စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တွင် ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပသော ကမ္ဘာ့မိုဘိုင်းဖုန်းကွန်ဂရက်
တွင် နိုကီယာ (Nokia) က အန်းဒရွိုက်စမတ်ဖုန်းသုံးမျိုးကို မိတ်ဆက်ပြသခဲ့ကြောင်း နိုကီယာ၏
ဌာနချုပ်ရုံး HMD Global က သတင်းထုတ်ပြန်ထားသည်။
မိတ်ဆက်ပြသခဲ့သည် အန်းဒရွိုက်စမတ်ဖုန်းသစ်များမှာ Nokia 6, Nokia 5 နှင့် Nokia 3 တို့ဖြစ်ပြီး
Android 7.1.1 Naugat ကိုအသုံးပြုထားကာ GSM, HSPA နှင့် LTE ကွန်ရက်ကို အသုံးပြုနိုင်ပြီး မူလလက်ဟောင်းကို ပြန်လည်ဆန်းသစ်ထားသည့် Nokia 3310 ကိုလည်း မိတ်ဆက်ပြသခဲ့သည်။
Nokia 6
Nokia 6 ကို ၅ ဒသမ ၅ လက်မ Full HD မျက်နှာပြင်တို့ဖြင့်ဖန်တီးထားပြီး ဖုန်း၏ကိုယ်ထည်ကို
အလူမီနီယမ်အတုံးတစ်တုံးမှဖြတ်ထုတ်ကာ ထုထွင်းထားခြင်းဖြစ်သည်။
ထို့ပြင် စပီကာနှစ်လုံးပါသော စမတ်အသံချဲ့စက်ပါဝင်ပြီး Dolby Atmos ပါဝင်သည့်အတွက်
အကောင်းဆုံးဖျော်ဖြေရေးစနစ်လည်း ရရှိနိုင်မည်ဖြစ်သည်။ ကင်မရာအရည်အသွေးမှာ အဓိက
ကင်မရာ ၁၆ မဂ္ဂါပစ်ဇယ်နှင့် အရှေ့ကင်မရာ ၈ မဂ္ဂါပစ်ဇယ်တို့ဖြစ်ပြီး 3GB RAM နှင့် Storage 32
GB ပါဝင်ကာ 128GB အထိထပ်တိုးအသုံးပြု နိုင်မည့် SD card slot လည်းပါဝင်ပြီး မီးခိုးရောင်၊
ငွေရောင်၊ သတ္တုပြာရောင်၊ ကြေးနီရောင်ဟူ၍ ထုတ်လုပ်ထားကာ ကမ္ဘာတစ်ဝန်းလက်လီစျေး
၂၂၉ ယူရိုဖြင့် ရရှိနိုင်မည်ဖြစ်သည်။
ထို့ပြင် ကမ္ဘာအနှံ့ကို ဖြန့်ဖြူးမည့် Nokia 6 ကို ဂုဏ်ပြုသောအားဖြင့် 64 GB Storage နှင့် 4GB
RAM ပါဝင်သော Nokia 6 Arte Black ကို အထူးထုတ်လုပ်ထားသည်။

Nokia 5
နိုကီယာ၏ Nokia 5 စမတ်ဖုန်းသည် မျက်နှာပြင် ၅ ဒသမ ၂ လက်မ အရွယ်အစားရှိသည့် IPS
HD Display ဖန်သားပြင်နှင့်လိုက်ဖက်ညီအောင်ထုတ်လုပ်ထားပြီး 2GB RAM နှင့် Storage 16GB
ကိုအသုံးပြုထားကာ Storage 128GB အထိထပ်တိုးအသုံးပြုနိုင်မည့် Micro SD card slot လည်း
ပါဝင်သည်။
အဓိကကင်မရာ 13MP ဖြစ်ပြီး အရှေ့ကင်မရာ 8MP အရည်အသွေးရှိကာ ဖုန်းကို မီးခိုးရောင်၊ ငွေ
ရောင်၊ သတ္တုပြာရောင်၊ ကြေးနီရောင်ဟူ၍ အရောင်လေးမျိုးဖြင့်ထုတ်လုပ်ထားပြီး ပျှမ်းမျှ ၁၈၉ ယူရို
ဖြင့်ရရှိနိုင်မည်ဖြစ်သည်။

Nokia 3
မျက်နှာပြင်အရွယ်အစားငါးလက်မရှိပြီး Corning Gorilla ဖန်သားအသုံးပြုထားကာ 8MP ကင်မရာ
များကို အရှေ့အနောက်အသုံးပြုထားသည်။ RAM 2GB နှင့် Storage 16 GB ပါဝင်ပြီး Storage
128GB အထိထပ်တိုးအသုံးပြုနိုင်မည့် Micro SD card slot လည်းပါဝင်သည်။
အဆိုပါစမတ်ဖုန်းကို မီးခိုးရောင်၊ ငွေရောင်၊ သတ္တုပြာရောင်၊ ကြေးနီရောင်ဖြင့် ထုတ်လုပ်ထားပြီး
ပျမ်းမျှလက်လီစျေး ၁၃၉ ယူရိုဖြင့် ရရှိနိုင်မည်ဖြစ်သည်။

Nokia 3310
မူလလက်ဟောင်းကို ပြန်လည်ဆန်းသစ်ထားကာ ပါးလွှာပေါ့ပါးပြီး အထူးအကြမ်းခံအောင်ဖန်တီး
ထားသည့်အပြင် အနီရောင်၊ အဝါရောင်၊ အပြာရင့်ရောင်နှင့် မီးခိုးရောင်ဟူ၍ အရောင်လေးမျိုးဖြင့်
ထုတ်လုပ်ထားကာ ပျမ်းမျှ ၄၉ ယူရိုဖြင့်ရရှိနိုင်မည်ဖြစ်သည်။
အဆိုပါ ကမ္ဘာ့မိုဘိုင်းဖုန်းကွန်ဂရက်တွင် စမတ်ဖုန်းများကို မိတ်ဆက်ပြသခဲ့သည့်အပြင် စမတ်ဖုန်း
နှင့်လိုက်ဖက်ညီမည့်ပစ္စည်းများဖြစ်သော နားကြပ်၊ Bluetooth စပီကာ၊ ကားအတွင်းထည့်သွင်း
အသုံးပြု နိုင်မည့် အားသွင်းစက်၊ ဖုန်းကာဗာများနှင့် မျက်နှာပြင်အကာအကွယ်များကိုလည်း
မိတ်ဆက်ပြသခဲ့သည်။

















