အဆင့်မြင့် VSAT နည်းပညာကို KBZ Gateway စတင်အသုံးပြု

အဆင့်မြင့် VSAT နည်းပညာကို KBZ Gateway စတင်အသုံးပြု

ကမ္ဘောဇအုပ်စုကုမ္ပဏီများအဖွဲ့ဝင်ဖြစ်သော KBZ Gateway ကုမ္ပဏီလီမိတက်သည် ကမ္ဘောဇဘဏ်
ခွဲများလုပ်ငန်းလည်ပတ်မှုနှင့် စွမ်းဆောင်ရည်တို့ကိုမြှင့်တင်ပေးရန်အတွက် Very Small
Aperture Terminal (VSAT) ဂြိုဟ်တုနည်းပညာကို အသုံးပြုဆောင်ရွက်နေပြီဖြစ်ကြောင်း
ဖေဖော်ဝါရီ ၂၈ ရက်က ုKBZ Group က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကမ္ဘောဇဘဏ်ခွဲများနှင့် ချိတ်ဆက်မှုကွန်ရက်စနစ်သည် ထိရောက်သောကုန်ကျစရိတ်ဖြင့်
လုပ်ငန်းလည်ပတ်မှု ပိုမိုကောင်းမွန်လာစေမည့်အပြင် ၉၉ ဒသမ ၉၇ ရာခိုင်နှုန်းပြတ်တောက်ခြင်း
မရှိ စိတ်ချရသောအဆင့်မြင့်ကွန်ရက်ချိတ်ဆက်မှုတို့အပါအဝင် ဗဟိုအချက်အလက်သိမ်းဆည်းရာ
ဌာနသို့ချိတ်ဆက်ရန် ပင်မနှင့်အရန်ချိတ်ဆက်မှုလမ်းကြောင်းများပါရှိသောကြောင့် ကွန်ရက်တည်
ငြိမ်မှု၊ အရည်အသွေးပြည့်ဝန်ဆောင်မှု ပေးအပ်နိုင်မှု၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်
များ ပိုမိုကောင်းမွန်မှုရရှိလာမည်။

ထို KBZ Gateway သည် ခေတ်မီဆန်းသစ်သော ဂြိုဟ်တုဆက်သွယ်ရေး မြေပြင်အခြေစိုက်စခန်း
ကို ပဲခူးတွင် တည်ဆောက်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်