စမတ်ဖုန်းတွေကို ဘာသာပြန်ပေးသူအဖြစ် ဂူးဂဲလ်က ပြောင်းလဲ

စမတ်ဖုန်းတွေကို ဘာသာပြန်ပေးသူအဖြစ် ဂူးဂဲလ်က ပြောင်းလဲ

ဂူးဂဲလ်ဟာ စမတ်ဖုန်းတွေကို အရေးအပြောနှစ်မျိုးစလုံးအတွက် အချိန်နှင့်တစ်ပြေးညီ ဘာသာပြန်
ပေးသူတွေအဖြစ် ဇန်နဝါရီလ ၁၄ ရက်နေ့ကစပြီး ပြောင်းလဲပေးလိုက်ပါပြီ။

ခရီးသွားရာမှာ လူတွေအစစအရာရာအဆင်ပြေစေဖို့အတွက်အပြင် မိခင်ဘာသာ စကားမဟုတ်တဲ့
တခြားဘာသာစကားအမျိုးမျိုးကို ပြောဆိုကြသူတွေနဲ့ ဆက်ဆံကြ ရတဲ့ ကျောင်းဆရာတွေ၊ ဆေး
ပညာဆိုင်ရာဝန်ထမ်းတွေ၊ရဲတွေနဲ့ တခြားသူတွေအတွက် Google Translate (ဂူးဂဲလ်ဘာသာပြန်)
ဟာ အသုံးဝင်တဲ့အရာတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကယ်လီဖိုးနီးယားအခြေစိုက် အင်တာနက် ကုမ္ပ
ဏီကြီး ဂူးဂဲလ်ကမျှော်လင့်ထားပါတယ်။ အန်းဒရွိုက် ဒါမှမဟုတ် အက်ပဲလ်စမတ် ဖုန်းတွေကို ပြင်
သစ်၊ ဂျာမနီ၊ အီတလီ၊ ပေါ်တူဂီ၊ ရုရှား ဒါမှမဟုတ် စပိန်ဘာသာနဲ့ ရေးထားတဲ့ လမ်းညွှန် ဆိုင်း
ဘုတ်တွေ၊ မီနူး တွေ၊ ဟင်းချက်နည်းတွေ ဒါမှမဟုတ် တခြား သတင်းအချက်အလက်တွေကို
အင်္ဂလိပ် ဘာသာနဲ့ ဖတ်ရှုနိုင်စေမယ့်အရာအဖြစ် လူ တွေ တစ်စိတ်တစ်ဒေသအားဖြင့် အသုံးပြု
လာကြစေမယ့် ဂူးဂဲလ်ဘာသာပြန်အခမဲ့ဆော့ဖ်ဝဲ ဗားရှင်းအသစ်ကို ဂူးဂဲလ်က စတင် မိတ်ဆက်
ပေးလိုက်ပါပြီ။

"ကင်မရာကို အသုံးပြုပြီး တခြားဘာသားစကားနဲ့ရေးထားတဲ့ စာသားတွေကို အင်္ဂလိပ် ဘာသာနဲ့
ဖတ်ရှုနိုင်ဖို့အတွက် ချက်ချင်း ဘာသာပြန်ပေးနိုင်အောင် သုံးစွဲသူတွေ အတွက် ကျွန်တော်တို့ စီစဉ်
ပေးထားတာပါ။ ဒါကြောင့် အီတလီကျေးလက်ဒေသက လမ်းညွှန်ဆိုင်းဘုတ်တွေကို ကြည့်ပြီး
အလွယ် တကူ ခရီးသွားနိုင်ကြမှာဖြစ်သလို စပိန်နိုင်ငံ ဘာစီလိုနာက မီနူးမှာ ဘယ်စားစရာကို
မှာရင် ကိုယ့်အတွက် အဆင်ပြေမလဲဆိုတာ ကိုလည်း အလွယ်တကူ ဆုံးဖြတ်ချက်ချနိုင် မှာပါ"
လို့ ဂူးဂဲလ် ဘာသာပြန်အဖွဲ့က ဘလော့ ပို့စ်တစ်ခုမှာ ရေးထားပါတယ်။ ဗီဒီယိုဂိမ်းတီထွင်သူ
တစ်ဦးဖြစ်ခဲ့ဖူးတဲ့ Otavio Good က စတင်တည်ထောင်ခဲ့တဲ့ Otavio Good ကို ၀ယ်ယူခဲ့စဉ်
ပြီးခဲ့တဲ့နှစ်မှာ ဂူးဂဲလ်က ရရှိခဲ့တဲ့ Word Lens နည်းပညာနဲ့ ဒီဆော့ဖ်ဝဲကို ဖန်တီးထားတာပါ။

