Angry Birds ဖန်တီးသူရဲ့လက်ရာသစ် Battle Bay

Angry Birds ဖန်တီးသူရဲ့လက်ရာသစ် Battle Bay

MOBA လို့အတိုကောက်ခေါ်တဲ့ Multiplayer Online Battle Arena ဂိမ်းတွေခေတ်စားလာတဲ့
အချိန်မှာ နာမည်ကျော်ဂိမ်းထုတ်လုပ်သူ Rovio က သာမန်ထက်ထူးခြားတဲ့ အိုင်ဒီယာနဲ့ ဒီပြိုင်ပွဲ
ထဲကိုဝင်ပါလာခဲ့ပါတယ်။

Rovio က အများသိတဲ့ Angry Birds ဂိမ်းနဲ့ အောင်မြင်မှုရခဲ့တဲ့ ဖင်လန်အခြေစိုက်ကုမ္ပဏီဖြစ်ပါ
တယ်။ Angry Birds ရဲ့ အောင်မြင်မှုအပေါ် သာယာမနေဘဲ မတူညီတဲ့ Gameplay တွေကို စဉ်
ဆက်မပြတ်စမ်းသပ်နေတဲ့ ကုမ္ပဏီပါ။

အခု Battle Bay ဂိမ်းဟာ အသစ်ထွက်ရှိလာတဲ့ MOBA မိုဘိုင်းဂိမ်းဖြစ်ပြီး ထူးခြားချက်ကတော့
သင်္ဘောတွေကို အဓိကဇာတ်ကောင်အဖြစ် ဖန်တီးထားခြင်းပါ။ ချစ်စရာကောင်းတဲ့သင်္ဘောအရာရှိ
Crew တစ်သိုက်နဲ့ တိုက်ပွဲဝင်သင်္ဘောလေးတွေဟာ ခပ်မိုက်မိုက်သူရဲကောင်းတွေကို အဓိကထား
တဲ့တခြားဂိမ်းတွေနဲ့ ကွာခြားပါတယ်။ Rovio ရဲ့ ရိုးရာမပျက်ချစ်စရာကောင်းတဲ့ သရီးဒီသင်္ဘော
လေးတွေနဲ့ နောက်ခံပတ်ဝန်းကျင်က ဂိမ်းကစားသူတွေကို အန်နီမေးရှင်း ဇာတ်ကားတစ်ခုထဲ
ရောက်သွားသလို ခံစားရစေမှာပါ။

ကျွန်းစုအနည်းငယ်ကို ပတ်လည်ဝိုင်းနေတဲ့ပင်လယ်ထဲမှာ တစ်ဖက်ငါးယောက်စီပါဝင်တဲ့တိုက်ပွဲ
တွေဆင်နွှဲရမှာဖြစ်ပါတယ်။ တိုက်ပွဲတည်နေရာကို ရှစ်မျိုးအထိတွေ့ရနိုင်ပြီး ကျပန်းရွေးချယ်ပေးမှာ
ဖြစ်လို့ ကိုယ်ကြိုက်တဲ့နေရာမှာပဲ အမြဲဆော့နေလို့ မရပါဘူး။

အနိုင်ရဖို့လုပ်ဆောင်ရမှာက နှစ်မျိုးရှိပြီး တစ်ဖက်အသင်းကို နှစ်မြှုပ်ပစ်ဖို့နဲ့ သတ်မှတ်နေရာကို
၁ဝဝ ရာခိုင်နှုန်းပြည့်တဲ့ထိ သိမ်းပိုက်ထားဖို့ပါ။ ပြောရရင်တော့ လွယ်တယ်ထင်ရမယ်။ ဒါပေမဲ့
အွန်လိုင်းပေါ်မှာကျပန်းတွဲပေးတဲ့ အသင်းဖော်တွေနဲ့ နားလည်မှုတည်ဆောက်ပြီး တစ်ဖက်အသင်း
ကိုအနိုင်ယူဖို့က မာလ်တီပလေယာ အွန်လိုင်းဂိမ်းတွေ ထုံးစံအတိုင်းအမြင့်ရောက်လေ ခက်ခဲလေ
ပါ။

သင်္ဘောအမျိုးအစား ငါးမျိုးရွေးချယ်နိုင်ပြီး သူ့အားသာချက်နဲ့သူရှိပါတယ်။ တစ်ဖက်အသင်းရဲ့ တိုက်
စစ်ကို Health point များများနဲ့ခံပစ်ပေးမယ့်သူ၊ ကိုယ့်အသင်းရဲ့ ဒဏ်ရာတွေကို ကုသပေးမယ့်သူ၊ လျင်လျင်မြန်မြန်နဲ့ ရှောင်တိမ်းပစ်ခတ်မယ့်သူ စသဖြင့် ကိုယ်ပိုင်နိုင်တဲ့ပုံနဲ့ကစားနိုင်တယ်။ လက်
နက်နဲ့ပစ္စည်းကိရိယာတွေကလည်း မျိုးစုံပါဝင်ပြီး ကိုယ့်ဗျူဟာနဲ့ ကိုက်ညီတဲ့လက်နက်ကို ရွေးချယ်
မှ တိုက်ပွဲမှာအနိုင်ရမှာပါ။ သတိထားရမှာက respawn မရှိဘဲ သင်္ဘောပျက်တာနဲ့ တစ်ပွဲပြီးသွား
မှာပါ။

ကစားသူရဲ့  Level တင်ဖို့က Crew တွေရဲ့  ability တွေကို လေ့ကျင့်ပေးရမှာပါ။ Ability များများ
unlock ဖြစ်ရင် Level တက်တာမြန်ပါတယ်။ သင်္ဘောတွေမှာ ပိုကြီးတဲ့လက်နက်တွေ၊ ကိရိယာ
တွေ တပ်ဆင်ချင်ရင်တော့ level များမှရမှာပါ။

Battle Bay ရဲ့ ရုပ်ထွက်ပိုင်းဟာ အန်နီမေးရှင်းကားကြည့်နေရသလို နှစ်လို့ဖွယ်ကောင်းပါတယ်။
ကစားရတဲ့ပုံကလည်း Pay-to-Win ပုံစံမဟုတ်ဘဲ စွဲစွဲမြဲမြဲကစားတဲ့သူက ပိုပြီးကောင်းလာနိုင်တဲ့
ပုံစံမျိုးမို့ မိုဘိုင်း MOBA ပရိသတ်ဆိုရင် စမ်းသပ်ကစားကြည့်ဖို့ သင့်တော်လှပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်