချပါ
တယ်။ အသုံးပြုပုံက ပထမဦးဆုံး အနေနဲ့ User Manual ကတစ်ဆင့် သူများ နိုင်ငံတစ်နိုင်ငံအနေ
ဖြင့် Proxy ကို ကျော် လိုက်ပါတယ်။ အဲဒီအဆင့်ကို အသုံးပြုသူက မလုပ်တတ်ဘူးဆိုရင် ကျွန်
တော်တို့ အရောင်း ဆိုင်က တာဝန်ယူပြီးလုပ်ပေးပါတယ်။ နောက်တစ်ဆင့်က အကောင့်ထဲမှာ
ငွေဖြည့် သွင်းချင်တယ်ဆိုရင် Gift Card ထဲမှာ ကုတ် နံပါတ်ရှိပါတယ်။ နောက်ပြီး အသုံးပြုသူရဲ့
ဖုန်းထဲက Google Play Application ကို ဖွင့်လိုက်ပြီး setting ထဲကို ၀င်လိုက်တာနဲ့ Redeem
ဆိုပြီး တွေ့ပါလိမ့်မယ်။ အဲဒီနေရာ မှာ ခုန ကုတ်ကို ပြန်ရိုက်ထည့်လိုက်ရုံပဲ၊ ငွေ စစ်ချင်ရင်
Redeem ရဲ့ အပေါ်က My Account ဆိုတာလေးကို နှိပ်ပြီး ၀င်ကြည့်ရုံပါပဲ"ဟု ကိုဇင်ကိုဦးက
ပြောသည်။

ကတ်အတိုင်းမှာယူခြင်းမဟုတ်ပဲ ပြည်ပ ရောက် ကိုယ်စားလှယ်များထံက ကုတ်နံပါတ် ကိုသာ
၀ယ်ယူကာ တစ်ဆင့်ပြန်လည်ရောင်း ချခြင်းမျိုးဖြစ်ပြီး အမေရိကန် ဒေါ်လာဈေးပေါ်မူတည်ပြီး
လတ်တလော၌ ၁၀ ဒေါ်လာတန်ကတ်ကို ကျပ် ၁၂,၀၀၀၊ ၁၅ ဒေါ်လာကတ်အတွက် ကျပ်
၁၇,၅၀၀၊ ၂၅ ဒေါ်လာကတ်အတွက် ကျပ် ၂၈,၅၀၀ စသည် ဖြင့် ရန်ကုန်မြို့ရှိ ကွန်ပျူတာအရောင်း
ဆိုင်များတွင်လည်း ၀ယ်ယူနိုင်သည်။ "စတုန်းကတော့ အန်းဒရွိုက်အတွက် က မရဘူးဗျ။ အက်
ပဲလ်သုံးတဲ့သူတွေကျ တော့ ဘယ်နေရာပဲရောက် ရောက်iTune Gift Card က အသုံးပြုလို့ရတယ်
လေ။ဒါပေ မဲ့ ခုတော့ရသွားပြီ။ ကျွန်တော်တို့က ခုလို နည်းပညာနဲ့ ကျော်ခွပြီး ကုတ်နံပါတ်ကို ဖြည့်
လိုက်တာ။ လွယ်လွယ်ပြောရရင် မြန်မာ နိုင်ငံကနေမဟုတ်ဘဲ အမေရိကန်ကနေ ကုတ်နံပါတ်ဖြည့်
လိုက်တဲ့ သဘောပေါ့။ အဲဒီလိုလုပ်ပြီးသုံးတာပါ။ အခုလို အန်းဒ ရွိုက်သမားတွေလည်း ရလာတော့
အက်ပ လီကေးရှင်း တွေ၊ ဂိမ်းတွေ Clash of Clans ကစားသူတွေကလည်း Gems တွေကို အွန်
လိုင်းကနေ ၀ယ်ပြီးဆော့လို့ရမယ်။ နောက်ပြီး Google Play မှာရှိတဲ့ နာမည် ကြီး အက်ပ်တွေကို
၀ယ်ယူလို့ရမယ်။ အားလုံး အဆင်ပြေသွားတာပေါ့"ဟု ပဲခူး မြို့နေ တိုးကွန်ပျူတာ အရောင်းဆိုင်မှ
ကိုတိုးတိုးက ပြောသည်။

ဂူးဂဲလ် ပလေးစတိုး (Google Play Store) သည် အန်းဒရွိုက်ဖုန်းများအတွက် အက်ပလီကေးရှင်း
များကို ရရှိနိုင်သည့်နေရာဖြစ်ကာ အက်ပလီကေးရှင်းများသည် အခမဲ့နှင့် အခပေး အမျိုးမျိုးရှိပြီး
၂၀၁၄ ခုနှစ်၊ ဇူလိုင်လအထိ အက်ပလီကေးရှင်းအရေ အတွက် ၁၃ သန်းခန့်အထိရှိလာကြောင်း
၀ီကီပီးဒီးယားတွင် ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်