မြန်မာနိုင်ငံတွင် အီလက်ထရွန်းနစ် မိုဘိုင်းဖုန်းငွေဖြည့်စနစ် (E-Top Up) ကို Orange
Supermarket က u Red dot Network နှင့်ပူးပေါင်းကာ ခဲခြစ်ကတ်များဖြင့် မိုဘိုင်းဖုန်း
ငွေဖြည့်ရသည့်စနစ်မှ ခွဲထွက်လာသည့် ပထမခြေလှမ်းတစ်ရပ်ကို သုံးစွဲသူများအား ဇန်နဝါရီလ
၂၂ ရက်နေ့မှ စတင်ကာ မိတ်ဆက်ပေးခဲ့သည်။
အဆိုပါစနစ်အရ & Orange E-Top Up ကတ်သည် ရန်ကုန်မြို့ရှိ Orange Supermarket
ဆိုင်တိုင်းတွင် ၀ယ်ယူ ရရှိနိုင်မည်ဖြစ်ပြီး ငွေဖြည့်ကတ်များအနေဖြင့် အမ်ပီတီ၊ အူရီးဒူး၊ တယ်
လီနော၊ မက်တဲယ်လ်၊ ရက်ဒ် လင့် စသည်ဖြင့် ၅၀၀၀ ကျပ်တန်၊ ၁၀၀၀၀ ကျပ်တန် အစားစား
၀ယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ၀ယ်ယူပြီး ကတ်ကို Checkout ကောင်တာသို့
ယူဆောင်ကာ ကောင်တာဝန်ထမ်းကကတ်ကို Scan လုပ်စေမည်ဖြစ်ပြီး ငွေရပြေစာနှင့်
ပင်နံပါတ်ပါ ပြေစာနှစ်ရွက်ကို ၀ယ်ယူသူထံ ပြန်လည်ပေးအပ်ကာ ပင်နံပါတ်ကို ဖုန်းအတွင်း
သို့ ရိုက်ထည့်ပေးခြင်းဖြင့် ငွေဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း Orange ကောင်တာ ၀န်ထမ်းမှ
အသုံးပြုပုံကို ရှင်းပြသည်။
"ငွေဖြည့်ကတ်မျိုးစုံကို ကိုင်တွယ်ဖြေရှင်းစရာမလိုတော့ဘဲ အကောင်းဆုံးကတော့ အခုချိန်မှာ
ကျွန်တော်တို့ရဲ့ ငွေဖြည့်ကတ်တွေကို အကန့်အသတ်မရှိ ရရှိနိုင်ပြီဆိုတာပါပဲ၊ ဒီနည်းပညာကို
ပထမဆုံးအသုံးချတဲ့သူအဖြစ်၊ မြန်မာနိုင်ငံမှာရှိတဲ့ အခြားဘယ်ဈေးဆိုင်လုပ်ငန်းမှာမှ ဒီစိတ်လှုပ်
ရှားဖွယ်မိုဘိုင်းငွေဖြည့်တဲ့ အတွေ့အကြံု အသစ်ကို မရရှိခင်မှာ ကျွန်တော်တို့အနေနဲ့ ဒီစနစ်ကို
သုံးစွဲသူတွေအတွက် ဆောင်ရွက်ပေးနိုင်ခြင်းကို ၀မ်းမြောက်မိပါတယ်"ဟု Orange
Supermarkets ၏ Merchandising Director ဦးပြည့်ဖြိုးလတ်က ပြောသည်။
"မြန်မာနိုင်ငံမှာ လက်လီအရောင်းလုပ်ငန်းတစ်ခုအနေနဲ့ Red Dot စနစ်ကို အသုံးပြုဆောင်ရွက်
တဲ့ ဥမညေါန နဲ့ မိတ်ဖက်အဖြစ် လက်တွဲခွင့်ရတာကို အင်မတန်စိတ်လှုပ်ရှား ကျေနပ်မိပါတယ်။
ကျွန်တော်တို့ရဲ့ လုပ်ငန်း တွေကို ချဲ့ထွင်လာမှုနဲ့အတူ ျွနိ ီသအ အနေနဲ့ မြန်မာနိုင်ငံမှာ အီလက်
ထရွန်းနစ်မိုဘိုင်းဖုန်း ငွေဖြည့်စနစ်နဲ့ ငွေပေးချေမှုဆိုင်ရာ ၀န်ဆောင်မှုတွေကို ပထမဆုံး ဖြေရှင်း
ဆောင်ရွက်ပေးသူအဖြစ် ရပ်တည်နိုင်ဖို့ ရည်ရွယ် ထားပါတယ်"ဟု Red Dot Network ၏
Chief Marketing Officer ဖြစ်သူ Andy Whelan က ပြောသည်။
ထိုစနစ်ကို အီလက်ထရွန်းနစ် ငွေပေးချေမှုဆိုင်ရာ ၀န်ဆောင်မှုများ ဆောင်ရွက်ပေးသော Red
Dot Network က ဖန်တီးထားပြီး အီလက်ထရွန်းနစ်မိုဘိုင်းဖုန်းငွေဖြည့်စနစ်ကို သုံးစွဲသူများ
အနေဖြင့် အဆင်ပြေချောမွေ့စွာ ၀ယ်ယူသုံးစွဲနိုင်ရန်နှင့် Red Dot Platform ကို အသုံးပြု၍
လက်လီအရောင်းလုပ်ငန်းများ ကွန်ယက်က တစ်ဆင့် အခြားကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှု
များကို အသုံးပြုနိုင်ရန် နည်းပညာဝန်ဆောင်မှုများ ပေးလျက် ရှိသော မြန်မာကုမ္ပဏီတစ်ခုလည်း
ဖြစ်သည်။
