မြင်ကွင်းတွေကို စကန်ဖတ်၊ စာသားတွေ ကို ရွေးထုတ်ခွဲဲခြားပြီး အင်္ဂလိပ်ဘာသာနဲ့ ပြန်ရေးသား
ဖော်ပြဖို့အတွက် စမတ်ဖုန်းကင်မရာတွေမှာရှိတဲ့ ဗီဒီယိုစနစ်ကို Word Lens မှာ အသုံးပြုထားတာ
ပါလို့ Good ရဲ့ ရှင်းလင်း ချက်မှာ ဖော်ပြထားပါတယ်။ "စားသောက်ဆိုင်တစ်ဆိုင်ဆိုင်က မီနူး ကို
ကြည့်လိုက်တဲ့အခါ ဘာတွေပါသလဲဆိုတာ သိရရင် အစားအစာတွေကို ကိုယ့်စိတ်ကြိုက် မှာစား
နိုင်တာပေါ့"လို့ အီတလီခေါက်ဆွဲ ပါစတာချက်ပြုတ်နည်းတစ်ခုကို စကန်ဖတ် ပြီး ဘာသာပြန်ဖို့
သူ့အိုင်ဖုန်းကို အသုံးပြုခဲ့တဲ့ ွသသိ က ပြောပါတယ်။

ဂူးဂဲလ်ဘာသာပြန်မှာရှိတဲ့ Word Lens ကို အသုံးပြုရာမှာ ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီတွေ
ကို ဒေတာစီးဆင်းခပေးစရာမလို အောင် အင်တာနက်ချိတ်ဆက်မှုနဲ့ သီးခြား လုပ်ထားပါတယ်လို့
လည်း သူက ရှင်းပြပါ တယ်။ ဂူးဂဲလ်ဘာသာပြန်ဆော့ဖ်ဝဲအသစ်မှာ ဘာသာစကားမတူတဲ့သူနှစ်ဦး
စကားပြောဆိုရာမှာ နှစ်ဖက်စလုံးကို ဘာသာပြန်ပေးနိုင်အောင် အသံကို သိရှိနိုင်တဲ့ စနစ်နဲ့ အင်
တာနက်ကလောက်ဒ်အစွမ်းကို အသုံးပြုထားတဲ့ စကားပြောစနစ် (conversation mode) လည်း
ပါ၀င်ပါတယ်လို့ ရှင်းလင်းချက်မှာ ဖော်ပြထားပါတယ်။

ဒီစနစ်အတွက် ဘာသာစကား ၃၈ မျိုးက နှစ်မျိုးကို အပြန်အလှန်ဘာသာပြန်ဆိုဖို့ ရွေးချယ်နိုင်ပြီး
နှစ်ဖက်အပြန်အလှန်ပြောဆိုနေတဲ့အသံတွေကို စမတ်ဖုန်းက နားထောင် ကာ အပြန်အလှန်
ဘာသာပြန်ပေးပါတယ်။ ပြောစကားတွေကို အလိုအလျောက်ဘာသာပြန်ပေးနေတဲ့အချိန်မှာ
အရေးနဲ့ ဘာသာ ပြန်ချက်တွေကိုလည်း စမတ်ဖုန်း စကရင်မှာ ဖော်ပြပေးနေပြီး အဲဒီ စာသားတွေ
ကိုလည်း save လုပ်ပြီး သိမ်းထားနိုင်ပါတယ်။ အပြန်အလှန်ပြောစကားတွေကို ဘာသာ ပြန်ပေး
ဖို့အတွက်ကွန်ပျူတာလုပ်ငန်းလည်ပတ်မှုဟာ ဂူးဂဲလ်ဆာဗာကနေလာတာဖြစ်တဲ့ အတွက် ၀ိုင်ဖိုင်
ဒါမှမဟုတ် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းတွေကနေတစ်ဆင့် အင်တာနက်နဲ့ ချိတ်ဆက်
အသုံးပြုဖို့ လိုပါ တယ်။ ဂူးဂဲလ်က ဂူးဂဲလ်ဘာသာပြန်ဆော့ဖ်ဝဲ တည်ဆောက်ရေးအဖွဲ့ဟာ နောက်
ထပ်တခြား ဘာသာစကားတွေအတွက် ဘာသာပြန်ဆိုပေးနိုင်ဖို့နဲ့ စွမ်းဆောင်နိုင်မှုတွေ ပိုရှိလာ
အောင် ကြိုးပမ်းဆောင်ရွက်နေကြပါတယ်လို့ Good က ပြောပါတယ်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်