စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တွင် ဖေဖော်ဝါရီ ၂၆ ရက်ကကျင်းပသော ကမ္ဘာ့မိုဘိုင်းကွန်ဂရက် (GSMA
- World Mobile Congress) တွင် တရုတ်နိုင်ငံ ဟွာဝေး နည်းပညာကုမ္ပဏီက Leica ကုမ္ပဏီနှင့်
ပူးပေါင်းထုတ်လုပ်ထားသော P10 နှင့် P10 Plus စမတ်ဖုန်းများကိုမိတ်ဆက်ပြသခဲ့သည်။
နိုင်ငံတကာစျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမည့် ဟွာဝေး P10 နှင့် P10 Plus စမတ်ဖုန်းများကို
ဥရောပတွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့မိုဘိုင်းဆက်သွယ်ရေး နည်းပညာဆိုင်ရာပွဲတော်တွင်
ပထမဆုံးအကြိမ်ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။
P10 နှင့် P10 Plus ဖုန်းများကို နာမည်ကျော် Leica ကင်မရာကုမ္ပဏီနှင့်ပူးပေါင်းပြီး စမတ်ဖုန်း
ဓာတ်ပုံရိုက်ကူးမှုနည်းပညာကို အထူးဦးစားပေးထုတ်လုပ်ထားသည်။
စမတ်ဖုန်းမျက်နှာပြင်နှင့် ဖုန်းအသုံးပြုရာတွင် ထူးခြားအရောင်များ ခံစားသိရှိနိုင်ရန် Pantone
Color Institute နှင့် ပူးပေါင်းပြီး၊ P10 နှင့် P10 Plus စမတ်ဖုန်းများကို အစိမ်းပုပ်ရောင်ဖြင့် ထူးထူး
ခြားခြားထုတ်လုပ်ထားသည့်ပြင် ကြွေဖြူရောင်၊ ရွှေရောင် (အတောက်)၊ ရွှေရောင် (အမှိန်)၊ ခဲနက်
ရောင်၊ ရွှေရောင်(နှင်းဆီ)နှင့် ငွေရောင် စသည့်အရောင်ခြောက်မျိုးဖြင့်လည်း ထုတ်လုပ်ထားသည်။
P10 နှင့် P10 Plus စမတ်ဖုန်းများတွင် ဓာတ်ပုံရိုက်ကူးမှုများအတွက် 3D Facial Detection စနစ်
ပါဝင်ပြီး ကင်မရာစနစ်တွင် အလင်းရောင်များခြင်းနှင့် အလင်းရောင်နည်းသည့်အခြေအနေတွင်
ရိုက်ကူးနိုင်မည့် Leica Dual-Camera 2.0 ပါဝင်သည်။ ဓာတ်ပုံများရိုက်ကူးရာတွင် ပုံရိပ်အရည်
အသွေးနှင့် ပုံ၏လိုအပ်သောနေရာများကို ကြည်လင်ပြတ်သားစွာ ပုံဖော်ရိုက်ကူးနိုင်ရန်
Hybrid Zoom ထည့်သွင်းထားသည်။
ဟွာဝေး P10 နှင့် P10 Plus စမတ်ဖုန်းများကို တရုတ်နိုင်ငံနှင့် ဥရောပစျေးကွက်တွင် မတ်လမှစ၍
လည်းကောင်း၊ အာရှ၊ လက်တင်အမေရိက၊ တောင်အာဖရိကနှင့် ရုရှားနိုင်ငံများတွင် ဧပြီလမှစ၍
လည်းကောင်းရောင်းချမည်ဖြစ်သည်။
aစျးနှုန်းများမှာ P10 ကို ယူရိုငွေ ၆၄၉ (မြန်မာငွေ ကျပ်ကိုးသိန်းခွဲနီးပါး) နှင့် P10 Plus တွင် မန်မိုရီ
အရွယ်အစားအလိုက် ယူရို ၆၉၉ နှင့် ရ၉၉ သတ်မှတ်ထားသည်။

















