မိုဘိုင်းပိုက်ဆံဝန်ဆောင်မှုဖြစ်သည့် Mobile Money ၀န်ဆောင်မှုကို ယခုနှစ် အတွင်း
သမဝါယမဘဏ်နှင့် ချိတ်ဆက် ကာ ဆောင်ရွက်သွားရန်အတွက် ဗဟိုဘဏ်၏ တရားဝင်ခွင့်ပြုမိန့်
ကို စောင့်ဆိုင်းနေကြောင်း အူရီဒူးမြန်မာ မှ လူမှုဆက်ဆံရေးနှင့် ပြန်ကြား ရေးအကြီးတန်း မန်နေ
ဂျာ ဒေါ်သီရိ ကြာညိုက မြန်မာတိုင်း(မ်)ကို ပြောသည်။
"မိုဘိုင်းပိုက်ဆံဝန်ဆောင်မှုပေးဖို့ အတွက် အားလုံးအဆင်သင့်ဖြစ်နေပါပြီ။ ၀န်ဆောင်မှုပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံဗဟိုဘဏ်ရဲ ့ခွင့်ပြုချက်ကို စောင့်ဆိုင်း နေတာပါ"ဟု
၎င်းက ပြောသည်။
အူရီဒူးမြန်မာသုံးစွဲသူများသည် ဩဘငူန ဩညနပ ၀န်ဆောင်မှုကို အသုံးပြု ကာ မိုဘိုင်းဖုန်းဖြင့်
ငွေလွှဲခြင်း၊ ငွေပို့ခြင်းနှင့် ငွေပေးချေမှုများအတွက် အသုံးပြုနိုင်မည်ဖြစ်ပြီး ယင်ဝန် ဆောင်မှုသည်
မိုဘိုင်း ဖုန်းကို ပိုက်ဆံအိတ်သဖွယ်အသုံးပြုနိုင်မည့်ဝန်ဆောင်မှု ဖြစ်သည်။
၎င်းမိုဘိုင်းပိုက်ဆံဝန်ဆောင်မှုသည် နိုင်ငံတစ်နိုင်ငံတွင် မရှိမဖြစ်လိုအပ်သော ၀န်ဆောင်မှုဖြစ်
ကြောင်း ဒေါ်သီရိကြာညို က ပြောသည်။ "အထူးသဖြင့်တော့ မြန်မာနိုင်ငံလိုမျိုး တိုးတက်ပြောင်း
လဲကာစ တိုင်းပြည်မှာ မိုဘိုင်းပိုက်ဆံ ၀န်ဆောင်မှုက ပိုပြီးတော့ လိုအပ်ပါတယ်။ အားလုံးသိကြ
တဲ့အတိုင်း လူတော်တော်များများဆီမှာ ဘဏ်ငွေ စာရင်းတွေ ရှိမနေပါဘူး။ ဒီဝန်ဆောင်မှု ရဲ ့ ထူး
ခြားမှုက ဘဏ်ငွေစာရင်းရှိဖို့ မလိုအပ်တဲ့အတွက် အားလုံးတွင်တွင်ကျယ်ကျယ် အသုံးပြုကြမယ်
လို့တော့ ယုံကြည်ပါတယ်။ မြန်မြန်စတင်ပြီး ဒီဝန်ဆောင်မှုကို ဒီနှစ်ထဲပြည်သူလူထုကို မိတ်ဆက်
နိုင်ဖို့လည်း အထူးကြိုးပမ်းနေ ပါတယ်" ဟု ၎င်းက ပြောသည်။
အဆိုပါ၀န်ဆောင်မှုကို ဆောင်ရွက်ရန် အတွက် အရောင်းကိုယ်စားလှယ်ကို ခန့်ထားခြင်းများကို
စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ကိုယ်စားလှယ်များက သုံးစွဲလိုသူများ၏ ပိုက်ဆံကို မိုဘိုင်း ဖုန်း
ထဲသို့ အီလက်ထရွန်းနစ်ပိုက်ဆံ အဖြစ် ပြောင်းလဲပေးမည်ဖြစ်ပြီး ငွေလက်ခံသူနေထိုင်ရာအရပ်နှင့်
အနီးဆုံး ကိုယ်စားလှယ်ထံတွင် ငွေသားအဖြစ် သွားရောက်ထုတ်ယူနိုင် မည်ဖြစ်သည်။
သုံးစွဲရာတွင် စာတိုပို့ သည့် မြန်ဆန်မှုနှုန်းဖြင့် အချိန်မရွေး နေရာမရွေး ငွေပို့ငွေလွှဲ ဆောင်ရွက်
နိုင်မည်ဖြစ်သည်။
















